“ယဉ်ကျေးမှုကိုယ်ခံအားကောင်းသော နိုင်ငံတစ်ခုတွင် မွေးဖွားခဲ့သော်လည်း ပူးပေါင်း ဆောင်ရွက်မှု အလေ့အထအားနည်းသည့် လူမျိုးများကြားတွင် လူဖြစ်လာရခြင်းမှာ အတိ ဒုက္ခကြီး မားလှပါသည်၊၊စဉ်းငယ်မျှကွဲပြားသော ဓလေ့ထုံးစံတို့ ကို အရေးကြီး ခွင်ကျယ်ငြင်းခုန် ကြရင်း သင်းကွဲကြပုံမှာလည်း စက်ဆုပ်စရာပင်၊ ကိုယ်ပိုင်အတ္တကို ပုံဖော်ဖို့ ကြိုးစားရင်း တန် ဖိုးကျဆင်းနေသည့် လူတန်းစားတစ်ရပ်တွင် မိမိတို့ ပါဝင်လာရသည်ကို သတိမမူကြ၊ ကိုယ့် သမိုင်း ကိုယ်ရေးသည်ဟု အဆိုရှိကြသော်လည်း ထိုအရာနှင့် ပတ်သက်ဆက်စပ်၍တွေးခေါ် ရန်မူ အလွန့် အလွန် ၀န်လေးတတ်ကြလေသည်၊နည်းပညာကမBာကြီး၏ လည်ပတ် မှုတွင် အရည်အသွေးမရှိသည့် လုပ်အားကိုဈေးပေါပေါနှင့် ရောင်းချရင်း ရေသာခိုသည့် အကျင့် ကိုလည်း နှစ်ခြိုက်လာကြသည်”
တာရာမင်းခိုက်(တောင်ကိုရီးယား)
ကျနော် ရှေ့ ဆက်မဖတ်နိုင်တော့ပါ၊၊ ထိုစာသားလေးကိုပဲ ထပ်ထပ်ကာ ထပ်ထပ်ကာ ဖတ်နေမိသည်၊၊ အနာပေါ် တုတ်ကျသလို ခံစားရသည်ထက် ပိုသည့် ခံစားမှုဝေဒနာတွေက ကျနော်၏ တကိုယ်လုံးကို ဖြန့် ကျက်လျှက်ရှိသည်၊၊ ဝေးခွဲမရနိုင်သည့် တွေဝေမှုတွေက ရှက်ရ မှာလား၊ သံဝေဂယူရမှာလား မဆုံးဖြတ်နိုင်ခဲ့၊၊ ဖြတ်သန်းခဲ့ရသော ခရီးတထောက်တွင် ရရှိ ကြုံတွေ့ ခဲ့ရသည့် သင်ခန်းစာတွေက မနည်းလှ၊၊ မှတ်ကျောက်တစ်ခုပေါ်တွင် အတင်ခံ အစစ် ဆေးခံလိုက်ရသည့် သတ္တုပျော့တစ်ခု၏ အရည်အသွေး မမှီမှုတွေက အလိုလိုစိတ်တွင်ပေါ်လာ သည်၊၊ အနည်းဆုံး စာရေးခြင်းဆိုသည်ကပင် မိမိကိုယ်တိုင် စာပေအရာ၌ နှံ့စပ်တတ်ကျွမ်း၍ အမှန်တကယ် နားလည်၍ ရေးနေခြင်းမဟုတ်၊၊ အခြေအနေအရ ခံစားခြင်းဆိုသည့် ဝေဒနာတရပ်ပေါ်တွင် မှီတည်လျှက် သည်ခြေစောင့်နတ်က ၀င်ရောက်ပူးကပ်လာသော လာသောအခါတွင်သာ ရေးဖြစ်သည်၊၊ အခြားအချိန်များတွင် စာရွက်နှင့်ဘောလ်ပင် တို့သည် ၀င်ရိုးစွန် တဘက်စီတွင် ကိန္ဒိရိ ချောင်းခြား ဖြစ်နေသည်၊၊ ခံစားမှုများတိုက်ဆိုင်လာတဲ့အခါ ဖတ်မိတဲ့ အထက်ပါစာပိုဒ်လေးကို ဗမာဘာသာမှ မြန်မာဘာသာသို့  ပြန်ဆိုမိသည်၊၊ မိမိ ကိုယ်မိမိလည်း အားမနာတန်း မှတ်ကျောက်ပေါ်တွင် ပွတ်တိုက်ကြည့်မိလိုက်သည်၊၊ ထိုအခါ သတ္တုပျော့တစ်ခု၏ အရေခြုံထားမှုတို့ သည် အဖက်လိုက် အဖက်လိုက် ကွာကျလာသည်ကို အောက်ပါအတိုင်းတွေ့ ရလေသည်၊၊
ပူးပေါင်းဆောင်ရွက်မှု အလေ့အဓအားနည်းသည့် ဆိုသည့်အချက်ကို မိမိဘာသာ ဆန်းစစ်ကြည့်မိသည်၊၊ မိမိကို လူအများကချီးကျူးဖော်ရွေနေသည့်အခါ၊ မိမိပြောသမျှကို လက် ခံနေသည့်အခါ၊ တတ်သိနားလည်သည် ၊ နားမလည်သည်ကို အတွင်းကျကျမသိပဲ အပြင်မှ ခန့် မှန်းမြှောက်ပင့်လိုက်သည့်အခါများတွင် စိတ်အတွင်း တွင်ရှိသော“ငါ”ဆိုသည့် အတ္တသည် အပြင်သို့  ခေါင်းပြူကြည့်လျက် “တယ်ဟုတ်ပါလား ဆိုသည့်” ဘ၀င်သည် “ငါ” ဆိုသည့် အတ္တကိုအဖော်ပြုလျှက် တက်တက်ကြွကြွ ပူးပေါင်းရမှာ ပေးသည့်တာဝန်များကို ထမ်းဆောင် ရမှာကို အတင်းစုပြုံလက်ခံလေသည်၊၊ ထိုသည်ကိုပင် တာဝန်ကျေသည် “ငါ”သာလျှင် အဖွဲ့ အကျိုး၊ တိုင်းပြည်အကျိုးဆောင်ရွက်သည်ဟု အထင်ဖြင့် ကျန်သူများကိုလည်း အမြင် မကြည်မလင်ဖြစ်လာသည်၊၊ နှစ်ကာလ၊ အခွင့်အရေးတည်ဟူသော လူဘ၀မှတ်ကျောက်ဖြင့် ထပ်မံပွတ်တိုက်ကြည့်မိလိုက်သောအခါ မှတ်ကျောက်ပေါ်တွင် မွေးရာပါအားနည့်နေသည့် ပူးပေါင်းဆောင်ရွက်မှု ဆိုသည့်စကားလုံးကိုပင် မကြားချင်ဖြစ်လာရပေသည်၊၊
စဉ်းငယ်မျှကွဲပြားသော ဓလေ့ထုံးစံတို့ ကိုရေးကြီးခွင်ကျယ်ငြင်းခုန်ကြရင်း သင်းကွဲ ကြပုံမှာလည်း စက်ဆုပ် စရာပင် ဆိုသည်မှာလည်း မွေးရာပါအားနည်းချက်ကြောင့်ပင်ဖြစ်သည်
အဓိကကျသည့် ပင်မအချက်၏ ပူးပေါင်းခြင်းမှတ်ကျောက်ကို ကျော်လွှားနိုင်ခြင်းမရှိသေးခင်မှာ အချင်းချင်းစုမိလိုက်လျှင် ငြင်းခုန်ကြ၊ ကွဲကြ၊ ပြဲကြ ဆိုတာကလည်း အထူးပြောဖိုမလိုတော့ပြီ၊
တစ်ယောက်၏အမှားကို အပြုသဘောဖြင့် ဝေဖန်ခြင်းထက် အမှားကိုမျက်စေ့မှိတ်ထောက်ပြ သလိုဖြစ်လာသည့်အခါ “ငါ” ဆိုသည့် အတ္တကို စော်ကားသလိုဖြစ်လာသည်၊၊ ထိုအခါ မွေးရာပါ အားနည်း ချက် တို့သည် သည်းခံနိုင်ခြင်းဆိုသည့် သူတော်စင်များသာ စောင့်ထိမ်းနိုင်သည့် ခန္ခှီပါရမီကြီးကို ချိုးဖောက်လျှက် ထွက်ချင်တိုင်းထွက်တတ်သည့် ၀ီစီကံ၏ နောက်သို့  သမာဓိမရှိသော မနောကံသည် ထိမ်းသိမ်းလိုက်ဖို့  အလွန်ပင်နောက်ကျသွားလေ ပြီ၊၊ ထိုကြောင့်ပင် ငြင်းစရာရှိလျှင် အလွယ်ပင် ငြင်းလိုက်သည်၊၊ ကွဲစရာရှိလျှင် အလွယ်ပင် ကွဲ လိုက်သည်၊၊
ကိုယ်ပိုင်အတ္တကို ပုံဖော်ဖို့ကြိုးစားရင်း တန်ဖိုးကျဆင်းနေသည့် လူတန်းစားတစ်ရပ် တွင်မိမိတို့  ပါဝင်လာရသည်ကို သတိမမူကြ၊၊ မိမိကိုယ်မိမိပြန်တွေးရင်း ၀မ်းနည်းမဆုံးဖြစ်မိ သည်၊၊ အချို့ က အမေရိကားရောက်လျှင် လူတန်းစားတန်ဖိုးမြင့်သွားပြီဟု အထင်ရှိကြသည်၊ အမေရိကားတည်းဟူသော နတ်ရေကန်ထဲ စိမ်လိုက်လျှင် ဗမာတည်းဟူသော အမျိုးဂုဏ် ဇာတိဂုဏ်များကို ခ၀ါချပြီးသား မိတ်အင်ယူအက်စ်အေ ရပြီလို့ ထင်နေကြသည်၊၊ တောင်ပိုင်းနှင့် မြောက်ပိုင်း ပြည်တွင်း စစ်ပွဲတွေ ဆင်နွှဲခဲ့ပြီးလူကိုကျွန်အဖြစ်ကူသန်းရောင်းဝယ်ခဲ့ဘူးတဲ့ သွေးမခြောက် သေးတဲ့ နယ်မြေတွေထဲမှာ ဗမာကျွန်ဆိုတဲ့ဝေါဟာရ အသစ်တစ်ခု ဖွင့်ဖို့ ကြိုးစားမိတဲ့ ကျနော့်၏အတ္တကို ဗဟိုပြုတဲ့ အတွေးကိုလည်း ရွံရှာစပ်ဆုတ်မိပြန်သည်၊၊ ယနေ့ တန်ဖိုးကျဆင်းနေတဲ့ ကျနော်တို့ လူမျိုး လူတန်းစားတရပ်ရဲ့ ဂုဏ်ကို ပြန်ဆယ်ဖို့  ကမBာဖြန့်ပြီး ဒုက္ခသည်ဆိုတဲ့ ဂုဏ် ပုဒ်အောက်မှာ ဘယ်နိုင်ငံ ဘယ်ကိုရောက်ရောက် ကျနော်တို့ သွေးတွေ အကုန်လုံးဖောက်ထုတ် အသစ် လဲပစ်လိုက်လည်း ၀င်ကစွပ်ကောင်လို လူတန်းစားလို့  ၀ိသေသဂုဏ်ထူးပြု ခံရမှာလွဲ လို့ တခြားဘာဖြစ်လာမှာလဲ၊၊
ကိုယ့်အမျိုး၊ ကိုယ့်ဇာတိ၊ ကိုယ့်ယဉ်ကျေးမှုဆိုတာတွေကို မေ့ပျောက် ပစ်လိုက်ဖို့ ၀န်မလေးတော့တဲ့ သူတပါးမြေပေါ်မှာ တန်းဖိုးကျဆင်းနေသည့် လူတန်းစားတစ်ရပ်ထဲ မိမိကိုယ်တိုင်ပါဝင်လာရတာကို သတိမမူဖြစ်လာသည်၊၊ တချိန်က သူ့ကျွန်ဘ၀ဖြင့် ကိုယ့်မြေ ပေါ်တွင် သူတပါးကဖိနှိပ်သည်၊၊ အခုတော့ ကိုယ့်မြေပေါ်တွင် ကိုယ့်လူမျိုးက ကိုယ့်လူမျိုးကို ဖိနှိပ်သည်၊၊ ဖိအားကို တန်ပြန်မကန်နိုင်ဘဲ၊ ဘေးသို့  ပြဲကျလာသည်၊၊ ထိုအထဲတွင် ကျနော် ပါလာသည်၊၊
အဲဒီလို ပြဲကျထွက်လာသည့် ကိုပင် ဘ၀အတွက် လွတ်မြောက်မှုတခုဟု ထင်လာ မိသည်၊၊ ရှာနိုင်ဖွေနိုင်သည်၊၊ ကျွေးနိုင်မွေးနိုင်သည်၊၊ အများကြပ်တည်းနေချိန် ကိုယ့်မိသားစု လေးချောင်ချောင်လည်လည်ရှိသည်၊၊ ထိုသည်ကိုပင် ပီတိတမျိုးဖြင့် ကျေနပ်နေခဲ့မိသည်၊၊ လူအများ လွတ်မြောက်ရေးဆိုသည်မှာ ပြောလို့ ကောင်းသည်၊၊ တကယ်တော့ လက်တွေ့  မကျ၊၊ ထိုအရာနှင့်ပတ်သက်၍ တွေးခေါ်ရမှာကိုလည်း အလွန့် အလွန်ဝန်လေးမိသည်၊၊
ကိုယ်သမိုင်းကိုယ်ရေးသည် ဆိုတာထက် ကိုယ်သမိုင်းကို သူများရေတာခံနိုင်ဖို့ မွေးရာပါအလေ့အထတစ်ခုက ချက်ကြိုးနှင့်အတူ ရောအဖြတ်ခံခဲ့ရသည့်ပမာ ကျနော်ကို ဝေဖန်လာ လျှင် လက်ခံဖို့ထက် တွန်းပစ်လိုက်ဖို့ ကသာ အားသာနေသည်၊၊ တကယ်တော့ ကျနော် အတွန်းမှားနေခြင်း သာဖြစ်သည်၊၊
နည်းပညာခေတ်ကမBာကြီး၏ လည်ပတ်မှုတွင် အရည်အသွေးမရှိသည့် လုပ်အားကို ဈေးပေါပေါဖြင့် ရောင်းချရင်း အချိန်တို့သည် တစတစ ကုန်လာခဲ့လေပြီ၊၊ ငွေတိုငွေစအတွက် အိမ်ရှင်ကို ခါးကုန်းရို့ ကျိုးရင်း ခါးသာတခြမ်းစောင်းလာသည်၊၊ နာရမှန်းလည်းမသိ၊၊ ကျင်ရမှန်းလည်းမသိ၊၊ သို့ သော့့် 
ကိုယ့်လူမျိုးခြင်း ပူးပေါင်းဆောင်ရွက်စရာ လုပ်ငန်းဆောင်တာများ ရှိလာပါ
(၁)အချိန်ကို မလေးစားခြင်း၊၊
(၂)တွယ်ကပ်လာခြင်း၊၊
(၃)အမြင် မကြည်လာခြင်း၊၊
(၄)ရေသာခို အချောင်လိုက်ခြင်း၊၊
(၅)မသိကျိုးကျွန်ပြုခြင်း၊၊း
(၆)ပညာဂုဏ်မောက်မာခြင်း၊၊
စသည့် မွေးရာပါအားနည်းချက်များသည် ကျနော့်၏ စိတ်တွင် တခုခြင်းသော်လည်းကောင်း၊ အားလုံး တပြုံတည်းသော်လည်းကောင်း ၀င်လာတတ်လေသည်၊၊
နောက်ဆုံး သံဝေဂ ရမိသည်မှာ “ယဉ်ကျေးမှုကိုယ်ခံအားကောင်းသော နိုင်ငံတစ်ခုတွင် မွေးဖွားခဲ့သော်လည်း ပူးပေါင်း ဆောင်ရွက်မှု အလေ့အထအားနည်းသည့် လူမျိုးများကြားတွင် လူဖြစ်လာရခြင်းမှာ အတိ ဒုက္ခကြီးမားလှပါသည်” သည်ဆိုသည့် အချက်ပင်ဖြစ်လေသည်၊၊

ကော့သား