Thursday, June 16, 2011
တန်ဘိုးရှိတော့လဲ ရွှေပေါ့
အခန်း (၁)
စစ်ကြောရေးစခန်းက ပေးလိုက်တဲ့ ဒဏ်ရာတွေ၊ နာကျင်မှုတွေနဲ့ စိတ်သောကရောက်နေချိန်မှာ အပေါ်ထပ်က ဆင်းလာတဲ့ လူအုပ်ကြီး ကြောင့် ဘာတွေလဲ စူးစမ်းချင်စိတ်က သောကကို ခဏ အနားပေးလိုက်ပါတယ်။ ဘာသာစကားတစ်မျိုးကို ဆူညံစွာ ပြောဆိုရင်း လူအုပ် ကြီးဟာ ရေကန်ဆီ ဦးတည်ပြီး သွားနေကြပါတယ်။ အခန်းရှေ့က ဖြတ်သွားသူတိုင်းက ကျွန်တော့်အခန်းကို လှည့်ကြည့်သွားကြပါ တယ်။ မြင်နေကျလူ မဟုတ်တော့ စူးစမ်းတဲ့ အကြည့်တွေက ကျွန်တော့်အခန်းကို ကျရောက်စေပါတယ်။ ဒီလိုနဲ့ လူအုပ်ကြီးအားလုံးဟာ ကျွန်တော်တို့ အခန်းနဲ့ အတန်ငယ်လှမ်းတဲ့ နေရာကို ရောက်ရှိသွားတယ်။ ဆယ်ပေ၊ ဆယ့်နှစ်ပေခန့်ရှိ အခန်းကျဉ်းလေးထဲ လူးလာတုံ့ ခေါက် လျှောက်ရင်း နေရာသစ်ရဲ့ အခင်းကျင်းသစ်ကို မျက်စေ့၊ နား၊ စိတ်တို့ကို ဖွင့်ပြီး စူးစမ်းနေမိတယ်။ တိတ်ဆိတ်စပြုလာတဲ့ ပတ်ဝန်း ကျင်မှာ ဘာတွေများ ရောက်လာမလဲ ဆိုတဲ့ စိတ်ကလဲ ရင်ထဲကို ဝင်ရောက်လာပြန်ပါတယ်။
“ ပိုင်ရှင် မရှိသေးတဲ့ ဆေးလိပ်တို့ ပိုင်ရှင် ဒို့ ဖြစ်လိုက်ချင်ပါတယ် ”
ငံ့လင့်နေတဲ့ စိတ်အိမ်ထဲကို ထူးဆန်းတဲ့ သီချင်းသံဟာ နားပြတင်းပေါက်ကတဆင့် ဝင်ရောက် လာပါတယ်။ သူ့သီချင်းသံက အတွေးကို သာမက သောကကိုပါ ဇတ်ကြိုး စောင့်ဆွဲလိုက်သလိုပါပဲ။ ဒဏ်ရာနဲ့ နာကျင်မှုကြောင့် သောကတွေ လိမ်းကျံထားတဲ့ မျက်နှာမှာ သူ့သီချင်းသံက ရက်အတန်ကြာ ပျောက်ဆုံးနေတဲ့ အပြုံးတစ်ပွင့်ကို မထင်မှတ်ဘဲ လင်းလက်ဖို့ ခလုတ်နှိပ်ပေးလိုက်သလိုပါပဲ။ ဒုတ်တစ်ချောင်းနဲ့ အမှိုက်ပုံကို မွှေနှောက်ရင်း အခန်းတွေရဲ့ အပြင်ဘက်မှာ သူဟာ သီချင်းဆိုရင်း အလုပ်ရှုပ်နေတယ်။ ကျွန်တော့် အခန်းရှေ့အရောက်မှာ သူ့သီချင်းသံဟာ တိတ်သွားသလို သူ့ခြေလှမ်းတွေဟာလဲ ရပ်သွားပါတယ်။ သူ့အကြည့်တွေကလည်း ကျွန်တော့် အခန်းဆီ ကျရောက်လို့ လာပြန်တယ်။ အခန်းနားကို တိုးကပ်လာပြီး သံတိုင်အပြင်ဘက်က ရပ်လို့ အတွင်းထဲက ကျွန်တော့် ကို သူက ပြုံးပြတယ်။
“ အစ်ကို ညက ရောက်တာလား၊ ဒီမှာ အစ်ကိုတို့လို ဂေါ်တွေ အများကြီးပဲ”
သူက ရင်းနှီးတဲ့ လေသံနဲ့ နှုတ်ဆက်ရင်း ကျွန်တော့်ကို စကားပြောလာတယ်။ ကျွန်တော်ကလဲ
“ ဟုတ်ကဲ့၊ ကျွန်တော် ညက ရောက်တယ်၊ ဒါနဲ့ အစ်ကိုပြောတဲ့ ဂေါ်ဆိုတာ ဘာလဲ ”
သူပြောတဲ့ စကားထဲက ကျွန်တော် နားမလည်တဲ့ ဂေါ်ဆိုတဲ့ ဝေါဟာရကို မေးလိုက်မိတယ်။ သူက ပြုံးပြီး
“ ဒီလို ကိုရဲ့ အစ်ကိုတို့လို နိုင်ငံရေးမှုနဲ့ ရောက်လာတဲ့သူတွေကို အဆောင်က လူတွေက ဂေါ်နိုက်တွေလို့ ခေါ်ကြတယ်၊ ကျွန်တော် ကြားဖူးသလို ပြောပြမယ်နော်၊ ဂေါ်ဆိုတာက တရုတ်လို ငါးဂဏန်းကို ခေါ်တာတဲ့ နိုက်ဆိုတာက အင်္ဂလိပ်လို ညကို ခေါ်တာ၊ နှစ်ခုပေါင်းလိုက်တော့ ငါးညပေါ့အစ်ကိုရာ၊ ကျွန်တော်တို့က ဂေါ်နိုက်လို့ မခေါ်တော့ဘဲ ဂေါ်လို့ အတိုကောက် ခေါ်လိုက်တာ ”
သူရှင်းပြမှပဲ ကျွန်တော်တို့လို နိုင်ငံရေး အကျဉ်းသားတွေအတွက် အဆောင်နေသူတွေက ပေးထားတဲ့ နာမည်အသစ်ကို သဘောကျ နေမိတယ်။
“ အစ်ကို လူသစ်ဆိုတော့ ဘာမှ ပါလာမှာ မဟုတ်ဘူးနော်၊ ကျွန်တော် ဘာရှာပေးရမလဲ၊ လိုတာ ကျွန်တော့်ကို ပြောပါ။ တတ်နိုင်သလောက် ကျွန်တော် ကြိုးစားရှာ ပေးပါ့မယ် ”
စတွေ့တွေ့ချင်း ကူညီပေးလိုသော မေတ္တာစိတ်နဲ့ ပြောလာတဲ့ သူ့စကားသံတွေကြောင့် စိတ်ထဲကနေ သူ့ကို ခင်မင်သွားမိတယ်။
“ ညီလေးက ဆေးလိပ်တို လိုက်ရှာနေတာလား၊ အဲဒီ အတိုတွေက ဘာလုပ်ဖို့လဲ၊ ရောဂါရမယ်၊ အမှိုက်ပုံထဲက ဆေးလိပ်တို ကို မသောက်ပါနဲ့လား၊ အစ်ကိုလဲ ဆေးလိပ် ကြိုက်ပါတယ်၊ ဘေးအခန်းတွေက အစ်ကို့ ရဲဘော်တွေ ပေးထားတဲ့ ဆေးလိပ်နှစ်လိပ် ရှိတယ်၊ ရော့ ညီလေး တစ်လိပ်သောက်၊ မီးသွားညှိလိုက်၊ အစ်ကို ဆေးလိပ်သောက်ချင်နေတာ ကြာပြီ၊ မီးဘယ်က ရမယ်မှန်း မသိလို့ ဆေးလိပ်သောက်ချင်စိတ်ကို အတင်းအောင့်ထားရတယ် ”
ကျွန်တော်က ဆေးလိပ်တစ်လိပ်ကို ကမ်းပေးရင်း သံတိုင်အပြင်ဘက်ရှိ သူ့ကို မီးတို့ခိုင်းလိုက်တယ်။
“ အစ်ကိုရေ ဆေးလိပ် ဖင်ဆီခံကို အထင်မသေးနဲ့နော်၊ အစ်ကိုတို့လို ဂေါ်တွေက ကျွန်တော့်ကို ရှာခိုင်းထားတာ၊ သူတို့လဲ သောက်ဖို့ မဟုတ်ဘူး၊ အရေးကြီးတဲ့ ကိစ္စတစ်ခု လုပ်တာတဲ့ အစ်ကိုရေ၊ တန်ဖိုးရှိတယ် ဆိုပဲဗျ ”
ကျွန်တော့်စိတ်ထဲ သူပြောပြတဲ့ ထူးဆန်းတဲ့ စကားတွေကို နားထောင်ရင်း အခန်းကျဉ်းလေးထဲ အတွေးပွားနေမိတယ်။ သူက မီးညှိရန် ထွက်သွားတော့ သူပြောတဲ့ ဆေးလိပ်တိုရဲ့ တန်ဖိုးကို တွေးတောနေမိတယ်။
“ ဒီလောက်တောင် ဘာတွေများ အသုံးဝင်နေပါလိမ့် ”
အခန်း (၂)
ကျွန်တော်တို့က ၁၅ မိနစ်လောက်ပဲ အပြင်ထွက်ရတယ်။ သူတို့ကတော့ တစ်နေကုန် အပြင်မှာ နေခွင့်ရတယ်။ ကျွန်တော်တို့ အခန်းတွေရှေ့ သန့်ရှင်းရေး၊ ရေအိုးတွေ ရေဖြည့်၊ ကျွန်တော်တို့ လိုတာ ကူညီဖို့အတွက် အမြဲတမ်း ရှိနေတယ်။ ကျွန်တော်တို့ကို သူတို့က ဂေါ်တွေလို့ခေါ်ပြီး ကျွန်တော်တို့က သူတို့ကို အမြဲဆင်းတွေလို့ ခေါ်တယ်။ အခန်းတိုင်းနဲ့ သူက ရင်းနှီးပြီးတော့ အခန်းထဲက လူတွေ ကိစ္စကိုလဲ မညည်းမညူ လုပ်ပေးတယ်။ အားတိုင်း သူ ကျွန်တော့်အခန်း အပြင်ဘက်က အုတ်ခုံမှာ ထိုင်ပြီး အတွင်းထဲက ကျွန်တော်နဲ့ စကား တွေ လာပြောတယ်။
“ မီးခြစ်မရှိတော့ ညခင်း ဆေးလိပ်သောက်ချင်ရင် တော်တော် ဒုက္ခရောက်တယ် ”
ကျွန်တော်က ဆေးလိပ်တစ်တိုကို နှစ်ယောက်သောက်ရင်း ညခင်း ဒုက္ခကို ပြောပြနေမိတယ်။ သူ့လက်ထဲမှာ အမှိုက်ပုံပေါင်းစုံက ကောက်ယူထားတဲ့ ဆေးလိပ်တိုတွေကို ကျွတ်ကျွတ်အိတ် အသေးလေးထဲ စုထည့်ပြီး ကိုင်ထားတယ်။
“ ကျွန်တော် စဉ်းစားပါဦးမယ် အစ်ကိုရာ၊ လူကြံရင် အားလုံးဖြစ်ပါတယ်။ ”
“ မင်းမှာလဲ ဒီဆေးလိပ်တိုတွေနဲ့ေ တ်ာတော် အလုပ်ရှုပ်မယ်နော်၊ ဘာများ အသုံးဝင်
လို့လဲ”
သူက ရယ်နေတယ်။ ဆေးလိပ်တိုထုပ်ကို မြှောက်ပြရင်း
“ အဖိုးတန်တွေ အစ်ကိုရ၊ အဖိုးတန်တွေ၊ အစ်ကို ပြောတာ ရမယ်နော်၊ ခဏစောင့် ”
မောင်ဦးရေလို့ ကျွန်တော့်လိုနေတဲ့ အခန်းထဲက အသံတစ်သံကြောင့် သူက စကားကို ဆုံးအောင် မပြောဘဲ မတ်တပ်ရပ်လိုက်တယ်။ ကျွန်တော့်အတွက် ဆေးလိပ်တစ်လိပ်လောက် ရှာခိုင်းတာကိုလဲ အစ်ကိုပြောတာ ရမယ်လို့ ပြောပြီး သူထွက်သွားတယ်။
အခန်း (၃)
ကျွန်တော် တအံ့တသြ ကြည့်နေမိတယ်။ သူကမ်းပေးတဲ့ ပလတ်စတစ်အိတ်ထဲမှာ လက်လေးလုံး ခန့်သာ ရှိတဲ့ စက္ကူလေးတွေ။
“ ဘာတွေလဲ ညီလေးရ ”
ကျွန်တော်က မေးလိုက်တော့ အိတ်ကလေးကို လက်ညှိုးထိုးပြီး
“ အစ်ကို တစ်ရွက်ချင်း ကြည့်လိုက်လေ၊ အစ်ကို မေးနေတဲ့ ဆေးလိပ်တိုတွေလေ ”
ဆေးလိပ်ဖင်စီခံမှာ ကပ်ထားတဲ့ သတင်းစာ စက္ကူအပိုင်းလေးတွေ၊ ကျွန်တော်က တအံ့တသြနဲ့ ထူးဆန်းစွာ ငေးမောကြည့်နေတုန်းမှာ ၁၅ မိနစ်ဆင်းရပေမဲ့ သူ့ကိစ္စကို အမြန် ဆောင်ရွက်လို့ ပြီးသွားတဲ့ ဘိုးတော်က ကျွန်တော့်အခန်းရှေ့ လာရပ်တယ်။
“ ပြီးသွားရင် ကျွန်တော့်အခန်းထဲ ပို့ပေးနော် ”
ကျွန်တော့်လက်ထဲက အစီခံပတ် သတင်းစာ အပိုင်းလေးတွေကို မေးငေါ့ပြရင်း ဘိုးတော်က စကားဆိုလာတယ်။ ရောက်ခါစ လူသစ်ဖြစ် တဲ့ ကျွန်တော်က ထူးထူးဆန်းဆန်း နားမလည်နိုင်တဲ့ အသွင်နဲ့ သူ့ကို ကြည့်လိုက်တော့ သူက
“ ဒီလိုရှိတယ် ကိုစိုးရ၊ ကျွန်တော်တို့ကို ဘယ်ကမှ သတင်းတွေ မရအောင် ဒီကောင်တွေက နည်းမျိုးစုံနဲ့ ပိတ်ထားကြတယ်၊ ဘယ်လိုပဲ ပိတ်ပိတ်၊ လူတွေပဲဗျာ၊ ရှာကြံရင် နည်းလမ်းကတော့ တစ်ခုမဟုတ် တစ်ခု တွေ့တာပဲ၊ အဲဒီ သတင်းစာ အတိုလေးတွေထဲမှာ ကိုယ်သိချင်တဲ့ သတင်းတိုလေးတွေ၊ နာရေးတွေ အစုံပါတယ်။ ကျုပ်တို့ သိချင်တာ တစ်ခုမဟုတ် တစ်ခုတော့ ပါလာတာပဲ။ သတင်းရဖို့ အတွက် ဆေးလိပ်ဖင်စီခံကလဲ သတင်းဝင်ပေါက် တစ်ခုပဲ။ ”
လူသားတွေရဲ့ ရှာကြံမှု၊ တွေးတောမှုတွေနဲ့ အခက်အခဲတွေကို ဖြတ်ကျော်ခဲ့တာပဲလေ။ ဒီအခက်အခဲတွေကို နောက်မှာ ချန်ခဲ့ပြီး အသစ် အသစ်တွေနဲ့ လူ့လောကကြီးက တိုးတက်ခဲ့တာမဟုတ်လား။ ဘာမဟုတ်တဲ့ တားဆီးကန့်သတ်မှုတွေကို ကျွန်တော်တို့ ရှေ့ကလူတွေ ကျော်ဖြတ်နိုင်ခဲ့ပြီ။ အခုတော့ မောင်ဦး တပင်တပမ်း ရှာဖွေနေတဲ့ ဆေးလိပ်တိုတွေဟာ ကျွန်တော်တို့ အားလုံး ဆာလောင်ငတ်မွတ် နေတဲ့ သတင်းတွေကို ပေးနေပါလား။
အခန်း (၄)
“ အစ်ကို၊ ညခင်းအတွက် ဘာမှ စိတ်ပျက်စရာ မရှိတော့ဘူး ”
ဝမ်းသာအားရ အမူအရာနဲ့ အပြေးအလွှား ရောက်လာတဲ့ မောင်ဦးရဲ့ လက်ထဲမှာ ပစ္စည်းတစ်ခု ကိုင်လာတယ်။ သူ စိတ်ပျက်စရာ မရှိတော့ဘူးလို့ ပြောနေတဲ့ အရာက သူ့လက်ထဲက ပစ္စည်းနဲ့ ဆိုင်နေပုံ ရတယ်။
“ ဘာလဲကွ ” လို့ ကျွန်တော်က မေးတော့ သူက သူ့လက်ထဲက ပစ္စည်းကို ထုတ်ပြပြီး ဝမ်းသာအားရတဲ့ မျက်နှာနဲ့ ကျွန်တော့်ကို
“ အစ်ကို အဆင်ပြေပြီ ”
သူ ဝမ်းသာပြီး ပြောနေပေမဲ့ ကျွန်တော် နားမလည် နိုင်အောင် ဖြစ်နေတယ်။ သူ့လက်ထဲက ပစ္စည်းကလဲ ဘာမှ ထူးထူးဆန်းဆန်းမဟုတ် သွားတိုက်တံ တစ်ချောင်းမျှသာ ဖြစ်တယ်။ သူက ဘာတွေများ အဆင်ပြေအောင် လုပ်ပေးမှာပါလိမ့်။ ကျွန်တော့်မှာ ပိုပြီး ဇဝေဇဝါ ဖြစ်သွားရတယ်။
“ ဒီလို အစ်ကိုရ၊ ဒီမှာ တွေ့လား၊ သွားပွတ်တံမှာ မြှုပ်ထားတာ ရွှေဗျ ရွှေ ”
ကျွန်တော် သေချာ ကြည့်လိုက်တော့ မီးခြစ်ကျောက်ကို သွားပွတ်တံ အရိုးမှာ မြှုပ်ထားတာ တွေ့ရတယ်။ သူက အသင့်ယူလာတဲ့ ဘရိတ်ဒါးလေးနဲ့ အဲဒီ မီးခြစ်ကျောက်ကို ခတ်ပြတယ်။ ကျွန်တော့်ကိုလဲ တွေ့လား အစ်ကို ဆိုတဲ့ အကြည့်နဲ့ ကြည့်ရင်း ပြုံးပြတယ်။ ပြီးတော့ ပလတ်စတစ်အိတ်ထဲက စွပ်ကျယ်အင်္ကျီစ တစ်စကိုလဲ ထုတ်လိုက်တယ်။ ငှားလာတဲ့ မီးခြစ်နဲ့ စွပ်ကျယ်အင်္ကျီစကို မီးရှို့ တယ်။ အားလုံး မီးလောင်သွားတော့ ပလတ်စတစ်ခွက်နဲ့ မီးတောက်ကို အုပ်ချလိုက်တယ်။ ပြီးတော့ သူက ကျွန်တော့်ကို ပြုံးပြနေပြန် တယ်။ နားမလည်နိုင်တဲ့ အကြည့်တွေနဲ့ သူ့ကိုကြည့်နေမိတယ်။
“ ဒီ စွပ်ကျယ်အင်္ကျီအစကို မီးရှို့ထားတဲ့ ပြာစတွေက အရေးကြီးတယ်။ ပရုတ်ဆီဗူး အခွံထဲကို ပြာစတွေ ထည့်ရမယ်။ ဒီမှာကြည့် ”
သူက မီးရှို့ပြီး ခွက်နဲ့ အုပ်ထားတဲ့ အထဲက ပြာတွေကို ယူပြီး ပရုတ်ဆီ ဗူးခွံ အဟောင်းထဲ ထည့်ပေးတယ်။ သွားတိုက် ဆေးတံလေးကို အသာကိုင်ပြီး ဘရိတ်ဒါးနဲ့ ခတ်တယ်။ အောက်က ပြာခွက်လေးကို ခံထားတယ်။ ပွင့်ထွက်လာတဲ့ မီးဖွားတွေဟာ ပြာစ မှာ သွားကပ်တယ်။ ရဲခနဲ ဖြစ်သွားတဲ့ ပြာစမှာ ဆေးလိပ်တိုကို ထိုးစိုက်ပြီး အမိအရ ဖွာလိုက်တယ်။ သူ အားရပါးရ ရှိုက်လိုက်တဲ့ အဆုံး မှာ သူ့နှာခေါင်းထဲက မီးခိုးတွေဟာ အလိပ်လိုက် ထွက်လာတယ်။ ကျွန်တော်လဲ ဝမ်းသာအံ့သြစွာနဲ့ သူ့ကိုကျေးဇူးတင် နေမိတော့တယ်။
“ ကျေးဇူးပဲ ညီလေးရာ ”
ကျွန်တော် တကယ့် ရင်ထဲက လာတဲ့ အသံနဲ့ သူ့ကို ကျေးဇူးတင်စကား ဆိုမိတယ်။ သူက
“ အစ်ကိုတို့ ကျေးဇူးတွေက ကျွန်တော့်အပေါ် အများကြီး၊ ကျွန်တော်လိုတာ အားလုံး အစ်ကိုတို့ ဘယ်အခန်းကို သွားပြောပြော လုပ်ပေးလိုက်တာချည်းပဲ၊ ကျွန်တော့်အိမ်က လာနိုင်တာ မဟုတ်ဘူး၊ ကျွန်တော့် စားရေးသောက်ရေး အားလုံး အစ်ကိုတို့ ရှိနေလို့၊ ကျွန်တော်ပြန်လုပ်ပေးရတာက ဘာမှ မဖြစ်လောက်ပါဘူး အစ်ကိုရာ ”
အခန်း (၅)
ကမBာဦးက မီးကို စတင် တွေ့ရှိပြီးနောက် လူသားယဉ်ကျေးမှု တစ်ရပ်ဟာ အချိုးအကွေ့ တစ်ခုသို့ ရောက်ရှိလာတယ်လို့ ဆိုတယ်။ အခု မီးကို ကျွန်တော်တို့ ကိုယ်တိုင် ဖန်တီး နိုင်မှု၊ နောက် ကျွန်တော်တို့ နေထိုင်မှု ဘဝထဲသို့ အဆင်ပြေမှုများစွာ ရောက်ရှိလာ ပါတယ်။ အဝတ်စတွေကို တစ်ထပ်၊ ပလတ်စတစ် တစ်ထပ်ထပ်ပြီး လိပ်ထားတဲ့ အလိပ်ကလေးကို မောင်ဦးက ယူလာတယ်။
“ အစ်ကို လုပ်ငန်းစမယ် ”
၁၅ မိနစ် ဆင်းခါနီးမှာ သူရောက်လာတယ်။ အုတ်နီခဲ နှစ်ခဲကိုလဲ အခန်းထဲကို သွင်းလိုက်တယ်။ သူက ကျွန်တော်တို့ကို လိုအပ်တာတွေ ကူညီနေရတာကိုပဲ ကျေးဇူးဆပ်နေတာလို့ ကျေကျေနပ်နပ်ကြီး ခံယူထားတာ။ ကျွန်တော်တို့ အားလုံးကလဲ သူ့ကို စေတနာရှိရှိ ပေးကမ်းကြတယ်။ ထောင်ထဲရောက်ပြီး ရက်ပိုင်းအတွင်းမှာပဲ အိမ်က ပါဆယ် ပစ္စည်းတွေရတော့ ကျွန်တော့်အတွက် အခက်အခဲ သိပ်မရှိလှဘူး။ သူ့နဲ့ပါ မျှပြီး စားကြတော့ သူက ကျေးဇူးတင်မဆုံးအောင် ရှိနေတယ်။ ကျွန်တော်တို့ လိုအပ်ချက်တွေကိုလဲ တစ်နေရာရာက ရအောင် ရှာကြံပေးတတ်တယ်။ ကျွန်တော့် အခန်းတံခါးကို သူက ဖွင့်လိုက်တယ်။
ဝန်ထမ်းက သူလုပ်ရမယ့် အလုပ်ကို မောင်ဦးတို့လို အမြဲဆင်းတွေကို ခိုင်းထားတယ်။ အခု မောင်ဦးက ကျွန်တော့်အခန်းကို ဖွင့်ပြီး အထဲကို ဝင်တယ်။ အဝတ်စတွေကို စုပုံပြီး ဆေးလိပ်မီးကို ခပ်နာနာဖွာတယ်။ အဝတ်စတွေမှာ မီးဖွားတွေ ကျသွားတော့ ဖျာစလေးတွေနဲ့ ချိုးပြီးအုံထားတယ်။ မီးဖွားကို မသေအောင် ပါးစပ်ကလဲ အဆက်မပြတ် မှုတ်ပေးနေတယ်။ သူ့ကိုကြည့်ပြီး ကျွန်တော် မောနေတယ်။ မီးတောက်ကလေးနဲနဲ အရမှာ လက်တစ်ဆစ်လောက် ဖယောင်းတိုင်တိုလေးနဲ့ မီးတောက်ကလေးကို အရယူလိုက်တယ်။ ပြီးတော့ အသက်ကို အဝရှူပြီး အမောဖြေတယ်။ ကျွန်တော်လဲ နားမလည်စွာ သူ့ကို ငေးကြည့်နေတယ်။
သူ အမောပြေ သွားတော့ ဖယောင်းတိုင် မီးလေးနဲ့ ပလတ်စတစ်ဗူးခွံလေးကို မီးရှို့တယ်။ ပလတ်စတစ် အစက်လေးတွေကို အဝတ်နဲ့ လိပ်ထားတဲ့ ပလတ်စတစ်လိပ်ပေါ်ကို ချတယ်။ တစ်စက်၊ နှစ်စက်၊ သုံးစက် အစက်ပေါင်းများစွာ အကျမှာ အဝတ်နဲ့ ပလတ်စတစ် ရောလိပ်ထားတဲ့ အလိပ်လေးပေါ်မှာ မီးတောက်လေး တစ်ခု ရောက်လာတယ်။ အုတ်နီခဲနှစ်ခုကို ဖိုခနောက်လို လုပ်ပြီး ကျွန်တော်တို့ ထမင်းစားဖို့ ပေးထားတဲ့ ပုံစံ ဒန်ပန်းကန်ပြားကို အပေါ်က တင်လိုက်တယ်။ မီးတောက်ကလေးက တဖြည်းဖြည်း အရှိန် ရလာတယ်။ ပုံစံ ပန်းကန်ပြားထဲကို သောက်ရေအိုးထဲက ရေကို နှစ်ခွက် ခပ်ထည့်လိုက်တယ်။ ကျွန်တော့်ကို မော့ကြည့်ပြီး
“ ရေနွေးပူပူလေး ရမယ် ”
သူ့အပြုံးထဲမှာ အောင်မြင်မှုတွေ ဂုဏ်ယူမှုတွေကို တွေ့လိုက်ရတယ်။
အခန်း (၆)
“ ရှာဖွေရေး၊ ရှာဖွေရေး ”
ဘေးအခန်းက အလန့်တကြား အော်လိုက်တဲ့ အသံကြောင့် ကျွန်တော် လန့်နိုးသွားတယ်။ အခန်းအပြင်ဘက်ကို လှမ်းကြည့်လိုက်တော့ ဝန်ထမ်းတွေဟာ တန်းစီပြီး ဝင်လာတယ်။ တစ်ခန်းကို သုံးယောက်နှုန်းနဲ့ ကျွန်တော်တို့ အခန်းရှေ့မှာ လာရပ်နေကြတယ်။ ထောင်ထဲ ရောက်တာ မကြာသေးတဲ့ ကျွန်တော့်အဖို့ ဘယ်ပစ္စည်းဟာ ဖွက်ထားရမယ်၊ ဘယ်ပစ္စည်းဟာ ပေါ်တင် ထားရမယ်ဆိုတာ မသိတာ အမှန်ပဲ။ ဘာမှလဲ ထွေထွေထူးထူး မရှိတော့ အေးအေးဆေးဆေးပဲ။ ခဏနေတော့ အခန်းတိုင်း သော့တွေ ဖွင့်သံကြားရတယ်။ ကျွန်တော့် အခန်းရှေ့ ရပ်နေတဲ့ ဝန်ထမ်းသုံးယောက်ဟာ အခန်းထဲဝင်လာတယ်။ အိပ်ရာတွေကို ဖွတယ်။ တစ်ခုစီကို ကိုင်ကြည့်တယ်။ ဟင်းဗူးတွေကို ဖွင့်ကြည့်တယ်။ ဒီလိုနဲ့ ဖျာအောက်ကို အလှန်မှာ
“ ဒါ ဘယ်က ရတာလဲ ”
မာမာထန်ထန်နဲ့ ပစ္စည်းတစ်ခုကို ကိုင်ပြီး ကျွန်တော့်ကို လှမ်းမေးတယ်။ ကျွန်တော် လှမ်းကြည့်လိုက်မှာတော့ ဘရိတ်ဒါး ကျွန်တော့် အတွက် အသုံးဝင်တဲ့ ဘရိတ်ဒါး၊ ဒါကို သူက တရားမဝင် ပစ္စည်းတစ်ခု လက်ဝယ်ထားရှိတဲ့ တရားခံကို မေးတဲ့ ပုံစံနဲ့ မေးနေတယ်။ ချက်ချင်းပဲ ကျွန်တော်က
“ ဟိုနားက ကောက်ရလို့ သိမ်းထားတာ ”
“ ဒါ ထားခွင့် မရှိဘူး ”
မာမာထန်ထန်ပြောပြီး ပစ္စည်းကို သိမ်းသွားတယ်။
အခန်း (၇)
“ အစ်ကို ဘာတွေ ပါသွားလဲ ”
သူက စိုးရိမ်တကြီးနဲ့ လာမေးတယ်။
“ အရေးကြီးဆုံး ပစ္စည်းပေါ့ကွာ ”
“ ဘာလဲ အစ်ကို ” သူ စိုးရိမ်တဲ့ ဟန်နဲ့ မေးတော့ ကျွန်တော်က
“ ဘရိတ်ဒါး ”
ဒီပစ္စည်းရဲ့ အသုံးဝင်မှုဟာ ကျွန်တော်တို့ အတွက် ဘယ်လောက် အရေးကြီးတယ် ဆိုတာ သူသိတယ်။ သူ တစ်ချက် စဉ်စားဟန် ပြုပြီး
“ အစ်ကို ကျွန်တော် ကြိုးစားကြည့်မယ်၊ တစ်ခုခုတော့ အဆင်ပြေအောင်ပေါ့ ”
နေ့တစ်နေ့လုံးဟာ မီးခိုးတိတ်နေတယ်။ အသုံးဝင်ပစ္စည်း တစ်ခုရဲ့ပျောက်ဆုံးမှုနောက်မှာသောကတွေ၊မကျေနပ်မှုတွေ ပြည့်နေတယ်။
ညအတွက်လည်း အဖေါ်ဆေးလိပ်တိုလေးနဲ့အထီးကျန် မှုတွေကို ဖြေရှင်းလို့ရတော့မှာ မဟုတ်ဘူး။ မီးရဲ့ တန်ဘိုး ကိုအခုတော့ ပိုနားလည်သလိုပါပဲ။မကြာခင် တန်းပိတ်တော့မှာမို့ အလုပ်က လူတွေကိုပြန်ပြီး အခန်းတွေထဲ ထည့်နေပြီ ။ တန်းပိတ် သံချောင်းသံကို နာစွင့်နေတုန်းမှာပဲ မောင်ဦး အပြေးကလေး ရောက်လာတယ်။
“အစ်ကို ဒီမှာ ပါသွားတဲ့ပစ္စည်းလိုပဲ သုံးလို့ရတယ် အတူတူပဲ သုံးကြည့်နော် အဆင်ပြေတယ်”
ကျွန်တော် လက်ထဲ ပစ္စည်းတစ်ခုထည့်ပေးပြီ သူအပြေးအလွှား သူ့အခန်းရှိရာအပေါ်ထပ်
ကိုပြေးတက်သွားတယ်။ ကျွန်တော် တအံ့တသြစိုက်အကြည့်မှာမြင်လိုက်ရတာကတော့..
အခန်း(၈)
တကယ်ပါဗျာ ပစ္စည်းတစ်ခုဟာ အသုံးမလိုသူရဲ့ လက်ထဲမှာ ရွှေချောင်းကြီးဟာလဲ အလကား ပစ္စည်းဖြစ်နေမှာပါ။ တကယ်အသုံးလို အသုံးတည့်သူရဲ့လက်ထဲမှာ အိုကြမ်းကွဲ ပုလင်းကွဲဟာလည်း ရွှေလိုတန်ဘိုး ကြီးမားနေမှာ အမှန်ပါပဲ။ မောင်ဦး ပေးသွားတဲ့ ပစ္စည်းလေးဟာ အသိမ်းခံလိုက်ရတဲ့ ဘရိတ်ဒါး လေနဲ့ အသုံးဝင်မှုကအတူတူ ပါပဲ ။ မီးပွင့်တယ် ဆေးလိပ် မီးခိုးထွက်တော့မယ်။ ကျွန်တော်ကျေနပ် နေမိတယ်။ ဝမ်းသာအားရနဲ့ မီးကိုခတ်လိုက်တယ် ။ ပြီး ဆေးလိပ်ကိုကောက်ဖွာလိုက်တယ်။ အပေါ်ထပ်မှာ တန်းပိတ် ဘုရားရှိခိုးပြီးလို့ (၃၈) ဖြာမင်္ဂလာ ကဗျာ ကိုတောင်ရွတ်နေပြီပဲ ။
“ ကိုယ့်ပေါ်ပြုဘူး သူ့ကျေးဇူး အထူးသိတတ်စေ
အဲ့ဒါမှ ဗုဒ္ဓြွဝါဒ ကမBာ့ မင်္ဂလာတွေ”
ပျံ့လွင့်တာတဲ့ ကဗျာသံ လေးကိုနားထောင်ရင်း မောင်ဦး ပေးသွားတဲ့ အသုံးဝင်တန်ဘိုးရှိ ပစ္စည်းလေးကိုတရိုတသေ သိမ်းဖို့ ပြင်လိုက်တယ်။ အေးလေ ဒါလေးကကျွန်တော့် အတွက် တကယ့် တန်ဘိုးရှိနေတာလေ ။ မရှိတော့ပြီဖြစ်တဲ့ ဘရိတ်ဒါး ကိုယ်ပွားလေးလေ။ ဒါကတော့တကယ့်ကို ပီဘိ ပုလင်းကွဲလေးပါပဲ ။အော် ပုလင်းကွဲ ပေမယ့် ရွှေလို တန်ဘိုးရှိတယ်ဆိုတာ သေချာနေပါတယ်။
စိုးမိုးသူ (ဒိုက်ဦး)
အလယ်ကလူ အားနာတတ်၏
ဒီရပ်ကွက်ဒီလမ်းမှာဦးဘစံနေလာတာနှစ်၆ဝကျော်ခဲ့ပြီ..
တိတိကျကျပြောရရင်၆၁နှစ်ပြည့်ဖို့လပိုင်းလောက်ပဲလိုတော့တယ်..ရှေ့လဆိုဦးဘစံအသက် ၆၁နှစ်ပြည့် ပြီကိုး....
မွေးကတည်းကနေလာခဲ့တဲ့လမ်းကလေးမှာခုတော့လူဟောင်းဆိုလို့မျက်စောင်းထိုးအိမ်ကမအေးမြတို့နဲ့ ဦးဘစံတို့မိသားစုပဲရှိတော့တယ်..အရင်လူတွေကဈေးကောင်းရလို့ ဆိုပြီးတဦးပြီးတဦးရောင်းရောင်းပြီးမြို့ သစ်ပြောင်းသွားကြတာကြာပေါ့..အဲဒိတုန်းက ဝယ်ထားတဲ့ လူတွေကလည်း တဆင့်တဆင့်ပြန်ရောင်းရင်းနဲ့ အိမ်နီးချင်းတွေအမျိုးမျိုးပြောင်းနေတာကိုပင်စင်ယူပြီးမှပဲ ဦးဘစံသတိထားမိတော့တယ်၊၊အရင်ကတော့ တနေ့တနေ့အလုပ်နဲ့အိမ်တင်အချိန်ကုန်နေခဲ့တော့ပတ်ဝန်းကျင်နဲ့အလှမ်းဝေးသလိုဖြစ်နေခဲ့တာ. အခုတော့ ပင်စင်လည်းရ အိမ်စားဝတ်နေရေးအတွက်လည်းနိုင်ငံခြားမှာအလုပ်လုပ်နေတဲ့သားနဲ့သမီး ကထောက်ပံ့နေတော့ အေးအေးချမ်းချမ်း လေးနေလို့ရ ပြီလေ..ဒါကြောင့်အခုမှပဲပတ်ဝန်းကျင်ကိုသတိပြုမိတော့တာ၊၊
......................................................
ခေါင်းရင်းအိမ်ကိုပြောင်းလာတဲ့လူတွေကဦးဘစံအမြင်မှာတော့တရုတ်လူမျိုးတွေပဲ၊၊ ဒါပေမယ့်သူတို့က သူတို့ကိုယ်သူတို့ကိုးကန့် လူမျိုးလို့ ပြောကြတယ်။ဦးဘစံဘွဲ့ရတဲ့အထိစာသင်ခဲ့တဲ့တလျောက်မှာ မြန်မာနိုင်ငံတွင်း ကတိုင်းရင်းသားစာရင်းမှာကိုးကန့်လူမျိုးဆိုတာမသင်ခဲ့မကြားခဲ့ဖူးပါဘူး။ကိုးကန့်ဒေသဆိုတာတော့ ရှိတာ ပေါ့လေ.ဒါပေမယ့်အဲဒိလူကသူ့ကိုယ်သူ. “ဝလို့ က ကိုးကန့်လူမျိုး သိုင်းရင်းစားတွေ အမျိုးစားမတ်ပုံတင် စိ လယ်.”..လို့ မပီတပီပြောနေတာကြားဖူးတော့ သူပြောတဲ့အတိုင်းပဲအားနာပါးနာနဲ့တိုင်းရင်းသား လို့ပဲထား လိုက်ပါတယ်..
မြန်မာပီပီအားနာတတ်တာကိုး...
အဲဒိတရုတ်အဲ..ကိုးကန့်တွေနေတဲ့အိမ်ကတော်တော်သားနားတယ်။ခြံချင်းကပ်နေပေမယ့်ဦးဘစံအိမ် နဲ့တော့တခြားစီ။ ခြံနဲ့ပြည့်မတတ်ဆောက်ထားတဲ့အိမ်ကြီးကမီးစက်သံတညံညံနဲ့နေ့ရောညရောဆူလို့စည်လို့ပဲ. ဦးဘစံကတော်ပြောပုံအရတော့ကိုးကန့်ကြီးတို့ရဲ့စီးပွားရေးကပြင်ဦးလွင်နဲ့ချင်းရွှေဟော်မှာရှိတာဆိုပဲ. သူ့သားချင်း တွေက ပြင်ဦးလွင်မှာရော ချင်းရွှေဟော်မှာရောတရုတ်ပြည်မှာ ပါရှိသတဲ့ဒီဘက်နိုင်ငံက ကျွန်းသစ်နဲ့ လုပ်ထားတဲ့ ပရိဘောဂမျိုးစုံနဲ့ပန်းပုရုပ်တွေတရုတ်ပြည်ကိုအကြီး အကျယ်ပို့ နေတာတဲ့ အဲဒိစကား ကြားတော့ ဦးဘစံ မျက်စေ့ထဲတအိအိလဲကျနေတဲ့ကျွန်းပင်ကြီးတွေကိုမြင်ယောင်လာတယ်..သူတို့စီးပွားရေးကနယ်မှာ ရှိပေမယ့် ဒီရန်ကုန်ကအိမ်ကသူ့သမီးတွေ ဘာသင်တန်းညာသင်တန်းတွေတက်ဖို့နဲ့သူ့မိသားစုရန်ကုန်လာရင် တည်းဖို့ဆောက်ထားတာတဲ့.. အိမ်အကြောင်းပြောရင်းသတိရမိသေးတယ်သူတို့ အိမ်ဆောက်ကာစကခြံစည်းရိုး ကာတော့ဦးဘစံဘက်ကနဂိုကကာထားတဲ့သစ်သား တိုင်စည်းရိုးကိုဖျက်ပြီးအုတ်ခြံစည်းရိုးကာမလို့တဲ့ ဦးဘစံကိုလာပြောတယ်ဦးဘစံလည်းသဘောရိုးအတိုင်းပိုကောင်းအောင်လုပ်တာပဲလုပ်ပါ ဆိုပြီးခွင့်ပြုလိုက်တာ ပေါ့၊.ခြံစကာပြီး၂ရက်လောက်နေမှဦးဘစခြံကာတဲ့နေရာကိုကြည့်မိတယ်.အလိုလေး... အုတ်စည်းရိုးကဦးဘစံနဂိုကာထားတဲ့စည်းရိုးထက်အုတ်၂ပြား စာလောက်ပိုပြီးဦးဘစံ ခြံဝင်း ထဲရောက်နေလေရဲ့။အရပ်စကားနဲ့ပြောရရင်တော့ မြေခိုးတာပေါ့လေ...ပထမတော့ အဖိုးကြီးအဖွားကြီး တွေအားကိုးစရာမရှိ ငွေလည်းမရှိဘူးလို့ထင်ပြီးသူတို့မှန်သလိုလိုဘာလိုလိုနဲ့ခပ်တင်းတင်း ပြောကြည့်သေးတယ် နောက်မှဦးဘစံတို့ဘက်မှန်နေတာရယ်သားသမီးတွေနိုင်ငံခြားကနေထောက်ပံ့နိုင်မှန်း သိသွားတာရယ် ကြောင့်လေသံလျော့ပြီးနဂိုအခြေအနေ အတိုင်းပြန်ကာပေးတယ်လေ ၊၊ ဖြစ်ကာစကစိတ်ဆိုးခဲ့ပေမယ့် ကိုးကန့်ကြီးရဲ့... “မြေသိုင်းတာမှားစွား လို့စိတ်မဆိလဲ့..”..ဆိုတဲ့စကားတခွန်းနဲ့ပဲဦးဘစံတို့ကျေနပ်လိုက်ပါတယ်...
အိမ်နီးချင်းတွေပဲလေ့  ပြီးတော့ကိုယ်တွေက မြန်မာတွေမဟုတ်လာ့း့ 
.........................................................
ဦးဘစံတို့အိမ်ခြေရင်းမှာနေတာကတော့ဦးအီဗရာအင်ခေါ် ဦးလှမောင်တို့မိသားစုပေါ့ သူတို့က တော့ပြောင်းလာတာ ကိုးကန့်ကြီးတို့ထက်နဲနဲစောတယ်၊၊ သူတို့ဇာတိမျိုးနွယ်က လည်းတဖက်နိုင်ငံကမြစ်ဖျားခံ လာတာဖြစ်ပေမယ့်ကိုးကန့်ကြီးတို့လိုတော့“ချွန်တော်ဒို့ကဒိုင်းရင်းသားဒွေ”လို့ခပ်တည်တည်နဲ့မပြောရှာပါဘူး. သူတို့မှာကိုးကန့်ကြီးတို့လို အမျိုးသားမှတ်ပုံတင် ကဒ်မရှိသေးလို့လား တော့မသိဘူး ပေါ့လေ၊၊ ဘာပဲဖြစ်ဖြစ်သူတို့ မိသားစုကတော့ဦးဘစံတို့ နဲ့ နဲနဲပိုရင်းနှီးတယ်ပြောရမလားပဲ.
ရင်းနှီးဆိုသူတို့ပြောင်းလာကတည်းက ဦးဘစံတို့ခြံထဲကစားပင်သီးပင်တွေကိုမျက်စေ့ကျတော့တာကိုး ဦးဘစံကဝါသနာ အလျောက်စားပင်သီးပင်လေးတွေစုံစုံစေ့စေ့လေးစိုက်ထားတယ် .ခြံထဲမှာအဝီစိတွင်းလေးလည်း ရှိတော့အပင်တွေဖြစ်ထွန်းတာပေါ့.အဲဒိတော့ ဦးဘစံခြံထဲဆင်းတာနဲ့ ဦးလှမောင်မိသားစုဝင်တယောက် ယောက်ခြံထဲဆင်းတာကြုံရင်..“ဟားအာကိုဂျီး.အာပင်တွေအရမ်းသန်ဒယ်..သီးဒယ်နော်အာကိုဂျီးတို့စားလို့ တောင်ကုန်မှာမဟုတ်ဖူးချွန်ဒေါ့ ကလေးတွေ သရက်သီးဆို သိပ်ကြိုက်.”..ဘာညာနဲ့ စကားခေါ်ရင် ဦးဘစံတို့က လက်မနှေးပါဘူး.အနဲဆုံးတခါစားတခါချက်တော့ပေးလိုက်တာပါပဲ.
ဒီလိုနဲ့ရေကအစပူစီနံပင်အဆုံး တောင်းရင်းပေးရင်းနဲ့စကားလေးဘာလေးပြောဖြစ်တာပေါ့လေ.
သူတို့ကလည်းမခေဘူးစေ့စေ့စပ်စပ်သုံးတတ်စွဲတတ်တော့ကုန်မာဆိုင်ကြီး တဆိုင်ဖွင့်ထားနိုင်တယ်၊၊ မြန်မာစကား ကိုလည်းမွှတ်နေအောင်တတ်တယ်၊၊အဲဒါတော့ကိုးကန့်ကြီးတို့ထက်သာတယ်၊၊ သူ့သားသမီးတွေကလည်း အလုပ်ကိုကြိုးကြိုး စားစားလုပ်ပြီးကျစ်ကျစ်လစ်လစ် နေတတ်တော့ဒိထက်ပိုကြီးပွားကြဦးမှာ ဦးဘစံမြင်ယောင် နေတယ်၊၊ သူတို့မိသားစုကလိုချင်တာလေးတွေ တတိတိတောင်းတတ် ပေမယ့်ကိုးကန့်ကြီးတို့လိုမာရေကြောရေ အပေါ်စီးကမဟုတ်တော့လိုချင်မျက်စေ့ရှိမှန်းသိပေမယ့်ဦးဘစံတို့ကတတ်နိုင်သလောက်ပေးပါတယ် အိမ်နီးချင်းတွေ မဟုတ်လား ၊၊ ပြီးတော့ကိုယ်တွေကမြန်မာတွေလေ...
....................................................................
ဦးဘစံတို့အိမ်ရှေ့ တဲ့တဲ့ကိုနောက်ဆုံးပြောင်းလာတာကတော့စစ်တပ်ကဗိုလ်ကြီးနဲ့သူ့မိန်းမ တရားသူကြီးတဲ့၊၊ အစကတော့ဦးဘစံတို့သတိမထားမိကြပါဘူး၊၊သူတို့ဦးဘစံအိမ်ရှေ့က တထပ်တိုက်ကလေး ဝယ်ပြီးမကြာခင်သူတို့မွေးထားတဲ့ ဒိုဘာမင်ခွေးကကျောင်းကပြန်လာတဲ့ ကလေးတယောက်ကို ထွက်ကိုက်လိုက် တယ်.ကလေးက သူ့ဟာသူလမ်းအတိုင်းအေးအေးဆေးဆေး ပြန်လာတာပါ။ ကိုက်တတ်တဲ့ခွေးမွေးထားရင် လုံလုံခြုံခြုံတော့ထားသင့်တာပေါ့၊၊ဒါနဲ့အကိုက်ခံရတဲ့ကလေးရဲ့မိဘတွေကနောင်ဒီလိုမဖြစ်ရအောင် ခွေးကို ထိမ်းထိမ်းသိမ်းသိမ်းထား ပေးဖို့ခွေးရှင်ကိုလာပြောကြတယ်။ အဲဒိမှာအိမ်ရှင်ကဒေါသတကြီးနဲ့ ကျုပ်ခွေး သူ့ဟာသူ ဘယ်နေရာနေနေ ဘာဖြစ်လဲကျုပ်ကိုဘာကောင်မှတ်လို့ဒီလိုလာပြောရတာလဲ. အခုဖုန်းတချက် ဆက်လိုက်ရင် ခင်ဗျားတို့ ဒုက္ခရောက်သွားမယ်.မကျေနပ်ရင်တိုင်ချင်တဲ့နေရာတိုင်.. ဘာညာနဲ့အော်ဟစ်ကြိမ်းမောင်းနေတာ ကြားမှ ဒီလူကဗိုလ်မှုးကြီးတယောက်ရဲ့သားဗိုလ်ကြီးဆိုတာဦးဘစံနဲ့တကွအရပ်ကလူတွေ သိရတယ်။ ခွေးကိုက်ခံရတဲ့ကလေးမိသားစုက ပဲပြန်တောင်းပန်ရမလိုဖြစ်နေတော့မြင်ရကြားတဲ့လူတွေက မခံချိမခံသာ ဖြစ်ကြတာပေါ့ လေ.ဒါပေမယ့်ဘာမှ တော့ဝင်မပြောကြပါဘူး.. သိတဲ့အတိုင်းပဲမြန်မာတွေ မဟုတ်လား.. သည်းခံကြတာပေါ့.
မိန်းမတရားသူကြီးမဆိုတာလည်းဦးဘစံတခါလားနှစ်ခါလားပဲမြင်ဖူးပါရဲ့၊၊ စိန်တွေကိုသီးလို့တော်တော် တောက်တောက် ပပဝတ်စားထား တာပဲ၊၊ ဦးဘစံကတော်ကတော့သူကြားရသမျှပြန်ပြောပြတယ်. အဲဒိတရားသူကြီးမ တော်တော်လာဒ်စားတယ်လို့နံမယ်ကြီးသတဲ့သူ့ယောင်္ကျားဗိုလ်ကြီးကလည်း နေရာကောင်းရလို့တော်တော်စီးပွားဖြစ်သတဲ့၊၊ သူတို့လင်မယားတော်တော်နံမယ်ထွက်နေပေမယ့် အထက်ကို လည်းပေးကမ်းပြီးပိုင်အောင်ပေါင်းထားတာရယ် လူကြီးကတော်တွေနဲ့ဆုံရမယ့်ပွဲလမ်း တွေသွားရင် လူကြီးကတော်တွေမျက်စေ့စပါးမွှေး မစူးအောင်ခပ်သေးသေးပုလဲနားကပ်လေးကလွဲရင်ဘာမှ ဝတ်စား မသွားပဲပိပိရိရိနေတတ်လို့ပိုအဆင်ပြေနေတာတဲ့... လူကြီးကတော်တွေထက် သာအောင်ဝတ်စားသွားလို့ အဖွားကြီးတွေမနာလိုဖြစ်ရင်သူ့ယောင်္ကျား ချောင်ထဲ ရောက်သွားမှာစိုးလို့တဲ့..
သူ့မိန်းမကသိသမျှပြောဆိုပြီးထသွားပေမယ့်ဦးဘစံကတော့ အတွေးထဲမှာဆက်နစ် နေသေး တယ်။အိမ်ရှေ့ကဥဒဟိုဖြတ်သွားနေတဲ့ လူတွေကိုကြည့် ရင်းသူ့လမ်းသူသွားနေရင်း ခွေးကိုက်ခံရရှာတဲ့ ကျောင်းသားလေးကိုမြင်ယောင်လာတယ်။ပြီးတော့နိုင်ငံရပ်ခြား တွေ မလုပ်ချင်တဲ့ အလုပ်တွေကိုပင်ပင်ပန်းပန်း လုပ်နေရတဲ့သူ့သားသမီးတွေနဲ့ တခြားလူငယ်လေးတွေ..ကိုယ့်တိုင်း ပြည်ထဲလာပြီးကြိုက်သလို စီးပွားရှာခွင့်ရထားတဲ့အိမ်နီးချင်းတွေ.... ငွေမျက်နှာတခုပဲကြည့်တတ်တဲ့အထက်ဖား အောက်ဖိ အာဏာရှုး တွေ...မတရားအဖမ်းခံခဲ့ရသွေးမြေကျခဲ့ရတဲ့သံဃာတော်တွေနဲ့အပြစ်မဲ့နိုင်ငံရေးအကျဉ်းသားတွေ..အစီအရီခေါင်း ထဲပေါ်လာ ပြီးဘာကိုမှန်းမသိဘယ်သူ့ကိုမှန်းမသိပဲမကျေမနပ်ဖြစ်လာတယ်။သေသေချာချာသိလိုက်တာ တခုကတော့ သူ မကျေ မနပ်ဖြစ်နေတဲ့ လူတွေထဲမှာသူကိုယ်တိုင်ထိပ်ဆုံးကပါနေတာကိုပဲ။
သီတာအောင် (သံလွင်ခ)
ဘူစတာ
၁၉၉၈ ခုနှစ် နွေဦးပေါက် တရက် သာယာဝတီထောင်ရဲ့တိုက် ၃၊ အခန်းနံပါတ် ၅ မှာ ဟောဒီ မေတ္တာဇာတ်လမ်းလေး စ ခဲ့တယ်။ အဲဒီအချိန်က ကျနော့်အခန်းမှာ ကျနော်ရယ်၊ ဟန်ဝင်းအောင်ရယ်၊ ဝတုတ် (ခ) ခင်မောင်ဦးရယ် ၃ ယောက် နေထိုင်ကြပါတယ်။ တနေ့မှာ ဟန်ဝင်းအောင်က အပျံသင်ခါစ ခိုလေးတစ်ကောင် မပျံနိုင်ဘဲ ပြုတ်ကျလာလို့ ကောက်လာတယ်။ အဲဒီခိုလေးမှာ ဝဲတွေပေါက်နေတယ်။ တစ်ကိုယ်လုံးအဖုလေး တွေနဲ့ပေါ့။
ဟန်ဝင်းအောင်က ခိုလေးကိုအခန်းထဲမှာမွေးဖို့ အတူနေကျနော်တို့ကိုညိ‡တယ်။ အတောင် မဖြတ်ရဖူး။ ပျံနိုင်တဲ့အချိန် ကျရင် ပျံခွင့်ပေးရမယ်ဆိုတဲ့ ကျနော့်ည‡ိနှိုင်းချက်ကို သူလည်းသဘောတူတာနဲ့ ကျနော်တို့ ခိုကလေးကို မွေးဖြစ်သွားကြတယ်။ အဲဒီအချိန်တုန်းက ခိုလေးကို အထီးလား၊ အမလား ကျနော်တို့ မခွဲခြားနိုင်ကြပါဘူး။ ဒါပေမဲ့ နာမည်ရှိဖို့တော့ လိုတယ်ဆိုပြီး နာမည်စဉ်းစားကြတယ်။ နောက်ဆုံးကျနော် အဆိုပြုတဲ့ ဘူစတာ ဆိုတဲ့ နာမည်လေးကို သဘောတူလိုက်ကြတယ်။ ကျနော်က အဲဒီနာမည်လေးကို ထောင်မကျခင်က အိမ်တွေမှာ အမြဲသုံးနေတဲ့ လျှပ်စစ်မီးအား တိုးမြ‡င့်တဲ့ စက်ကလေးကို အစွဲပြုပြီး ပေးလိုက်တာပါ။ တဖက်က အဓိပ္ပါယ်ကလည်း ကျနော်တို့ အထီးကျန်နေ တဲ့အချိန်မှာ ကျနော်တို့ကို ကြည်နူးမှုလေးတချို့ ပေးစွမ်းနိုင်တယ်ဆိုတဲ့ အဓိပ္ပါယ်လေးပေါ့။
ဒီလိုနဲ့ခိုလေးရောက်လာပြီး အစပိုင်းရက်တွေမှာ ကျနော်တို့လည်းသူ့ကို အရိပ် တကြည့်ကြည့်နဲ့ပေါ့။ အစာလေးတွေ ခွံ့ကျွေးကြ၊ ရေတိုက်ကြ။ အနာတွေကို ဆေးလိမ်းပေးကြနဲ့ ကြည်နူးနေကြပါတယ်။ ခိုလေးကို တရိစ္ဆြွာန်လို့တောင် သဘောမထားဘဲ ကိုယ့်သားသမီးလိုကို ချစ်နေကြတာပါ။ ရက်အနည်းငယ်အတွင်းမှာပဲ ခိုကလေးလည်း အတော် ကျမ္မာလာတယ်။ ကျနော်တို့ရဲ့ ကြည်နူး မှုတွေမှာလည်း အပျော်တွေထပ်တိုးလာတယ်။ သူဗိုက်ဆာရင် ကျနော်တို့ကို ပွတ်သီးပွတ်သတ် လေးလုပ်။ ကျနော်တို့က လက်ဖဝါးပေါ်ကို ကုလားပဲစေ့လေးတင်ထား၊ သူကလက်ပေါ်ကို ခုန်တက်ပြီးအစာစား။သိပ်ပျော်စရာကောင်းတဲ့အချိန်လေးတွေပါ။ အဲဒီအချိန်မှာတော့ ကျနော်တို့ လည်း သူ့ကို သမီးလေးမှန်း ခွဲနိုင်ခဲ့ပါပြီ။
ဒီလိုနဲ့သမီးလေးအရွယ်ရောက်လာတဲ့အခါမှာတော့ ကျနော်တို့လည်း မိဘဝတ္တရား ကျေပါ့မလား။ ထမင်းဟင်း ကျွေးထားရုံနဲ့ လုံလောက်ပါ့မလား ဆိုတာမျိုး ပူရ ပင်ရ တာတွေရှိလာပါပြီ။ သူ့ကိုယ်သူ ရပ်တည်နိုင်အောင် ဘယ်လိုပြုစုပျိုးထောင်မလဲ။ သူ့အမျိုးအဆွေတွေကို သိအောင် ဘယ်လိုလုပ်ပေးရမလဲ။ အကယ်၍များ ငါတို့ ထောင်ပြောင်းကြရရင် ဘယ်လိုလုပ်ရပါ့မလဲ၊ စသည်ဖြင့် ကျနော်တို့ ၃ ယောက်သား ခေါင်းချင်းရိုက် တိုင်ပင်မိကြတယ်။
သူ့ကိုသဘာဝအကြောင်းသိအောင် သင်ပေးရမယ်။ သူ့ဆွေမျိုးတွေနဲ့ သူ့အသိုင်းအဝိုင်းကို သူသိအောင် သူ့အသိုင်းအဝိုင်းကသူ့ကို ပြန်လက်ခံအောင်óကိးစားရမယ်။ သူ့ဖာသာသူ အစာရှာ စားတတ်အောင် လေ့ကျင့်ပေးရမယ်။ အဲဒါမှ သူ့ကိုချစ်ရာရောက်မယ်။ ငါတို့လူသားတွေကို သူ့ရဲ့ဆွေမျိုးရယ်လို့ ထင်ယောင်နေတဲ့အမြင်မှားကို ချေဖျက်ပေးရမယ်လို့ ကျနော်တို့ ဆွေးနွေးဖြစ်ခဲ့ကြတယ်။ “သမီးရေ သမီးဟာ ငှက်လေးတစ်ကောင်ဖြစ်တယ်။ ခိုမျိုးနွယ်စုလေးပေါ့။ ငှက်ဆိုတာဟိုးလွတ်လပ်တဲ့ ကောင်းကင်ပြင် ကြီးမှာ လွတ်လွတ်လပ်လပ် ပျံသန်းခွင့်ရှိတယ်။ ပျံသန်းနိုင်တဲ့စွမ်းရည်လည်းရှိကြတယ်သမီးရဲ့။ ဒါကြောင့်ပျံနိုင်အောင် óကိးစားပါ သမီးရေ။ သမီး ပျံသန်းနိုင်အောင် အဖေတို့ ဝိုင်းñကိုးစားပေးကြမယ်”
သူနားလည်မှာမဟုတ်မှန်းသိပေမယ့် ကျနော်က အဲဒီလိုတတွတ်တွတ်ဆက်ကာ ဆက်ကာ ပြောနေမိတယ်။
‘ဖေဖေ့ဆီမှာလည်း အဖေနဲ့ အမေ ဆိုတာရှိတယ် သမီးရဲ့။ ဖေဖေရဲ့ အဖေနဲ့ အမေတို့ကအဖေ့ကိုသိပ်ချစ်ကြတာပေါ့။ ဒါပေမဲ့ မတရားတဲ့ အာဏာရှင်တွေက အဖေသိပ်ချစ်တဲ့ မိဘတွေရဲ့ ရင်ခွင်ထဲကနေ အဖေ့ကိုအတင်းလုယူလာကြပြီး ဒီလှောင်အိမ် ထဲမှာ ထားထားကြတယ်။ ဒါပေမဲ့သမီးရယ် အဖေကတော့သမီးကိဲုဒီလှောင်အိမ်ထဲမှာ မထားနိုင်ဘူး။ သမီးကို အဖေတို့နားမှာ အမြဲရှိနေစေချင်ပါတယ်၊ ဒါပေမဲ့ သမီးအဖေတို့နဲ့ မနေရဖူး။ ဟိုးလွတ်လပ်တဲ့ကောင်းကင်ကြီးထဲမှာ သမီးမြူးတူးခုန်ပေါက်ပြီး ကခုန်နေ တာကိုဘဲ အဖေမြင်ချင်တယ်။
“ခင်ဗျားကသာဒီလိုပြောနေတာသူ့ကိုလောကကြီးအကြောင်းသိအောင် ဘယ်လိုသင် ပေးမှာလဲ” ဝတုတ်က ကျနော်ပြောနေတာတွေကို နားထောင်ရင်း ထမေးပါတယ်။ ဒါကလွယ်တော့ မလွယ်ဘူး။ ဒါပေမဲ့óကိး စားလို့ရပါတယ်။ အရင်းအနှီးလိုတယ်။ အချိန်လိုတယ်။ လုပ်ပိုင်ခွင့်လိုတယ်လို့ ကျနော်ပြန်ဖြေလိုက်တယ်။ နောက်တနေ့မှာ ကျနော် ကစပြီး အဆိုပြုတယ်။
“ဟန်ဝင်းအောင်ရေæ ငါတို့ဆီမှာ ရှိနေတဲ့ ကုလားပဲ လက်နှစ်ဆုတ်စာကို ရှေ့က ကွက်လပ်ထဲမှာ ကြဲထားလိုက်။ မင်းအဲဒါကို နေ့တိုင်းလုပ်ပေးပါ။ ပြီးတော့ သမီးကို လက်ထဲမှာ အစာမကျွေးနဲ့တော့။ အောက်မှာ ချကျွေးချေတော့”
‘မစားရင် ဘယ်လိုလုပ်မလဲလို့’ ဝတုတ်က မေးပြန်ပါတယ်။ “မလိုပါဘူး။ သူဆာရင် စားလိမ့်မယ်။”
ဒီလိုနဲ့ရက်အနည်းငယ်အတွင်းမှာဘဲ သူဟာအစာကို အောက်ကနေ ကောက်စား တတ်တဲ့အကျင့် ရသွားပါတယ်။ အဲဒီကမှ နောက်တဆင့် တက်ရပါတယ်။ “သူ့ကို အခန်းထဲမှာ အစာမကျွေးနဲ့တော့ဗျာ၊ ကျနော်တို့ အခန်းရှေ့မှာ ချကျွေးမယ်”
ကျနော်တို့ ကကုလားပဲစေ့တွေကို ကျနော်တို့ရှေ့ စိုက်ခင်းထဲကိုကျဲချထားလိုက်တော့ အခြားခိုတွေလာပြီး ကျနော်တို့ကြဲထားတဲ့ ကုလားပဲတွေကို လာပြီး စားသောက်နေကြတာပေါ့။
“သမီးရေ ဟိုမှာတွေ့လား။ အဲဒါ သမီးရဲ့ ခိုမျိုးနွယ်စုတွေပေါ့။ အဲဒီထဲမှာ သမီးရဲ့ အဖေ အမေ၊ မောင်နှမ တွေရှိကြတယ်။ သွားပြီးမိတ်ဆက်ချည်။ ဆွေမျိုးတွေကိုရှာချည်ပါသမီးရယ်æ ဒါမှသမီးဟာကိုယ့်ရဲ့ မျိုးရိုးဗီဇကိုသိမှာပေါ့။ ကိုယ့်ရဲ့မိဘဆွေမျိုးကို သိမှာ ပေါ့ကလေးရဲ့”ကျနော်က တတွတ်တွတ်ရေရွတ် ပြောပြနေပေမယ့် သူမသွားပါ။ စူးစမ်းတဲ့အကြည့်နဲ့တော့ ကြည့်နေလေရဲ့။ အဲဒီလိုဘဲ အခြား ခိုတွေကလည်း သူ့ကိုစူးစမ်းတဲ့အကြည့်တွေနဲ့ ပြန်ကြည့်နေတာကို ကျနော်တို့ သတိထားမိခဲ့ကြတယ်။ ခိုတွေကြားထဲ မှာလည်း သူတို့အချင်းချင်းမေးခွန်းတွေ မေးရင်းတွတ်ထိုးနေကြတာနေမယ်ထင်ပါတယ်။
‘ဒီကောင်မ ခိုဖြစ်ပြီး လူတွေနဲ့ဘာလို့နေနေတာလဲမသိဘူး။ လူဆိုတာက ငါတို့ရဲ့ အသားကိုစားဖို့ အမြဲñကိုးစား နေတာ။ဲဒီလိုလူတွေနဲ့ အတူတူနေနေတဲ့ ခိုမကို ယုံလို့ ရမယ်မထင်ဘူး။ သူ့ကိုငါတို့ဆီ အလာခံလို့ မဖြစ်နိုင်ဘူး’ အစရှိသဖြင့်ဆွေးနွေးဝေဖန် နေကြမှာပေါ့။ သူတို့ထဲက အကောင်းမြင်တတ်တဲ့ခိုအချို့ကလည်း “အရမ်းတော့သိမ်းကြုံး မပြောပါနဲ့လေ။ လူတွေထဲမှာလည်း ကောင်းတဲ့လူတွေရှိသလို၊ ဆိုးတဲ့လူတွေလည်း ရှိတာပါဘဲ၊ ငါတို့ကိုပစ်ခတ် မစားသောက်ဘဲ ငါတို့စားဖို့ အစားကျွေးနေတဲ့လူတွေ လည်းရှိနေတာပါဘဲ။ ဒါကြောင့်လည်း ငါတို့ဒီမှာအန္တရာယ်ကင်းကင်းနဲ့
နေထိုင်စား သောက်နေကြရတာ မဟုတ်လား” လို့ ပြန်ပြောနေကြတယ် ထင်ပါရဲ့æ
သူတို့အချင်းချင်း အမြင်ဖလှယ်နေကြစဉ်ကာလမှာ ကျနော်တို့သမီးလေးကို သူတို့ အသိုင်းအဝိုင်းထဲ အဝင်မခံသေးကြပေမဲ့ ရန်မရှာကြပါဘူး။ ကျနော့်ရင်ထဲမှာတော့ ဒီအခြေအနေလေး ကို အတော်လေး ကျေနပ်နေမိတယ်။ ငါတို့ အဆင့်တခုတော့ ရောက်နေပြီ။ မကြာခင် ငါတို့သမီးလေး သူ့ဆွေသူ့မျိုးတွေကြားထဲမှာ ပျော်ပျော် ရွင်ရွင်နေနိုင်တော့မယ်။
ဒီလိုနဲ့ရက်အနည်းငယ်ကြာတော့ ကျနော်တို့သမီးလေးကြောင့် သူတို့မှာအန္တရာယ် မရှိနိုင်ဘူး ဆိုတဲ့အသိက ခိုအသိုင်း အဝိုင်းကြားကို ရောက်ရှိသွားပါတော့တယ်။ ယုံကြည်မူ တည်ဆောက်တဲ့အဆင့် ပြီးသွားခဲ့ပြီပေါ့။
သမီးလေးကလည်း ခိုတွေနားကို တဖြည်းဖြည်းနဲ့ ကပ်ရဲသွားတယ်။ ခိုတွေကလည်း သူ့ကိုနေရာပေးရဲလာတယ်။ ဘာသာစကားချင်းကလည်းတူလို့ထင်ပါရဲ့။ တသားတည်း ဖြစ်သွား ကြတယ်။ ဒါပေမဲ့ အခြားခိုတွေအစာစားပြီး အခြားနေရာကို ထွက်သွားရင် သမီးလေးက လိုက်သွားလေ့ မရှိဘဲ ကျနော်တို့အခန်းထဲကို ပြန်လာလေ့ရှိတယ်။ ညဆိုရင်လည်း ကျနော်တို့နဲ့ဘဲ အိပ်တယ်။ တကယ်တော့ အဲဒါကို ကျနော် အလိုချင်ဆုံးပါဘဲ။
ဒါပေမဲ့ သဘာဝတရားဆိုတာ တားမရပါဘူး။ ဒီလိုနဲ့နေနေကြရင်း သမီးကလည်း အပျိုပေါက်ဖြစ်လာခဲ့ပြီပေါ့။ တနေ့တော့ ခိုအုပ်လေးထဲမှာ ကျနော့်သမီးက ထူးထူးခြားခြား ခိုထီးလေးတစ်ကောင်နဲ့တွဲနေတာကို ကျနော်သတိထားမိတယ်။ သူတို့ တပူးတွဲတွဲရှိနေတာ မြင်ရတာနဲ့တင် ကျနော်ကတော်တော်ဒေါသ ထွက်နေပြီ။ ဒါ့ကြောင့်ကျနော်က ဝတုတ်ကို စိတ်ဆိုး မန်ဆိုးနဲ့ ပြောလိုက်မိတော့တယ်။
“ဝတုတ် ဟိုမှာကြည့်စမ်း၊ ဟိုကောင်ငါတို့သမီးကိုရည်းစားစကားလိုက်ပြောနေတယ် ထင်တယ်၊ ဟိုကောင်မကလည်း ပြန်óကိက်နေပုံရတယ်ကွ။ အရွယ်က မရောက်သေးဘူး။ ကိုယ့်ခြေထောက်ပေါ်တောင် ကိုယ်မရပ်နိုင်သေးဖူး။ လင်ကလိုချင် နေပြီ။ အခုခေတ်ကလေးတွေများ တော်တော်ခက်တယ်ကွာ။ ပြန်လာရင်တော့တွေ့မယ်။ နောက် နေ့ကျရင် အပြင်ကို ပေးမ ထွက်တော့ဘူး”
ဒီလိုနဲ့ နောက်တနေ့မှာ ကျနော်က သူ့ကို အပြင်ပေးမထွက်တော့ဘဲ တံခါးတွေကို အသေပိတ်ထားလိုက်တယ်။ ရုပ်ရှင်တွေထဲက ခတ်နောက်ကျတဲ့ အဖေ တွေရဲ့ အမူအယာအတိုင်း သရုပ်ဆောင်ရင်း ဒီနေ့ကစပြီး သမီးအပြင်မထွက်ရဖူး၊ ဘယ်သူမှတံခါးဖွင့်မပေးရဆိုပြီး တချက်လွတ်အမိန့်ထုတ်လိုက်ပါတယ်။ အစာနဲ့ရေကို လည်းအခန်းထဲမှာဘဲကျွေးပါတယ်။ ဒါပေမဲ့ သမီးကအာဂခိုမပါ၊ အစာမစားဖူးဗျ။ ရေလည်းမသောက်ဖူး။ အစာငတ်ခံဆန္ဒပြတော့တာဘဲ။ ကျနော်လည်းဘာလုပ်ရမှန်း မသိကို ဖြစ်သွားတော့တယ်။
ဒီကြားထဲသူ့ချစ်သူကလည်း အပြင်ကနေ ဘာသာဘာဝ ဖိုသံလာပေးတာပေါ့။ သူကလည်း အပြင်ထွက်ဖို့ အတင်းñကိုးစား၊ ကျနော်ကလည်း ဟန့်တားနဲ့ သုံးပွင့်ဆိုင် အချစ်ပြဇာတ် တစ်ပုဒ် ကနေရသလိုဖြစ်နေခဲ့တယ်။ သုံးပွင့်ဆိုင်ဆို ပေမဲ့ ၅၂၈ နဲ့ ၁၅ဝဝကြားကအားပြိုင်မှုဆိုတော့ အတော်စိတ်ဝင်စားစရာကောင်းနေတာပေါ့။
နောက်ဆုံးတော့ မိဘကပဲအလျော့ပေးရတာဘဲ။ ကိုယ့်သမီးစိတ်ဆင်းရဲ၊ဒုက္ခ ရောက်နေတာကို မကြည့်ရက်ဘူးလေ။ ညနေစောင်းမှာတော့ ကျနော်က တံခါးဖွင့်ပေးလိုက်တယ်။ တံခါးဖွင့်ပေး လိုက်တယ်ဆိုတာနဲ့ နောက်ကိုမကြည့်တော့ဘဲ ထွက် သွားတော့တာဘဲ။ ဒါပေမယ့်တော်ပါသေးရဲ့၊ ညကျတော့အိမ်ပြန်လာတယ်လေ။
နောက်နေ့တွေမှာတော့ ပုံမှန်ပါဘဲ။ မနက်ဆိုထွက်သွား။ ညနေဆိုရင်ပြန်လာ။ တနေ့တော့ကျနော်တို့သမီးလေးဟာ အခြားခိုတွေနဲ့အတူတူ ကျနော်တို့ မျက်နှာချင်းဆိုင် နှစ်ထပ်တိုက်ရဲ့ခေါင်မိုးပေါ်မှာ ပျော်ရွင်နေတာတွေ့ရတယ်။ အဲဒီအချိန်မှာ မိုးတွေအုံ့ပြီး သည်းကြီးမည်းကြီး ရွာတော့မဲ့ပုံပေါ်နေတယ်။ ကျနော့်ရင်ထဲမှာတော့ စိုးရိမ်နေလိုက်တာ။ မိုးရွာရင် သမီးလေး ဘယ်လိုလုပ်မလဲ၊ မိုးလွတ်ရာခိုတတ်ပါ့မလား စိုးရိမ်စိတ်တွေနဲ့ ပူလောင်လို့။ သူကတော့ ဒါတွေကိုတွေးနေမှာ မဟုတ်ပါဘူး။ ကြိုတင်ပြင်ဆင်ရမယ်ဆိုတာကို သူသိမှသိပါ့မလား။ ဒါပေမဲ့သူ့ကောင်လေးကတော့ အတွေ့အñကံရှိတာဘဲလေ၊ မိုးလွတ်ရာကို ခေါ်သွားမှာပေါ့လို့ ဖြေတွေးတွေးနေတုံးမှာဘဲ အခြားခိုလေးတွေက မိုးလွတ်ရာဖက်ကို ပျံထွက်သွားကြပါတော့တယ်။ သမီးလေး ကတော့ မိုးးလွတ်ရာကို သွားရမယ်ဆိုတာကို နားမလည်ဘဲ ခေါင်မိုးပေါ်မှာ ရပ်မြဲဆက်ရပ်နေပါတယ်။ မကြာခင်မှာ မိုးက သည်းကြီးမည်းကြီးကိုရွာပါတော့တယ်။ ကျနော်တို့က လည်း အခန်းအပြင်ကိုမထွက်နိုင်တော့ အခန်းထဲကနေဘဲ ‘သမီးရေ ပြန်လာခဲ့ ပြန်လာခဲ့’ လို့ အော်ခေါ်နေပေမဲ့ သူကမကြားဘဲဆက်ရပ်နေပါတယ်။
မိုးတိတ်သွားပြီးတဲ့အခါကျတော့မှ သမီးလေးကခေါင်မိုးကနေ ပြန်ဆင်းလာပြီး အခန်းထဲကို တလှမ်းချင်းလျှောက်လာပါတယ်။ ကျနော်တို့ကလည်းစိုးရိမ်တကြီး ဆီးကြိုကြရတာပေါ့။ “ဟင် ဒုက္ခရောက်မှမိဘဆီပြန်လာတယ်။ ပြီးရင် ပြန်ထွက်သွားအုံးမှာ မဟုတ်လား” လို့ ဗျစ်တောက် ဗျစ်တောက် ပြောနေရင်း နဲ့ဘဲ ရေသုတ်ပေးနေမိပါတယ်။
မိုးလုံးဝတိတ်သွားပြီး အခြားခိုတွေလည်း ကျနော်တို့တိုက်ရှေ့နားကို အစာလာပြန်စားတဲ့ အခါမှာတော့ သမီးက အဲဒီခိုလေးတွေဆီကို ပြန်ရောက်သွားပြန်ပါတယ်။နောက်တနေ့မှာတော့ ထုံးစံအတိုင်း မနက်ဖက်ထွက်သွားပြီး ညနေပြန် ရောက်လာမယ်ထင်ပေမဲ့ ပြန်ရောက်လာ နေကျအချိန်မှာ ပြန်ရောက်မလာတော့ပါဘူး။ သမီးလေး တော့ ငါတို့ကိုခွဲသွားပြီဆိုတဲ့သောကက ကျနော်တို့ကို အိပ်မရဖြစ်စေ ခဲ့ပါတယ်။ နောက်နေ့ တွေမှာသမီးက တရက်ခြားပြန်လာတယ်။ တရက်ခြားသော်ငြားလည်း သမီးကိုမြင်တွေ့ခွင့် နေရသေးတာ ကိုပဲ ကျနော်တို့ ကျေနပ်ပျော်ရွှင်နေမိပါတယ်။ တဖြည်းဖြည်းနဲ့ နှစ်ရက်ခြား။ နောက်တော့သုံးရက်ခြားမှ ရောက်ရောက်လာ တော့တယ်။ ဒီလိုနဲ့ခြားတဲ့ရက်တွေများလာရင်းကနေ သမီးလေးကို လုံးဝ မတွေ့ရတော့ပါဘူး။
ကျနော်တို့သမီးလေးကိုလွမ်းပါတယ်။ သမီးနဲ့ ကယုကယ ပျော်ရွှင်ခဲ့တဲ့အချိန်တွေဟာ ကျနော်တို့ဘဝရဲ့ အရေးပါတဲ့ အချိန်တွေဖြစ်ခဲ့ပါတယ်။ သမီးရဲ့ချောမွတ်မွတ် ငှက်တောင်မွေးလေးတွေကို ပွတ်သပ်ရင်း သမီးကိုချော့မြူချင်ပါသေးတယ်။သမီးကတော့ ကျနော်တို့ရဲ့အလွမ်းတွေ၊ ကျနော်တို့ရဲ့ ဆန္ဒတွေကို သိနိုင်မှာ မဟုတ်ပါဘူး။ လွတ်လပ်တဲ့မိုးကောင်းကင်မှာ ပျော်ပျော်ရွင်ရွင်ပျံသန်းနေမယ့် သမီးလေး အကြောင်းကိုတွေးရင်း ပီတိဖြစ်နေတဲ့ လူ ၃ ယောက်ကတော့ သမီးခေတ္တနားခိုခဲ့ဖူးရာ လှောင်အိမ်ကလေး ထဲမှာပဲ ရှိနေပါသေးတယ်။ပျံသန်းနေတဲ့ခိုကလေးတွေကိုတွေ့တိုင်း သူတို့သမီးလေး ‘ဘူစတာ’ လားလို့ လိုက်ရှာကြည့်နေရင်း သူတို့လည်း သူတို့သမီးလေးလို လိုရာပျံသန်း ခွင့်ရနိုင်မယ့် ရက် ကို ဆက်စောင့်နေကြလေရဲ့။
ဘိုကြည်
ကြိုးပြတ်စွန်
“အမလေး ကိုရင်သာမောင်ရဲ့ ကျုပ်ရင်တွေပူလှပြီတော့ ကျုပ်သားလေး သွားရှာပေးပါဦး.. ကျုပ်သားတခုခုဖြစ်နေပြီ ထင်ပါရဲ့တော်”
“မယ်လှရယ်.. မင်းကလဲအစိုးရိမ်ကြီးရန်ကော၊ မင်းသားပြန်လာမှာပါ၊ ခဏ စောင့်ပါဦး လားကွာ”
“အော် ကိုရင်ရဲ့ ကျုပ်သားအကြောင်း ကျုပ်အသိဆုံးပါ။ ဘယ်သွားမယ် ဘယ်အချိန် ပြန်လာမယ်ဆိုတာ အမြဲပြောသွားတဲ့ကလေး၊ အခုလဲ ဟိုဖက်လမ်းထဲက သူ့သူငယ်ချင်းအိမ်မှာ စာအုပ်သွားငှားဦးမယ် ခဏပါပဲဆိုပြီး ထွက်သွားလိုက်တာ မိုးတောင်ချုပ်လုပြီး ကျုပ်ပူရတာပေါ့”
“အေးပါ မယ်လှရာ မိုးချုပ်လို့မှ မလာရင် ငါလိုက်စုံစမ်းပေးပါမယ့်ကွာ”
“တော်ကလဲတော် မိုးချုပ်အောင်ပဲ စောင့်နေရတယ်လို့ ကျုပ်ရင်တွေမီးတောက်နေပြီတော့ ကျုပ်သား ဘယ်တုန်းကမှ နေဝင်မိုးချုပ်နေဘူးတာ မဟုတ်ဘူး.. ဘုရားဘုရား သားလေး ဘေးမသီ ရန်မခပါစေနဲ့ ခလုတ်မထိ ဆူးမငြိပါစေနဲ့တော်”
“ကဲကဲ့  မယ်လှ တဗြစ်ဗြစ်တောက်တောက်လုပ်မနေနဲ့ငါ ရပ်ကွက်ထဲ သွားစုံစမ်းကြည့်မယ်.. သူ့သူယ်ချင်းအိမ်လဲဝင်ခဲ့မယ် မင်းစိတ်အေးအေးထားပြီး ကျန်ခဲ့ပါကွာ”
ဂဂဂဂဂဂဂဂဂဂဂဂဂ
ဦးသာမောင် ၊ ဒေါ်မယ်လှတို့လင်မယားသည် ရန်ကုန်မြို့ ဆင်ခြေပုံး ရပ်ကွက်တခုဖြစ်သော ရွေပြည်သာ၊ ခေါင် သုံးလုံးရပ်ကွက်တွင် နေထိုင်ကြပြီး ကိုသာမောင်သည် ကျပန်းအလုပ်၊ တခါတလေ ပွဲစားအလုပ်ကလေးလုပ်ရင်း မိသားစုတဝမ်းတခါးလှဖို့ကြိုးပမ်းနေလေ၏။
ဒေါ်မယ်လှသည်လည်း တဖက်တလမ်းမှ အိမ်စားရိတ် ကာမိရန်အရေး၊ အိမ်ရှေ့လမ်းဘေး တွင် အကြော်စုံ ရောင်းရင်း နေထိုင်ကြသော အခြေခံလူတန်းစားများထဲက ရိုးရိုးသားသား လုပ်ကိုင်နေထိုင်ကြသော မိသားစုလေး တခုဖြစ်ပါသည်။
သူတို့လင်မယားအသက်ကြီးကာမှ သားလေး မောင်ရန်အေးကို မွေးဖွားလာခဲ့ပါသည်။ တဦးတည်းသောသား လေးဖြစ်လို့ လင်မယားနှစ်ယောက်မှာ အချစ်ကြီးချစ်ကာ အရိပ်တကြည့်ကြည့် နဲ့နေလာလိုက်တာ မောင်ရန်အေး (၁၄) နှစ်သား ၈တန်းကျောင်းသား ကြီးအရွယ် ရောက်လာ ပါတော့သည်။ တဦးတည်းသောသားလေး ဖြစ်လင့်ကစား မောင်ရန်အေးလေးဟာ လိမ္မာရေးခြားရှိပြီး အတန်းပညာမှာလဲ ထူးချွန်လေတော့ အတန်းထဲတွင် အမြဲဗိုလ်စွဲကာ လူတကာချီးမွန်းခံရသည့် သွက်လက်ချက်ခြာသော သားလိမ္မာလေး ဖြစ်လေသည်။ မောင်ရန်အေး လေးက သူကြီးလာရင် အင်ဂျင်နီယာကြီးလုပ်ကာ မိဘနှစ်ပါးကို ရှာကျွေးဦးမှာဆိုသော စကားသည် ဒေါ်မယ်လှ ပန်းသမျှ နွမ်းသမျှတွေကို လန်းစေခဲ့ရလေသည်။
ဒါကြောင့်လဲ ဒေါ်မယ်လှတယောက် သားပညာရေး အထောက်အပံ့ရစေရန် ဝါးကျည် တောက်ကြီး ထဲမှာ မစားရက်မသောက်ရက် ငွေတွေ စုလာလိုက်တာ သားတသက်ပင်ရှိချေပြီ။ ဝါးကျည်တောက်ကြီးကိုကြည့်ပြီး ငါ့သား အင်ဂျင်နီယာကြီးအတွက်ဆိုကာ ပီတီတွေဖြာလို့ အေးချမ်း သာယာစွာ နေလာခဲ့ကြတဲ့ သူတို့ရဲ့ဘဝထဲကို မမျှော်လင့်ပဲ သောကမုန်တိုင်းတိုက်ခိုက်လို့ ကံဆိုး မိုးမှောင် ကြခဲ့ရပါလေတော့သည်။
ဂဂဂဂဂဂဂဂဂဂဂဂဂဂဂဂဂဂဂဂဂဂဂဂဂ
“မမယ်လှ တော်တို့လင်မယားနှစ်ယောက် ဆူညံဆူညံ အသံတွေကြားလို့ဘာဖြစ်လဲလို့ လာကြည့်တာပါ”
“ခင်မြရေ.. လာလာ အတော်ပဲ ညည်းလာလို့ပြောရအုံးမယ်။ ငါ့သားလေးဟိုဖက်လမ်းထဲ စာအုပ်ငှားဆို ပြီးထွက်သွားလိုက်တာ ပြန်မလာသေးလို့ ကိုသာမောင်ကို လိုက်ကြည့်ခိုင်းတာပါအေ”
“မမယ်လှရေ မဟုတ်မှလွဲရော.. ဖွဟဲ့.. လွဲပါစေဖယ်ပါစေ.. မဟုတ်ပါစေနဲ့တော်”
“ဟဲ့.. ခင်မြ နင့်ဟာကလဲ အရင်းမရှိ အဖျားမရှိနဲ့ ဘာလဲဟဲ့”
“မမယ်လှ ကျုပ်ကြားနေတာကြာပြီ အခုတလော ကျုပ်တို့လို ဆင်းရဲသားရပ်ကွက်တွေမှာ မောင်ရန်အေး အရွယ်လေးတွေ ပျောက်ပျောက်ကုန်သတဲ့.. ကလေးစစ်သားဆိုလား.. ဘာလားပဲတော် ဖမ်းဖမ်းသွားတယ်လို့ ပြောတယ်”
“ဟဲ့..ခင်မြ ဟုတ်ရဲ့လား ငါကြားဖူးတာက အဲ့ဒီလိုဟာတွေက နယ်တွေမှာ ဖြစ်တာလေ တောတွေမှာ ဖြစ်တာပါအေ ခုဟာက ကျုပ်တို့က ရန်ကုန်မြို့ကြီးပေါ်မှာ နေတာပါအေ့”
“ဟုတ်တယ်.. မမယ်လှ အရင်က နယ်တွေမှာပဲ ရှိတာ အခုရန်ကုန်မှာတောင် ရှိနေပြီအေ့.. ညည်းမယုံမရှိနဲ့ တော်ကြာ ကိုယ်တွေကြုံနေရဦးမယ် ဟော့..ဟိုမှာ ညည်းယောကျာ်း ပြန်လာ ပြီ..ကျုပ်ပြန်တော့မယ်”
“ကိုသာမောင် သားသတင်း ဘာကြားခဲ့လဲ”
ဒေါ်မယ်လှအမောတကောနဲ့မေးသည်ကို ပင့်သက်ရှိုက်ကာ ပြန်ဖြေလိုက်သည့်ဦးသာမောင်..
“ငါ ရပ်ကွက်ရုံးမှာ ကလေးပျောက်တိုင်ခဲ့တယ်။ သားသူငယ်ချင်းအိမ်လဲရောက်ခဲ့တယ်.. မင်းသားစာအုပ်ငှားပြီးပြန်သွားတာ ကြာပြီတဲ့”
“ဟုတ်ပါပြီ ဟုတ်ပါပြီ”
“ဟဲ့.. ဘာတွေဟုတ်နေတာလဲ မယ်လှရဲ့”
“အခုဘဲ ဘေးအိမ်က ခင်မြပြောသွားတယ် ကလေးစစ်သားလုပ်ဘို့ကလေးတွေ လိုက်ဖမ်းနေတယ်တဲ့..အမလေးကိုရင်ရဲ့ ကျုပ်တို့ကိုယ်ကျိုးနဲပြီးထင်ပါတယ်တော်”ဟုပြောပြီး အရုပ်ကြိုးပြတ်လဲကျသွားလေသည်။
“မယ်လှ.. မယ်လှ သတိထားလေ.. သတိထားလေ ”
“သတိရပြီလား ရော့ရော့ ရေသောက်လိုက်ဦး ၊၊ ငါလဲငါ့သားလေးအတွက် စိတ်ပူနေပါ တယ်ကွာ .. မင်းရင်ထဲက အပူကိုနားလည်ပါတယ်ကွာ.. မနက်ရောက်တော့ ငါလိုက်စုံစမ်းပါမယ့်ကွာ..”
“အော် ကိုရင်ရဲ့ ကျုပ်ဘယ်လိုနေရမှာလဲ ကျုပ်ရင်တွေဗလောင်ဆူနေပြီတော့.. အင်ဂျင် နီယာကြီး ဖြစ်ချင်တဲ့ကျုပ်သားကလေး စစ်သားအဖြစ်အဖမ်းခံရပြီထင်ပါရဲ့တော်” ငိုကြီးချက်မနဲ့ ပြောရင်းထပ်မံ လဲကျသွားလေသည်။
ဂဂဂဂဂဂဂဂဂဂဂဂဂဂဂဂဂဂဂဂဂဂဂဂဂဂဂဂဂဂဂဂဂဂဂ
နောက်တနေ့မနက် ကိုရင်သာမောင်တယောက် သားပျောက်ရှာပုံတော် ဖွင့်ရပါလေ တော့သည်။ပွဲစားလဲလုပ်တဲ့ ကိုရင်သာမောင် အပေါင်းသင်းမိတ်ဆွေများလေတော့ သားသတင်း စနည်းနာဘို့ လေးလံတဲ့ခြေလမ်းတွေနဲ့ အိမ် မှ ထွက်လာခဲ့ပါသည်။ ဒေါ်မယ်လှ ခမျာမှာတော့ သားစိတ်နဲ့အိပ်ရာထဲဘုံးဘုံးလဲ၊ အကြော်လဲမကြော်နိုင်၊ ပဋာ မြေလူးအဖြစ်နဲ့ အိပ်ရာပေါ်မှာ မျက်ရည်မျက်ခွက်ဖြင့် ကျန်ရစ်ခဲ့ရပါတော့သည်။
နေ့ရက်တွေ ကုန်ဆုံးလာလိုက်တာ တလဆိုတာ ဘယ်လိုကုန်ဆုံးသွားမှန်း မသိအောင်ပါပဲ။ မမယ်လှခမျာ မှာတော့ သားလေးနဲ့ခွဲနေရတဲ့ တလဆိုတဲ့ အချိန်အတွင်းမှာ နေ့တွေ လတွေဟာ သူ့ဘဝအတွက်တော့ တကမBာလိုပါပဲ ၊ နေ့တွေလတွေ ရှည်ကြာပါဘိ။
“မယ်လှရေ မယ်လှ မင်းစိတ်မပူနဲ့တော့ ငါအခုအဆက်အသွယ် တခုရခဲ့ပြီကွ့ ငါတို့ ရဲ့သားလေးကို ငါတို့အခု ကယ်နိုင်တော့မှာဟ”
အိပ်ရာထဲ မီးစာကုန်ဆီခန်းဖြစ်နေတဲ့ ဒေါ်မယ်လှ သားစကားကို ကြားတဲ့အခါမှာတော့ ငေါက်ခနဲထထိုင်ရင်း
“ဘယ်လိုဘယ်လို ကျုပ်သားနဲ့ပြန်တွေရတော့မယ်ဟုတ်လား”
“ဟုတ်တယ် မယ်လှ ငါ့မိတ်ဆွေတယောက် ဆက်သွယ်ပေးလို့ ဟိုဘက်တလမ်းကျော်က တပ်ကြပ်ကြီးဟောင်းတဦးနဲ့တွေ့ခဲ့ရတယ်။ ငါ့မိတ်ဆွေနဲ့ အဲ့ဒီတပ်ကြပ်ကြီးက ညီအကိုရင်းလို ခင်ကြတယ် ကွ”
“ဟုတ်လား သူက ကျုပ်တို့ကိုဘယ်လိုကူညီမှာလဲတော့”
“ဖြေးဖြေးပြောပါ မယ်လှရာ ငါရှင်းပြပါ့မယ် ၊၊ ငါက ငါတို့သားလေးအကြောင်းနဲ့ သူ့အမေ မင်းဟာ သားစိတ်နဲ့ အိပ်ရာထဲလဲလို့ လုံးပါး ပါးတော့မယ် အကိုရာ၊ ကျနော်တို့မိသားစုဘဝလေးကို ကယ်ပါဦးဆိုပြီး ပြောတာပေါ့ ၊၊ နောက်ဆုံးငါတို့ကို သနားတာရော ငါ့သူငယ်ချင်း မျက်နှာရောပေါ့ကွာ.. သူကူညီမယ်ဆိုပြီး ဖြစ်သွားလေရဲ့”
“အမလေး..မောင်မင်းကြီးသား ကျန်းမာပါစေ.. ချမ်းသာပါစေ.. သက်တော်ရာကျော် ရှည်ပါစေတော်”
“မယ်လှ ဆုတွေပေးမနေနဲ့ဦး ငါ့စကားဆုံးအောင်နားထောင်ဦး မင်းပေးရမှာတွေ ကျန် သေး သလားဟ”
“ဘာများတုန်းတော့”
“အေး..ငါတို့ကိုကူညီမယ့်တပ်ကြပ်ကြီးကို ငွေ၈သိန်းပေးရမှာ”
“ဗုဒ္ဓြေွါ.. ကျုပ်တို့မှာငွေ၈သိန်းမပြောနဲ့ ၈ထောင်တောင်မရှိတာတော်..ကျုပ်တို့ဘဝတွေက တနေ့လုပ်မှ တနေ့စားဘဝပါတော်.. ”
“ကိုရင်..ကျုပ်တို့ ဒီငွေမပေးနိုင်ရင် ကျုပ်သားနဲ့ပြန်မတွေရတော့ဘူးပေါ့ ဟုတ်လားကိုရင်ရယ် ကျုပ်တို့အခြေအနေကိုပြောပြပြီး တပ်ကြပ်ကြီးကိုဈေးဆစ်ကြည့်ပါဦးလားတော်”
“ငါလဲ အဲ့လောက်ဘယ်ညံ့မလဲ မယ်လှရာ.. အဲ့ဒီတပ်ကြပ်ကြီးရဲ့ခြေသလုံးကိုဖက်ပြီး ရှိခိုးဦးတင်ပြောတာပေါ့ကွာ၊၊ နောက်ဆုံး ငါတို့ကိုငဲ့ညာပြီး ငွေ ၅ သိန်းနဲ့ဖြစ်အောင် လုပ်ပေးမယ်လို့ ပြောသကွ.. ငါ့သူငယ်ချင်းကလဲ အဲ့ဒီငွေ ၅ သိန်းတော့ ရအောင်ရှာခဲ့တဲ့ကွ”
“ကိုရင် ကျုပ်တို့တွေမှာ ရွှေဆိုလို့ မူးလို့ ရူစရာတောင်မရှိ၊ ပေါင်နှံရောင်းချစရာဆိုတာလဲ နတ္ထိမဟုတ်လား ကျုပ်တို့ အဲ့ဒီငွေတွေကိုဘယ်လိုရှာကြမှာလဲတော်”
“ကိုရင်ရေ.. ကျုပ်သတိရပြီတော့.. ကျုပ်သားလေး အင်ဂျင်နီယာကျောင်းတတ်ဘို့ စုထားတဲ့ပိုက်ဆံတွေလေ ဝါးကျည်တောက်ထဲ ပြည့်နေပေါ့.ကျုပ်မစားရက် မသောက်ရက် သားပညာရေးအတွက်စုထားတဲ့ ဝါးကျည် တောက်ထဲမှာ အနည်းဆုံးငွေ ၁ သိန်းကျော်တော့ ရှိမှာ တော့”
“စိတ်အေးအေးထား မယ်လှရာ ကိုယ့်ဝမ်းနာကိုယ်သာသိဆိုပေမယ့် ငါယောကျာ်းပါကွ။ ငါ့သားအတွက်ငါကြံပါဖန်ပါဦးမယ်ကွာ.. မင်းသာ မင်းသားနဲ့ ပြန်တွေ့နိုင်အောင် ကိုယ့်ကျန်းမာရေး ကိုယ် ဂရုစိုက်ပါကွာ။ မင်းကိုယ် မင်းလဲ မှန်ထဲပြန်ကြည့်ပါဦး ယူပစ်သလိုကျသွား လိုက်တာမိန်းမရာ.. ငါ့မှာ သားအတွက်ပူရ မင်းအတွက် စိတ်မ အေးရနဲ့ ဖြစ်နေရတာကွ”
“အေးပါတော် ကျုပ်အားတက်လာပါပြီ။ ကျုပ် နေကောင်းတော့မှာပါ”
နောက်တနေ့ ကိုရင်သာမောင်တယောက် မှိုရတဲ့မျက်နှာနဲ့အိမ်ပြန်အလာ ဇနီးဖြစ်သူက
“ကိုရင်.. ပိုက်ဆံကိစ္စအဆင်ပြေလာပြီလား ကျုပ်တော့ကျုပ်သား ဝါးကျည်တောက်ကြီး ခွဲလိုက်တာ ၁ သိန်းခွဲ ကျော်ရှိသတော့”
“အေး.. မင်းတို့ငါတို့အဖြစ်ကို မမြင်ရက်လို့ ငါ့သူငယ်ချင်းက သူ့ သူဌေးဆီမှာ ၁ဝ တိုးနဲ့ ငွေချေးပေးမတဲ့ကွ တ နှစ်အတွင်းတော့ ပြန်ဆပ်ရမှာတဲ့လေ”
“ကျေးဇူးကြီးလှပါပေတယ်တော်.. ကျုပ် အဲ့ဒီပိုက်ဆံမကျေမခြင်း အကြော်ရောင်းပြီး ဆပ်ပါ့မယ် တနေ့ထမင်း တနပ်ပဲစားပြီး ကျုပ်ငွေစုပါ့မယ့်.. ကျုပ်သားလေးကို ကျန်းကျန်းမာမာနဲ့ ပြန်တွေ့ရရင် ကျုပ်သေပျော်ပါပြီတော်”
ဂဂဂဂဂဂဂဂဂဂဂဂဂဂဂဂဂဂဂဂဂဂဂဂဂဂဂ
တပတ်ကြာသောအခါ တပ်ကြပ်ကြီးကို ငွေ ၅ သိန်းပေးလိုက်နိုင်ပြီဆိုလျှင်ပဲ ၂ ရက်အတွင်း ကိုသာမောင်တို့ဇနီးမောင်နှံ သားကိုတွေ့ခွင့်ရတော့မည် ဖြစ်လေသည်။ ငွေမျက်နှာကြီးမှုကို ဒေါ်မယ်လှ တယောက် စဉ်းစားရင်း အတွေးနယ်ချဲ့နေပါတော့သည်။ သြော် ငါတို့တောင် ကံကောင်းထောက်မလို့ ပိုက်ဆံချေးမယ့်သူကလည်းရှိ၊ ကိုသာမောင်ကလည်း အဆက် အသွယ်ကောင်းပေလို့သာဘဲ။ တကယ်လို့များ စားဝတ်နေရေးအတွက် မပြေမလည်နဲ့ ရုံးကန်နေကြရတဲ့ သူ တွေအတွက်ကတော့ ကလေး ပျောက်သွားတာကိုဘဲ သိလိုက်ကြရမှာ။ ဘယ်မှာ ရှာလို့ရှာရမှန်းမသိ ဒီအတိုင်း လက်ပိုက် ကြည့်ပြီး မိမိတို့ရဲ့ ရင်သွေးတွေနဲ့ ရှင်ကွဲ ကွဲကုန်ကြတာတွေ ဘယ်အထိတောင် ရှိနေကြပြီလည်း နော်.. သားပျောက်မိခင်တွေရဲ့ မျက်ရည်တွေဟာ ငါတို့ မြန်မာပြည်အနှံ့မှာ ပင်လယ်ဝေနေကြပြီထင်ပါရဲ့။ ဘုရာ့း့ ဘုရား သမုဒ္ဒရာအဖြစ် ရောက်မသွားပါစေနဲ့။
အပျော်ကြီးပျော်နေတဲ့ဒေါ်မယ်လှတို့ ဇနီးမောင်နှံ ရင်ကွဲပက်လက်ဖြစ်ရတဲ့ နေ့ကတော့ သားမောင်ရန်အေးကိုသွားရောက်ခေါ်ယူတဲ့ နေ့ပဲဖြစ်ပါတော့သည်။ တပ်ကြပ်ကြီးဟောင်းဆိုသူက ဦးဆောင်ခေါ်လာရာနောက်မှာကိုသာမောင်တို့ ထပ်ကြပ်မကွာလိုက်ပါလာကြသည်။
စစ်သားစုစောင်းရေးတပ်ထဲ ဝင်လိုက်တယ်ဆိုရင်ပဲ ငွေလမ်းခင်းထားတဲ့ တပ်ကြပ်ကြီး ဟောင်းက ဦးဆောင်ကာ လူပ်ရှားလေတော့သည်။
“ဆရာကျော်ရေ.. ဒါကျနော့်အကိုနဲ့အမဗျာ.. ဆရာကျော်ကိုကျနော်ပြောထားတာလေ သူတို့ရဲ့သားလေးပေါ့ အကိုနဲ့အမကဗျာ သူတို့ရဲ့သားကို ၁ဝ တန်းအောင်တဲ့အထိ ကျောင်းထား ပေးချင်သတဲ့။ ၁ဝတန်းအောင်မှ ဥဤှတိုှီ့ဗ တို့ဖြေပြီး တပ်ထဲဝင်စေချင်ကြတာလေ.. အဲ့တာကြောင့် ကျနော်ပြန်လာခေါ်တာပါ”
သူတို့ချင်းအပေးအယူ လုပ်ထားပြီးသားဆိုတော့ သိပ်ရှည်ရှည်ဝေးဝေးပြောမနေရတော့ပါပဲ ကလေးကို ခေါ်လာ ပါတော့သည်။ ဆရာကျော်နောက်မှာ ကတုံးစတောက်နဲ့ထုံထုံထိုင်းထိုင်းဖြစ်နေတဲ့ မောင်ရန်အေး လိုက်ပါလာ ပါတော့သည်။ မိဘနှစ်ပါးရှေ့ရောက်တယ်ဆိုရင်ပဲ မောင်ရန်အေးဟာ ကောက်ခါငင်ကာနဲ့
“မိဘကိုလုပ်ကြွေးဖို့စစ်ထဲဝင်တာ၊ တိုင်းပြည်နဲ့လူမျိုးအတွက် စစ်ထဲဝင်တာ” ဆိုတဲ့စကား နှစ်ခွန်း ကို လက်သီးလက်မောင်းတန်းကာ ကြက်တူရွေးစာချသည့်နှယ် တရစပ်ရွတ်ဆိုနေပါ တော့သည်။ အဲ့ဒီအချိန်မှာပဲ အတူ လိုက်ပါလာတဲ့ တပ်ကြပ်ကြီးက လိမ္မာပါးနပ်စွာနဲ့ မောင်ရန်အေး ကျောကို သပ်ရင်း
“အေးပါ ငါ့တူရာ.. မင်းစိတ် ဓါတ်ကိုလေးစားပါတယ်ကွာ.. အခုတော့ မင်းအဖေနဲ့ မင်းအမေက မင်းကို ၁ဝ တန်းအောင်တဲ့အထိ စာသင်စေချင်သတဲ့ကွ.. အဲ့တာ ဦးတို့နဲ့ ပြန်လိုက်ခဲ့နော်.. ၁ဝ တန်းအောင်ပြီးမှစစ်ဗိုလ်ကြီး လုပ်ကွနော်” လို့ပြောကာ ကလေးကို ပြန်ခေါ်ဆောင် လာပါ တော့သည်။
အပြန်လမ်းမှာ အားလုံးတိတ်ဆိတ်စွာလိုက်ပါလာကြရင်း မောင်ရန်အေး တဦးတည်း သာလျှင် “တိုင်းပြည်ကိုချစ် လို့စစ်ထဲဝင်တာ၊ မိဘာကိုလုပ်ကြွေးဖို့စစ်ထဲဝင်တာ” ဆိုသောစကား ကိုသာ ထပ်တလဲလဲရွတ်ဆိုရင်း သံပတ် ပေးထားသော စက်ရုပ်တရုပ်ပမာ လိုက်ပါလာပါတော့သည်။
ဦးသာမောင်မှာ မျက်စိမျက်နှာမကောင်းပေမယ့် ယောကျာ်းဆိုတော့ ဟန်ပြင်းလို့မာန်တင်းနိုင်ခဲ့ပေမယ့် ဒေါ်မယ် လှခမျာမှာတော့ သားတော်မောင်ကိုကြည့်ပြီး ကမBာပျက်မတတ် ခံစားနေရပါတော့သည်။ မောင်ရန်အေးလေး ရဲ့ အဆက်မပြတ်စကားသံတွေဟာ သူမရဲ့ရင်ကို နာကျင်စေပါတော့သည်။
အများရှေ့မှာ ဟန်ဆောင်မျိုသိပ်ကာ လိုက်ပါလာတဲ့ ဒေါ်မယ်လှတယောက် မျက်လုံးအိမ် အတွင်းမှာတော့ မျက်ရည်တွေဝေလို့နေပါတော့သည်။ သားအဖြစ်ကို မမြင်ရက်မကြည့်ရက်နဲ့ နှလုံးအိမ်မှာ တနုံ့နုံ့ခံစားကာ အ သက်မဲ့သူတယောက်ပမာ လိုက်ပါလို့လာရင်း အိမ်ရောက်တယ် ဆိုရင်ဘဲ ဒေါ်မယ်လှတယောက် ဟန်ဆောင် ရတာတွေကို အိပ်သွန်ဖာမှောက် အန်ထုတ်ပြီး သား မောင်ရန်အေးကိုဖက်ကာ အောက်ပါအတိုင်း ငိုခြင်းချ လိုက်ပါတော့သည်။
“အမလေး.. ကိုသာမောင်ရဲ့ ကျုပ်သားလေး ဘဝပျက်ပါပြီတော့.. မိမွေးဖမွေးတိုင်း ပြန်ကောင်းလာပါ့ဦးမလားတော့” ဟူသတည်း။
လေးလေး - တိုကျို
သပွတ်အိုင်
နဝမအကြိမ်မြောက် ကျေးရွာ ဥက္ကဌ ရွေးချယ်ပွဲ အတွက် သပွတ်အိုင် ရွာသားတို့ စိတ်စောနေကြ၏၊၊ သပွတ်အိုင်ရွာ ဆိုတာ နှယ်နှယ်ရရရွာမှ မဟုတ်တာ ၊၊ ဟိုးအရင် ကိုလိုနီခေတ်တုန်းက ကွမ်းခြံကုန်းဒိစတြိတ်အပိုင်ထဲက ရွာကြီးတစ်ရွာ ၊၊ အခုတော့ ကော့မှူး မြို့နယ် အပိုင်ဖြစ်သွားပြီ ၊၊ ရန်ကုန်မြစ်ကို မေးတင် တည်ထားတဲ့ ရွာဖြစ်တာကြောင့် တံငါလုပ်ငန်းနဲ့  လယ်လုပ်ငန်းကို အဓိထား အသက် မွေးဝမ်းကြောင်းပြုကြရတယ် ၊၊
မှတ်ထားမိတာကတော့ လွန်ခဲ့တဲ့ အနှစ် နှစ်ဆယ်အတွင်းမှာ ကျေးရွာဥက္ကဌ(၁၂) ယောက်ပြောင်းသွားခဲ့ပြီ ၊၊ နဲသလား ၊၊ အများ ဆုံးခံ (၂) နှစ် ၊၊ တချို့ ဆို (၆) လ (၇) လ ၊၊ တချို့ က (၁)နှစ်လောက်ပဲ ခံကြတယ်၊၊ ရွာလူကြီးဆိုပြီး ထင်ရာဆိုင်း ထောင်ထောင်လုပ်လို့ ကတော့ သပွတ်အိုင်ရွာသားတွေ စုပေါင်းလက်မှတ်ထိုး တိုင်ပစ်တာ နိုင်ငံတော်အကြီးအကဲ အထိရောက်မယ်လို့ သာမှတ် ၊၊ ရောက်ဆို သပွတ်အိုင် ဆိုတာ သူရဲကောင်းစုစုနွေးတို့ ရွာနဲ့  တနယ်ထဲ ၊၊ ဘယ်ခေါင်းငုံ့ ခံလိမ့်မလဲ ၊၊ သူဦး သူဆော် ၊ ကိုယ်ဦး ကိုယ်ဆော်နဲ့ ရွာလူကြီးတွေ ပြောင်းပြောင်းသွားလိုက်ကြတာ အခု (၁၃) ယောက်မြောက် ဥက္ကဌ ရွေးတော့မှာ့ နဝမအကြိမ် နဲ့  (၁၃) ယောက်မြောက်ဖြစ်ရတာက ဒီလို့ ၊၊
လူသိရှင်ကြား အစည်းအဝေးလုပ်ပြီး အဆိုတင်သူကတင် ၊ ထောက်ခံသူက
ထောက်ခံနဲ့  လုပ်တာက (၉) ယောက် ၊၊ မြို့ နယ်ကနေ တိုက်ရိုက်အမိန့် အာဏာနဲ့  ခန့် တာက
(၃) ယောက် ၊၊ ဒါ့ကြောင့် (၉) ကြိမ်နဲ့  (၁၂) ယောက်ဖြစ်သွားရတာ ၊၊ အမိန့် နဲ့ တိုက်ရိုက်ခန့် လိုက်
တဲ့ ဥက္ကဌ တွေလဲကြာကြာ မခံလိုက်ဘူး၊၊ သပွတ်အိုင်ရွာ လူထုက ညီတယ် ၊၊ တဦးက
ဦးဆောင်လိုက်ရင် တရွာလုံးပါလာတာ၊၊ အခုလဲ နဝမ အကြိမ်ရွေးကြပြန်ပြီ ၊၊ အရေးအကြောင်းဆို ရွာအရှေ့ ပိုင်းက စာသင်ကျောင်းကိုပဲ အားကိုးရတာ ၊၊ ကျောင်းပိတ်ထားတဲ့ ရာသီဆိုတော့ အစည်းအဝေးမှန်သမျှ အဲ့သည်မှာပဲ လုပ်ကြတယ်လေ ၊၊ ကျောင်းဖွင့်ထားတဲ့ ရာသီဆိုရင်တော့ တောင်ကျောင်းက ဥပုတ်ဇရပ်မှာ လုပ်ကြတယ်၊ ဒီတခါ ဥက္ကဌရာထူးအတွက် တစ်ပြေးနေတာ ကတော့ ရွာအရှေ့ ပိုင်း ကမ်းနားလမ်းမှာနေတဲ့ ဆံပင်ညှပ်ဆရာ ဦးဟန်ကြီးတဲ့ ၊၊ ကိုယ့်ထမင်း ကိုယ်စားပြီး အေးအေး ဆေးဆေးနေချင်တဲ့သူတွေ ၊ မပတ်သက်ချင်တဲ့သူတွေကတော့ ဥက္ကဌအဖြစ် အဆိုတင်သွင်း လိုက်တယ် ဆိုရင်ဘဲ အကြောက်အကန် ငြင်းတော့တာ ၊၊ လက်နှစ်ဘက်ထောင်ပြပြီ့း့ 
“အမလေ့း့  မလုပ်လိုက်ပါနဲ့ ဗျာ့  အတော်ကြာ ဟိုလူကြီးက ခေါ်ကျိမ်းလိုက် ဒီစစ်သားက ခေါ်ဆူ လိုက်နဲ့ ကျုပ်ဘာသာကျုပ် ရေခဲတုံးဖင်ခုပြီး ထမင်းကြမ်းခဲ ယက်ခတ်စားပါရစေဗျာ”လို့ အရွှန်းဖောက်ပြီး အစည်းဝေးမှာ ထပြောတော့ သပွတ်အိုင်ရွားသားတို့  တအုံးအုံးနဲ့ ပွဲကျသွားလေရဲ့၊ဒီတော့ သပွတ်အိုင်ရွာမှာ လူကြီးလုပ်မဲ့သူ ရှားရှား လာတယ် ၊၊ သူတို့ ရှေ့ ကလုပ်သွားတဲ့ ဥက္ကဌ တွေလဲ လူတောထဲ မတိုးရဲတဲ့ အထိ ငရုတ်သီးနဲ့ ပေါင်း ကြက်သွန်ပါ အထောင်းခံလိုက်တဲ့ ဘဝတွေပိုင်ဆိုင် သွားရပြီလေ ၊၊
အရင်တုန်းကတော့ ငွေရေး ကြေးရေး ချောင်လည်တဲ့ သူတွေကို ဦးစားပေးရွေးခဲ့ပါတယ် ၊အစတော့ ဟုတ်မလိုနဲ့  နောက်ကျ တော့ “ရလေ လိုလေ အိုတစ္ဆြေွ” တွေဖြစ်လာတော့ ရွာကလက်မခံတဲ့အဆုံး ပြုတ်ကုန်တယ်၊၊ တခါ ဘွဲ့ ရပညာတတ် ရွာခံလူအချို့ ကို ဥက္ကဌ အဖြစ်ရွေးကြပြန်တယ်၊၊ ဘယ်ခံလိုက်မလဲ ၊၊ “အခွင့်အရေးမှန်သမျှ လက်မောင်းတဆုံးနှိုက်တဲ့” အကျင့်က မဖျောက်ဘူး၊၊ ပညာတတ် တိုင်း အသိတရားရှိတာမှ မဟုတ်တာ ၊၊ ပြီးခဲ့တဲ့ နှစ် နာဂစ်မုန်တိုင်း တိုက်တုန်းကပဲကြည့် ၊၊ အနယ်နယ်အရပ်ရပ်က အလှူရှင်တွေလာ ပြီး ပစ္စည်းတွေ လှူကြတယ်၊၊ ယုံကြည်လို့ ပုံပေးခဲ့တဲ့ပစ္စည်းတွေထဲက ကောင်းတာလေးတွေ ကို ဥက္ကဌ က ရွေးယူထားလိုက်တယ် ၊၊ ကျန်တာကို ခွဲပြန်တော့ လူတိုင်းမရပြန်ဘူး၊၊
“နင်တို့ က ချမ်းသာတာပဲ ဒါ့ မရှိတဲ့ လူတွေကိုပေးဖို့ ” ဆိုပြီး လက်ဗလာနဲ့ ပြန်ခိုင်းလိုက်တယ်၊၊ ဒါကို မကျေနပ်တဲ့သူတွေထဲ မှာ ကမ်းနားပိုင်းက မိခိုင်နဲ့ မိနု တို့ က အဆိုးဆုံး၊၊ ပြီးတော့ ဥက္ကဌ ဆိုတာက ကျောင်းတက်တုန်းကတည်းက သူငယ်ချင်းတွေလေ၊၊ ဒီတော့ ဥက္ကဌ အိမ်ရှေ့ သွားပြီး “ ဒီမှာ့ ဥက္ကဌကြီးရဲ့  ရှင့်အဘ နာဂစ်က ပိုက်ဆံရှိတဲ့သူ မရှိတဲ့သူ ဆိုပြီး ရွေးတိုက် သွားတာမဟုတ်ဘူး၊၊ တရွာလုံး အတူတူခံရတာပါတော့့်  အခုဟာက ပိုက်ဆံရှိတိုင်းလဲ ဝယ်လို့ ချမ်းလို့ မရတာ အရပ်က အသိ့  ဒါကို ဒင်းက ကျုပ်တို့ ကို လိုချင်မျက်စေ့ရှိတယ် မရဘူး ဘာညာနဲ့ ပြောတော့ ဒင်းယူထားတဲ့ဟာတွေကို အခုလက်ညှိုးထိုးပြမယ့့်  အမလေး ကိုရွှေဥက္ကဌကြီးရဲ့ ” ဆိုပြီး အိမ်ရှေ့ လမ်းပေါ်ကနေ သွားချဲပစ်တာ၊၊ မကြာပါဘူ့း့  ဥက္ကဌ အိမ်နောက်ဖေး စပါးကျီထဲမှာ ဖွက်ထားတဲ့ ဘေထုပ်တွေ အရပ်က ဝိုင်းဖော်ပြီး ဖမ်းလို့  ဥက္ကဌ (၃) လလောက် အချုပ်ခံလိုက်ရသေး
တယ်။
သည်ဟာတွေကို သင်ခန်းစာယူပြီး သပွတ်အိုင်ရွာသားတွေ ခေါင်းချင်းတိုက်ပြီး ဆွေးနွေးကြပြန်တယ်၊၊ အရင်ဟာတွေကတော့ သိပ်ဟန်မကျလှပေဘူ့း့  အခုနဝမအကြိမ်မှာတော့ ပိုက်ဆံမရှိရင်လဲနေပါစေ၊၊ ဘွဲ့ တွေ ဒီဂရီတွေ မရှိရင်လဲနေတော့၊၊ ရိုးသားပြီး သမာအာဇိဝနဲ့  အသက်မွေးတဲ့သူကို ရွေးဘို့  ဆုံးဖြတ်လိုက်ကြတယ်၊၊ နောက်ဆုံး ဇကာတင်ရွေးလိုက်တာကတော့ ရွာအရှေ့ ပိုင်းကမ်းနားလမ်း ထဲက ဆံပင်ညှပ်ဆရာ ဦးဟန်ကြီး ဖြစ်တယ်၊၊ ထုံးစံအတိုင်း အစည်းအဝေးမစခင်ကတည်းက အဆိုတင်သူနဲ့ ထောက်ခံသူ စည်းဝါး ကိုက်ထားပြီး လူကြားထဲ ချပြလိုက်တော့ နဝမအကြိမ်အစည်းအဝေးက (၁၃)ယောက်မြောက် သပွတ်အိုင် ဥက္ကဌ ဦးဟန်ကြီး ဖြစ်လာတယ်၊
ဦးဟန်ကြီး ဆိုတာက သပွတ်အိုင်ရွာရဲ့  တစ်ဦးတည်းသော ဆံပင်ညှပ်ဆရာဖြစ်တယ်၊၊ ရင်းနှီးသူတွေကတော့ ဦးလေးဟန်လို့  ပဲ ခေါ်ကြတယ်၊၊ သူ့ မှာ ထွန်းငြိမ်း ဆိုတဲ့ လူပျိုသိုးကြီးအရွယ် သားတစ်ယောက်ရှိတယ်၊၊ သူကတော့ သူ့ အဖေနဲ့ မတူပြန်ဘူး၊၊ အရပ်တကာ လှဲ့ ပြီး အသံချဲ့ စက် အငှားလိုက်တယ် ၊၊ ဘုန်းကြီးပျံ တို့  မယ်တော်ပျံ တို့ ဆိုရင် တောဓလေ့ အရ လနဲ့ ချီထားတာ ဆိုတော့ သူ့ ကိုမငှားခင် ကတည်းက ကြိုရောက်နေပြီး သောင်တင်နေတော့တာပဲ၊၊ အခကြေးငွေ တိတိကျကျရယ်လဲမဟုတ်ပါဘူး၊၊ ပေးသလောက်ယူပြီး ထန်းရည် ဝိုင်းလေးဖွဲ့ နေရရင်တော်ပြီ ၊၊ သူ့ဝါသနာကိုး၊၊ ဦးလေးဟန်ရဲ့  မိန်းမ ဒေါ်နု ကတော့ ဘာအလုပ်မှ မလုပ်ပါဘူး ၊၊ ဒေါ်နုရဲ့ မိဘတွေ လက်ထက်ကတည်းကဆောက်ခဲ့တဲ့ (၂)ထပ်ပျဉ်ထောင်အိမ်ကြီးမှာ နေကြတာ၊၊ ရွာမှာတော့ ပြောစမှတ်တခုရှိတယ် ၊၊ “မောင်ဟန်တို့  လက်ကြော မတင်းပုံကတော့ ယောက်ခမအိမ် ပြိုကျတဲ့အထိနေတယ်” ဆိုတဲ့ စကားပါ၊၊ ဒါကိုပဲ ဦးလေးဟန်ကို ရိုးဂုဏ်တပ်ပြီး လူကြီးအဖြစ်ရွေး လိုက်တာပါ၊၊ အခုတော့ သပွတ်အိုင်ရွာ ဥက္ကဌ ဦးဟန်ကြီး ဖြစ်သွားပါပြီ၊၊
တချို့ ကြပြန်တော့လဲ အကောင်းမမြင်ကြပြန်ဘူး၊၊ ဝေဖန်ကြပြန်တယ်၊၊ ပါမစ်ဖိုး ပိုက်ဆံမယူတာ သူ့ သားအသံချဲ့ စက်ပိုပြီးငှား ရအောင်တဲ့၊၊ သူတို့ ပြောလဲ ပြောချင်စရာ ၊၊ အခုဆို လူဆယ်ယောက်လောက် စုမိတာနဲ့  အသံချဲ့ စက်ငှားသုံးနေကြပြီ ၊၊ ဘယ်သူ့ ကိုမှလဲ ခွင့်တိုင် စရာမလိုသလို ကိုထွန်းငြိမ်းဆိုတာကလည်း ပေးသလောက်ယူတဲ့သူ၊၊ တချို့ ကတော့ ပစ္စည်းငှားတဲ့ကိစ္စ အတွက် ပြောကြပြန်တယ် ဒီပစ္စည်းတွေက သူပိုင်ပစ္စည်းမှ မဟုတ်တာ ၊၊ ရွာလူကြီး အဆက်ဆက် စာရင်းအင်းနဲ့  အတိအကျ ကိုင်တွယ်လာကြတာ၊၊ သူက အခုလို အခမဲ့ ငှားနေတော့ နောက်အသစ်ဝယ်ရင် သူ့ ပိုက်ဆံနဲ့ ဝယ်မှာမို့ လို့ လား ၊၊ စသည်ဖြင့် ဘဝင်မကျတဲ့သူတွေလဲရှိတယ်၊၊ သေချာတာက တော့ ပစ္စည်းငှားတဲ့သူတွေ ပိုများလာတာပဲ ၊၊ အရှေ့ ခုနှစ်အိမ်၊အနောက်ခုနှစ်အိမ် လောက်ဖိတ်ပြီး လုပ်တဲ့ ကလေးခေါင်းဆေး ကအစ အိုးခွက် ပုဂံတွေကို ဥက္ကဌအိမ်မှာ သွားငှားကြတယ်၊ပြန်အပ်တဲ့အခါကြတော့ မေ့ကျန်တာနဲ့  ကွဲရှကုန်တာနဲ့  ဆိုတော့ ကာလသား၊ကာလသမီး ပစ္စည်းတွေလဲ တဖြည်းဖြည်းနဲနဲလာတယ်၊၊အကောင်းမကျန်တော့ဘူး၊၊ အစုတ်အပြဲ နဲ့  အပဲ့အရွဲ့ တွေပဲကျန်တော့တယ်၊၊ ပြန်အပ်ရင် သေသေချာချာစစ်ပြီး မယူတော့ ပိုဆိုးတာပေါ့၊၊ သပွတ်အိုင်ရွာမှာ အလှူအတန်းဆိုရင် အရင်တုန်းကထိပ်တန်းဖြစ်ပေမဲ့ ခုတော့အလှူရှင်ရဲ့ ထမင်းကို စားဖို့ ထမင်းပုဂံ စောင့်ရတဲ့ ဒုက္ခကလည်း မသေးလှဘူး၊၊
အခုဆိုရင် သပွတ်အိုင်ရွာအိမ်တိုင်းနီးပါးမှာ ကာလသား၊ ကာလသမီးပစ္စည်း (အများပိုင်ပစ္စည်း) လေးတွေ တစ်ခုမဟုတ် တခု ရှိနေတတ်တယ်၊၊ သူတို့ အချင်းချင်းလဲသိနေကြတယ်၊၊ ဘယ်သူ့အလှူမှာ၊ ဘယ်သူက၊ ဘာတွေကို၊ ဘာနဲ့ ထဲ့သယ်သွားတယ် ဆိုတာအထိ သိနေကြတယ်၊
“အမေ့  ဟိုမှာ ဦးမျိုးကြီး ဆွဲသွားတဲ့ချိုင့် လေးဘေးမှာ က့ လ့ သ လို့ ရေးထားတယ်တော့”
“အမလေ့း့  ညီးကသာပြောနေ့  ညီးလဲ အလှူတုန်းက ကျန်ခဲ့တဲ့ ကွမ်းအစ်ကို အခုထိပြန်မအပ်သေးဘူး”
“ဟာ့  အမေကလဲ သူများတွေလဲ ယူထားကြတာပဲ ဟာကို့  ”
“အေ့း့ အေ့း့  ကောင်းတယ် ၊၊ ညီးအဖေကတောင် အသွားအပ်ခိုင်းနေတာ ၊၊ မြန်မြန်သွားအပ်လိုက်ပါအေ”
သည်ကိစ္စနဲ့ ပတ်သက်ပြီး တချို့ က ဥက္ကဌဦးလေးဟန်ကို ပြောပြပေမဲ့ သူ့ ရဲ့ လက်သုံး စကာကတော့ 
“ဟ့  ထားလိုက်ပါဟာ ၊၊ ငါ အဆင်ပြေတဲ့ အခါကျရင် အသစ်ပြန်ဝယ်ထဲ့ပါ့မယ် ၊၊ ပြည်သူပိုင်ပစ္စည်းဆိုတာ တို့ ပိုင်တဲ့ ပစ္စည်း ပဲပေါ့  အလကားနေ အဘိစ္ဆြွာများမနေပါနဲ့ ကွာ၊၊ မင်းလဲ ပိုင်တယ့့်  သူလဲပိုင်တာပဲ ၊၊ လိုချင်လို့ယူတာ နေပါစေကွာ”တဲ့၊၊
ဥက္ကဌ သိအောင်တိုးတိုးလာပြောတဲ့သူလဲ မသိမသာ ကျေနပ်လိုက်ရတယ် ၊၊ စိတ်ထဲမှာတော့ 
“အင့်း့  ငါ့ချွေးမ မွေးလို့  ကလေးခေါင်းဆေးလုပ်ရင်တော့ တွေ့ ကြသေးတာပေါ့ ” လို့ စိတ်ထဲမှာ ကျိန်းဝါးရင်း ပြန်သွားရတယ်၊၊
အရင် ဥက္ကဌတွေလက်ထက်တုန်းက ရွာမှာ ချဲထီနဲ့ နှစ်လုံးထီ ကိုင်ထဲ့ ဒိုင်ဆိုတာမရှိဘူး၊၊ အရောင်းစာရေးလေးတွေ တော့ရှိတယ်၊ ရဲကင်းနဲ့ ရွာလူကြီးအဖွဲ့ ကို လစဉ်အလှူငွေထဲ့ပြီး တိုးတိုးတိတ်တိတ်နဲ့ ရောင်းနေကြတာ၊၊ ဥက္ကဌဦးလေးဟန်ကတော့ သူ့ ကိုငွေလာပေးလဲ မယူဘူး၊၊ ဘာတခွန်းမှလဲ ဝင်မပြောဘူး၊၊ သူနေတတ်သလိုပဲနေတယ်၊၊ သူပြောတာက့ 
“ အေ့း့  ဒီအလုပ်တွေက လောင်းကစားမှုမြောက်တယ်လို့  ကြားဖူးတာပဲ ၊၊ ကြည့်လုပ်ကြပေါ့ကွာ၊၊ ပြဿနာဖြစ်လာရင်တော့ ငါ့ကိုဆွဲမထဲ့နဲ့ ၊၊ ကိုယ်ဖြစ် ကိုယ်ခံပဲဟေ့” ဟု လေပြေလေးဖြင့် ပြောတတ်တယ်၊ ၊အခုတော့ သပွတ်အိုင်ရွာမှာတင် ဒိုင်ကြီး (၂) ဒိုင် တောင်ရှိလာပြီ၊ရွာတောင်ပိုင်း ဦးဇော်ကြီး ဒိုင် နဲ့  ရွာမြောက်ပိုင်း ဦးမိုးနိုင်ဒိုင်တဲ့၊၊ သူတို့ ကလဲ တရားမဝင်လုပ်နေရလို့ သာ ၊၊ သူ့ ထက် ငါ အပြိုင်အဆိုင်၊ဥက္ကဌ အားကိုးလဲပါတာပေါ့၊၊ ဦးမိုးနိုင်ဒိုင် က ဘယ်လောက်တောင် အကွက်မြင်သလဲဆိုရင် ဘုန်းကြီး လှူတဲ့ထဲမှာတောင် (၂) လုံးထီကို ထဲ့လှူတာ၊၊ လှူတာဆိုတော့ ဘုန်းဘုန်းတွေလဲ လက်ခံရတာပေါ့ ၊၊
ဥက္ကဌ ဦးလေးဟန် က စာတတ်ပေတတ်မဟုတ်ပေမဲ့ ဖြတ်ထိုးဥာဏ်တော့ ကောင်းတယ် ၊၊ အရင် ဥက္ကဌတွေ ပြဿနာဖြစ် ပြုတ်ကုန်တာတွေကို သူသင်ခန်းစာယူထားတယ်၊၊ သူ့ လက်ထက်မှာ အဲဒါမျိုးတွေ ထပ်မဖြစ်အောင် ရှောင်တယ်၊၊ လယ်သမား၊ တံငါတွေ ကိုလဲပစ်မထားဘူး၊၊ လယ်ယာမြေဆိုတာ တရားဝင်အရောင်းအဝယ် လုပ်လို့ မရဘူး၊၊ နားလည်မှုနဲ့ လုပ်ရတာ ၊၊ အရင်လူကြီးတွေတုန်းက အဲ့ဒီတရားမဝင်ဘူးဆိုတာကို အကြောင်းပြပြီး လယ်တစ်ဧကကို ဘယ်လောက်ဆိုပြီး တောင်းကြတယ်၊၊ ရောင်းသူ ၊ ဝယ်သူမှာပါ ဥပဒေနဲ့မလွတ်ကင်းဘူး၊၊ ဦးလေးဟန် ကတော့ ဘယ်သူ့ ဆီကမှ တပြားတချပ်မှမယူဘူး၊၊ ဒါမျိုးတွေ ကြုံလာရင်လဲ“သွာ့း့ သွာ့း့  ငါက လယ်သမားမဟုတ်တော့ သိပ်မသိဘူး၊၊ ရောင်းသူ ဝယ်သူအဆင်ပြေရင်ပြီးရော့  စာရေးကြီး နဲ့ ညှိလုပ်လိုက်ကြ ”ဟု ဆိုကာ ခေါင်းရှောင်လိုက်တယ်၊၊ ဥက္ကဌ က ခေါင်းရှောင်လိုက်တော့ စာရေးကြီး ထွန်းထွန်းဝင်း အကွက်ကျတာပေါ့ ၊၊ နှစ်ဘက်လုံးဆီက ရတဲ့လက်ဘက် ရည်ဖိုးက သူ့ လစာထက် များလာတယ်၊၊ အရင်ဥက္ကဌ တွေတုန်းက မိုးဦးကျကာစ တစ်လကို မြစ်ထဲ ငါးဖမ်းခွင့်ပိတ်ပေမဲ့ သူ့လက်ထက် မှာ တော့ မသိချင်ယောင်ဆောင်နေလိုက်တယ်၊၊ ငါးတွေ ဥချတဲ့အချိန် မဖမ်းဘို့  အစိုးရကိုယ်တိုင်က ဥပဒေထုတ်ထားပေမဲ့ ဦးလေးဟန်က တာမြစ်ခြင်းမရှိတော့ တံငါတွေကလည်း သူ့ ကိုကျေဇူးတင်ကြတယ်၊၊ သပွတ်အိုင်မှာ တာဝန်ကျတဲ့ ဆရာတွေ ဆရာမတွေကလည်း ပညာတတ် တွေဆိုပေမဲ့ ဥက္ကဌကြီး ဦးလေးဟန်ကို ကလန်ကဆန် မလုပ်ကြဘူး၊၊ သူတို့ လစာနဲ့ မလောက်လို့  အပိုဝင်ငွေလေးရအောင် ကျူရှင်သင်တာ ဥပဒေနဲ့ ငြိစွန်းပေမဲ့ ဦးလေးဟန် က တာမြစ်ပိတ်ပင်တာ မရှိတော့ လွတ်လပ်ကြတယ်၊၊
ဒီလိုနဲ့ သပွတ်အိုင်ရွာမှာ သက်တမ်းအရှည်ဆုံး ဥက္ကဌကြီးအဖြစ်နဲ့  (၂) နှစ်ကျော် လို့  (၃) နှစ်ထဲ တောင် ဝင်လာပြီ၊၊ တနေ့ တော့ 
“ဘကြီး ငြိမ်း ရေ့  ဘကြီး ငြိမ်း”
“ဘာလဲဟ့ မောင်ညို ရ့  မင်းဟာက ရေးကြီးထိတ်ဖြာ ဖြစ်လိုက်တာ့  ဒါ့ ကြောင့် မင်းခေါင်းအမွှေးတစ်ပင်မှ မပေါက်တာ”
“ဟာ့  ဘကြီးငြိမ်း ကလဲ အရေးအကြောင်းဆို ကျနော့်ခေါင်းပဲ ခလုတ်တိုက်နေတာ့  အခု ကမ်းနားဆိပ်မှာ ရန်ကုန်က လာတဲ့ မော်တော်ကပ်တော့ ရန်ကုန်လမ်းမတော်က ငါးဒိုင်ပိုင်ရှင် တရုတ်ကြီးတွေ ငါးယောက် ပါလာတယ်”
“အမလေး မောင်ညိုရယ် တရုတ်တွေ ပါတာ အထူးအဆန်လုပ်လို့  လမ်းမတော်ဆိုတာ တရုတ်တွေပိုင်တာဘဲ၊၊ အဲဒီမှာ ဒို့ ဗမာ တွေက ကူလီလုပ်နေရတာ ဗျာ့”
မောင်ညိုက သူ့ ခေါင်းကို လက်ဖြင့် ပွတ်ရင့့် 
“သူတို့ နဲ့ အတူ ပိုက်ဆံတွေ ဆာလာအိတ်ကြီးနဲ့  ၂ လုံးတောင်ပါလာတယ် ၊၊ ကျနော် နဲ့  အံ့မော် (၂)ယောက် တစ်ယောက် တစ်အိတ်ထမ်းပြီး ဥက္ကဌဦးလေးဟန်တို့ အိမ်ကို ပို့ ပေးခဲ့တာ ၊၊ တရုတ်ကြီးတွေက ကျနော်တို့ ကို ကူလီခ တစ်ယောက် တစ်ထောင်စီတောင် ပေးလိုက်သေးတယ့့်  ဒီမှာတွေ့ လား ” ဟုဆိုရင်း အသစ်ချပ်ချွတ် တစ်ထောင်တန်ကို ထောင်ပြလိုက်တယ်၊၊ အကျိုးအကြောင်း မရေမရာ ဖြစ်နေစဉ် ဘကြီးငြိမ်ခြံထဲကို ဦးလေးကြည်တိုး ဝင်လာတယ်၊၊
“ဟ့  အညို မင်းက ငါ့ ထက် သတင်းဦးအောင် လာပေးတယ်ပေါ့”
အညိုကပြန်မဖြေဘဲ ပြုံးပြလိုက်တယ်၊၊ အကြောင်းစုံကို ဘကြီးငြိမ်း က မေးတော့ 
“ဟုတ်တယ် ဘကြီးငြိမ်းရေ့  ကျနော်မနေ့ က သောက်တာ နည်းနည်းမူးပြီး ရန်ဖြစ်လို့  ဥက္ကဌ ကခေါ်တွေ့ တာနဲ့ သွားတာ၊၊ ဘာ မှတောင်မပြောရသေးဘူး၊၊ တရုတ်ကြီးငါးယောက် ရောက်လာတယ် ၊၊ ဥက္ကဌကြီးလဲ အိမ်နောက်ဖေးထွက်ပြီး ကမ်းစပ်က ဓနိတော လက်ညှိုးထိုးပြနေတာ တွေ့ တယ်၊၊ သူ့ မိန်းမ မမနု က ကျနော့်ကိုပြောတယ်၊၊ ဒို့ ပိုင်တဲ့ နောက်ဖေးကမ်းစပ်က ဓနိတောကို သိန်း ၅ဝဝ နဲ့ ရောင်းလိုက်တာတဲ့ ၊၊ သူ တို့ က ပုဇွန်မွေးမှာတဲ့ ၊၊ ကျနော်လဲ ဘာပြန်ပြောရမှန်းတောင် မသိဖြစ်သွားတယ်ဗျာ၊၊ မနေ့ ကသောက်ထား တဲ့ အရှိန်လေးတောင် ပြေသွားတယ့့်  ” မျက်နှာကို လက်ဖြင့်ပွတ်ရင်း ပြောလိုက်တယ်၊၊
“ ဟေ့  ဟုတ်လား ၊၊ သူ ကဘာပိုင်လို့ ရောင်းရတာလဲ၊၊ မင်းတို့ မမွေးခင်ကတည်းက ဒီဓနိတောကြီး လူတိုင်းဝင်ခုတ်နေတာ ဘယ်သူပိုင်တယ်လို့ လဲ တခါမှ မကြားဘူးပေါင်ဗျာ၊၊ ခုတ်လေဓနိပင်တွေ ပေါက်လေနဲ့  တရွာလုံး ဘယ်သူများ ဓနိတဖျစ် ဝယ်မိုးရလို့ တုန်း၊ အခုကျမှ ဒင်းက မောင်ပိုင်စီးပြီး လုပ်လို့ ခံမယ့်ကောင်များမှတ်နေလာ့း့ သိန်း ၅ဝဝ နဲနဲနောနောလာ့း့  အိပ်မက်ထဲမှာတောင် မမြင်ဖူး ဘူး ၊၊ အေ့း့  ညနေ အထိစောင့်ကြည့်မယ့့် ဒီသတင်းငြိမ်သွားပြီ ဆိုရင် တော့ ညကျရင် ငါနဲ့ တွေ့ ပြီလို့ တာမှတ့့်  တောက့့်  ရာရာ စစကွာ့  ” အနားတွင်ရှိသော ဘကြီးငြိမ်းဇနီး ဘွားလေးမှုံ က့ 
“ရှင့်မှာလဲ ချဲဂဏန်းထွက်တာ ကြနေတာပဲ့  ငြိမ်အောင် ညက်အောင်စောင့်ရအုံးမယ်တဲ့ အခုဟာ ရှင့်ရှေ့ မှာပြောနေတာ၊အခုဖြစ်နေတာ က ရွာအရှေ့ ပိုင်းမှာ ၊၊ ဒီ့ထက်သေချာ တာတော့ မရှိဘူး၊၊ တကယ်တဲ နေ့ ရွေ့ ၊ ညရွေ့ နဲ့  အခွင့်ကောင်းရင်မြေတိုင်းနေတာနဲ့ အခုတော့ သူများက ရောင်းစားသွားပြီ ”
လမ်းမတော်က တရုတ်တွေ မော်တော်ငှားပြီး ပြန်သွားပြီလို့ သတင်းရတာနဲ့  ဘကြီးငြိမ်းလဲ သဘက်လေး ပုခုံးပေါ်တင်ပြီး ရွာအရှေ့ ပိုင်း ကမ်းနားလမ်းကိုထွက်လာခဲ့တယ်၊၊ အိမ်ရှေ့ ရောက်တယ် ဆိုရင်ဘဲ ဥက္ကဌဦးလေးဟန်ရဲ့ အသံထွက်လာတယ်၊၊
“လာ့  ဘကြီးငြိမ်းလာ့  အိမ်ထဲကိုကြွပါ့  ဆံပင်ညှပ်ရအောင်လာခဲ့တာလား ခင်ဗျ”
“အေ့း့  အေ့း့  ဟုတ်ဘူးကွ ၊၊ သတင်းရလို့  လာခဲ့တာပဲ ၊၊ နောက်ဖေးက ဓနိတော သိန်း ၅ဝဝ နဲ့  ရောင်းလိုက်တယ် ဆို”
“သြော့့်  ဘကြီးငြိမ်းရေ ကျနော်လဲ မရောင်းချင်သေးပါဘူး ၊၊ ဒါပေမဲ့ နှစ်ရှည်မထား နိုင်လို့နှမျောမျောနဲ့ ပဲရောင်းလိုက်ရတာပါဗျာ”
“ဟ့  နေပါအုံး မောင်ရင်ရဲ့  ဒီမြစ်ကမ်းစပ်ဓနိတောက ဘယ်သူပိုင်လို့  မောင်ရင်က ရောင်းလိုက်ရတာတုန်း ၊၊ ဒီတော ဟာ ငါတို့ ငယ်ငယ် မင်းယောက္ခမကြီးတွေနဲ့ အတူတူ ဓနိခုတ် ငါးရှာ ၊ ဖားရှာနဲ့ လုပ်လာတာပါ၊၊ ဦးပိုင်ဆိုတာမရှိဘူး၊၊ ဒါရွာမြေပဲ ၊၊ မောင်ရင် သဘော နဲ့ မောင်ရင် ရောင်းတယ်ဆိုရင်တော့ အလွဲသုံးစားမှုနဲ့  ကျုပ်တို့ ရွာက စုပြီး တရားစွဲရလိမ့်မယ့့်  သပွတ်အိုင်ရွာအကြောင်းလဲ မောင်ရင် ကောင်းကောင်းသိပါတယ်နော့”
ဦးလေးဟန်က အပြုံးမပျက် ခပ်အုပ်အုပ်လေသံနဲ့ 
“ဘကြီးငြိမ်းရယ့့်  သေချာလဲစဉ်းစားပါအုံး ၊၊ အလွဲသုံးစားမှုနဲ့ တရွာလုံးကို တရားစွဲရမဲ့ကောင် က ဒီကောင်ကြီးပါဗျ ၊၊ ဟော့ဒီ ကောင်ကြီးပါ၊၊ ကျနော်တိုင်လိုက်ရင် တရွာလုံး ထောင်ကျ တန်းကျတွေဖြစ်ကုန်မှာဆိုးလို့  နေတတ်သလိုနေခဲ့တာ့  နောက်ဆုံး ကုန် ကုန်ပြောလိုက်မယ် ဘုန်းကြီးတောင်မကျန်ဘူး”
“ဟ့  တယ်လဲဟုတ်ပါလာ့း့  မောင်ရင်က တရွာလုံး ဘုန်းကြီးပါ မကျန်တရားစွဲလို့ ရတယ်ဆိုတော့  အေးကွာ့  တရွာ လုံးအသာထားအုံး မောင်ရင်က ကျုပ်ကို ဘာအမှုနဲ့ များ တရားစွဲမလို့ တုန်း”
“ဒီလိုမေးတော့လဲ ထဲ့တိုးဘဲဖြေလိုက်တော့မယ် ၊၊ ဘကြီးငြိမ်းအလှူမှာ ဘုန်းကြီးတွေကို (၂) လုံးထီထိုးပြီး လက်မှတ်တွေကပ်တာ ဥပဒေဘောင်နဲ့ လွတ်မယ်များထင်နေသလား၊၊ အဲဒါ လောင်းကစားမှုမြောက်တယ်၊၊ အနည်းဆုံးထောင် (၃) နှစ်အထိချလို့ ရတယ်၊၊ နောက် ပြည်သူပိုင်ပစ္စည်းဆိုတာသိလား၊၊ အခုဘကြီးငြိမ်းအိမ်မှာ တည်ထားတဲ့ ကွမ်းအစ်က အများပိုင်ပစ္စည်း၊၊ အဲဒီလို အများပိုင်ပစ္စည်းကို ယူသုံး ပြီး ခုထိပြန်မအပ်တာ ခိုးမှုမြောက်တယ် ၊၊ ပြည်သူပိုင်ပစ္စည်းဆိုတာ နေ့ မပြောနဲ့ ညဘက်လမ်းမှာတွေ့ ရင်တောင် သက်ဆိုင် ရာကို ချက်ချင်းအပ်ရတယ်၊၊ လက်ထဲမှာ ထားရင် ခိုးမှု ၊ မသင်္ကာမှုတွေနဲ့ ရဲက ဖမ်းချုပ်ထားလို့ ရတယ် သိလား ဘကြီးငြိမ်း၊၊ နိုင်ငံတော်က ထုတ်ပြန်ထားတဲ့ ဥပဒေတွေကို မလေ့လာဘဲ ကျနော်ကို အခုလိုစွတ်ဆွဲနေတာ အသရေပျက်မှု ၊ ပိုင်နက်ကျူးလွန်မှုနဲ့  အခုချက်ချင်း ဖမ်း ချုပ်လိုက်လို့ ရတယ်ဆိုတာ မမေ့ပါနဲ့ ”
“ဟေ့  ဟုတ်လာ့း့  မောင်ရင်တို့ ဥပဒေ တွေ ဘာတွေဆိုတာက တနိုင်ငံလုံးဘယ်သူမှ မလိုက်နာနိုင်တာတွေထုတ်ပြီး အခွင့် ကြုံတော့ ဒီဟာတွေနဲ့ ကိုင်ကိုင်ပေါက်နေပါလားကွ၊၊ ဟေ့  နေပါအုံး မောင်ရင်ရဲ့ ၊၊ ကျုပ်အိမ်မှာ ရှိတဲ့ ဘာမှမတန်တဲ့ ကွမ်းအစ်ကြတော့ ပြည်သူပိုင် ပစ္စည်း လေးဘာလေးနဲ့  မောင်ရင် လက်ညှိုးထိုးရောင်းစားလိုက်တဲ့ ဟောဒီ ငါတို့ အဖိုး အဘွားပိုင် ဒီတောကြီးနဲ့ နှိုင်းတော့ ရာဇဝင်များရိုင်းရာမကျပေဘူးလာ့း့  လူပုံအလယ်မှာ ချပြကြည့်ပါအုံး မောင်ရင်ရဲ့ ”
“ဒီမှာ ဘကြီးငြိမ်း သပွတ်အိုင်ရွာမှာ ကျနော်ချပြရမယ့်သူ တစ်ယောက်မှ မရှိဘူး၊၊ တရွာလုံး ဥပဒေနဲ့ မလွတ်ကင်းတဲ့ (၂)လုံးထီ ချဲထီ တွေလုပ်ကြတယ်၊၊ ဒါတင်မကသေးဘူး ကာလသား၊ ကာလသမီးပိုင်ပစ္စည်တွေ အိမ်တိုင်းလိုလိုမှာရှိနေတယ်၊၊ ကျောင်းဆရာတွေက ဥပဒေနဲ့ မလွတ်ကင်းတဲ့ ကျူရှင်သင်တယ်၊၊ တံငါတွေက နိုင်ငံတော်က ထုတ်ပြန်ထားတဲ့ တားမြစ်မိန့် တွေကို ချိုးဖောက်ကြတယ်၊လယ် သမားတွေက လယ်ယာဥဒေတွေကို မလိုက်နာကြဘူး၊၊ ရွာစာရေး နိုင်ငံ့ဝန်ထမ်းက လာဒ်စားတယ်၊၊အကုန်လုံး တအိအိနဲ့  တရားဥပဒေ အပြင်ဘက်ကို ရောက်နေကြတာ ဘကြီးငြိမ်း သိလား၊၊ ဒီလို ဥပဒေအပြင်ဘက်က လူတွေက ကျနော်လို ဥပဒေဘောင်အတွင်းက လူကို စိန်ခေါ်လို့ကတော့ ခါးတောင်းမကြိုက်ဘူး ဒီအတိုင်း လိုက်ခဲ့မယ် သိလား၊၊ ဒီမှာကြည့် လွန်ခဲ့တဲ့  (၂) နှစ်ကတည်းက ဒီတောကြီးကို ကျနော်အခွန်ဆောင်လာခဲ့တာ၊၊ ဒီမှာ ကျနော့် နာမည်နဲ့ မြေစာရင်းဌာနက ထုတ်ပေးထားတဲ့ ပြေစာ့  ” ဘကြီးငြိမ်းဆိုတာကလည်း နှယ်နှယ်ရရမှာ မဟုတ်တာ ၊၊ ဦးလေးဟန် ထုတ်ပြတဲ့ စာရွက်ကို သေချာယူကြည့်တာပေါ့ ၊၊ ဦးပိုင်အမည်မှာတော့ ဦးဟန်ကြီး ၊၊ အမျိုးအစား ဆိုတဲ့နေရာမှာတော့ ဓနိတောတဲ့ ၊၊ နှစ်စဉ် အခွန် တော်ငွေ နေရာမှာတော့ ၁၅ဝဝ ကျပ်တဲ့  ဘကြီးငြိမ်း မျက်လုံးထဲ မီးဝင်းဝင်း တောက်သွားတယ်၊၊
“ထွီ့  ပါးစပ်သနလိုက်တာ ဟန်ကြီးရာ့  မင်းက ငွေလေး ၃ဝဝဝ ဆောင်ပြီး လူ့ ပါစပ်က ခွေးစကားတွေ ထွက်နေတာ သနတယ်ဟေ့  ၊၊ သနတယ် ၊၊ အခုခေတ်သူတောင်းစားပေးရင်တောင် ထောင်တန်ပေးရတယ်၊၊ အကြွေရှားလို့ ကွသိလား၊၊ ထွီ့ မင်းလိုကောင်မျိုး က ရာရာစစကွာ တောက်”ဘကြီးငြိမ်းတောက်ခေါက်ပြီး အိမ်ပေါ်ကဆင်းလာခဲ့တယ်၊၊ ရင်ထဲက ဒေါသအပူက ဘကြီးငြိမ်း မျက်နှာမှာ အထင်းသားပေါ်နေတယ်၊၊ အိမ်မပြန်ချင်သေးတာနဲ့  ကမ်းနားတန်းထဲက အရှေ့ကျောင်း ဆရာတော်ဆီသွားဖို့  ခြေဦးတည့်လိုက်တယ်၊၊ ကျောင်းမုဒ်ဦးဝရောက်တယ်ဆိုရင်ဘဲ့  ကျောင်းထဲက ထွက်လာတဲ့ ချဲအရောင်းစာရေးဗညား က့ 
“ဟာ့  ဘကြီးငြိမ့်း့  ဝမ်းသာစရာပဲဗျို့ ဘကြီးငြိမ်းအလှူမှာ လှူလိုက်တဲ့ (၂)လုံးထီပေါက်လို့ အခုလေးတင်ပဲ ဆရာတော် ဆီ ဝတ္တုငွေ ၃သောင်း လာကပ်ပြီး အပြန် ဘကြီးတို့အိမ် လှည့်ဝင်မလို့ ဗျ့  ဟဲ့ ဟဲ့  ကျနော့်လဲ လက်ဘက်ရည်ဖိုးလေး ဘားလေး ဆုချဦးနော့”
“အေ့း့  ချမယ့့်  ချမယ့့် ” ဆိုပြီး လုံချည်လှန်ပြဟန် လုပ်လိုက်တော့ ဗညား ခမျာ ကိုင်ထားတဲ့ ဖိနပ်လေးကို ပစ်ချပြီး ပြေးပါလေရော၊၊
ကျောင်းပေါ်တက်သွားပြီး ဆရာတော်အား ဦးသုံးကြိမ် ပုစိန်ပေါက်ဦးချလိုက်တယ်၊၊ ဆရာတော်ရှေ့ မှာတော့ ငွေထုပ်ကလေးက ပုံမပျက်၊၊ ဘကြီးငြိမ်းက သူနဲ့  ဥက္ကဌဟန်ကြီးတို့  ပြောဆိုခဲ့တာတွေကို အစအဆုံး ဆရာတော်ကို လျှောက်ထားလိုက်တယ်၊၊
“့  ဘုန်းကြီးတောင် မကျန်ဘူးတဲ့ ဘုရား ”
“အေ့း့ အေ့း့  ဒုက္ခ့ ဒုက္ခ့  ရှိစေတော့ ဒကာငြိမ့်း့  သူ့ ခေတ်နဲ့ သူ့ အခါ ကြုံရပေတယ် ဒကာကြီး၊၊ ကျုပ်တို့ အပါအဝင် လူတွေကို မလိုက်နာနိုင်တဲ့ အမိန့် ဥပဒေတွေ ထုတ်ပြန်တယ်၊၊ မလိုက်နာနိုင်တော့ ကျူးလွန်ကြပေတယ်ပေါ့၊၊ ကျူးလွန်ပြန်တော့လဲ အပြစ်ရချင်မှ ရတာ၊၊ ဒီတော့ ကျူးလွန် မှန်းမသိ ကျူလွန်မိတယ် ဒကာကြီး၊၊ အနီးစပ်ဆုံး တို့ ရွာ ကိုသာကြည့်၊၊ တကယ်တော့ အုပ်ချုပ်သူတွေက အုပ်ချုပ်ခံတွေကို ဥပဒေပြင်ပရောက်အောင် နည်းအမျိုးမျိုးနဲ့  တွန်း ပို့ နေတာ၊၊ ဒါမှလဲ သူတို့ အုပ်ချုပ်ရလွယ်ပေမကိုး၊၊ မတရားတဲ့ဥပဒေ ထွက်လာလို့  မတရားပါဘူးလို့  ရဲရဲတင်းတင်း ပြောရဲ ဆိုရဲတဲ့သူ တို့ နိုင်ငံမှာ ရှိသေးရဲ့ လား၊၊ ကျုပ်တို့ ကိုယ်တိုင်က တရားဥပဒေတွေ ချိုးဖောက်မိတယ်လို့  အထင်ရောက်နေတော့ တော်ရုံ တန်ရုံ အဟိတ်အနေလေးနဲ့ တောင် ခံမပြောရဲတော့ဘူး ဒကာကြီး၊၊ အခုလိုဟာမျိုး တွေက သပွတ်အိုင်ရွာမှာတင်မဟုတ်ဘူး တနိုင်ငံလုံးလဲ သပွတ်အိုင်ရွာလိုဖြစ်နေတာ ၊၊အေ့း့  အေး ဒါတွေကို ကျော်လွှားနိုင်ဖို့ က ဘုရားရှေ့ပုဆစ်တုတ်နေလို့ မရဘူး၊၊ ကျုပ်တို့ ကိုယ်တိုင်ကျော်ဖြတ်ကြရလိမ့် မယ် ဒကာငြိမ်း”၊၊
တုံ့ ပြန် မှု ကင်းမဲ့စွာဖြင့် ဘကြီးငြိမ်း တိတ်ဆိတ်နေ၏၊၊
ဆရာတော်၏ သြဝါဒစကားများကို ဘကြီးငြိမ်း ကြားပါလေစ ၊၊
ပင်လယ်ပြင်ကို ဖြတ်ကျော်တိုက်ခတ်လာတဲ့ လေနုအေးလေး တွေက သပွတ်အိုင်ရွာထိပ် ဓနိတောကြီးကို တိုးခွေ့ ကျီစယ် နေလေရဲ့၊၊ လေကြမ်းတိုးမှ မြည်တတ်တဲ့ ရွာဦးစေတီ က ဆည်းလဲသံတွေလဲ အခုတော့ ဆိတ်သုဉ်းနေပြီလေ ၊၊ ရွာလယ်က ကုက္ကိုလ်ပင်ကြီးကို အမှီပြုပြီး တွယ်ဖက် နွယ်တက်နေတဲ့ သပွတ်ခါးခြုံကြီးမှာတော့ ခူးသူမဲ့ သပွတ်ခါးသီးတွေ သီးချင်တိုင်းသီး၊ ကြီးချင်တိုင်း ကြီးနေလိုက်ကြတာ သပွတ်အိုင် ရွာရဲ့  သရုပ်ကို ဖော်ထုတ်လို့ နေလေရဲ့ ၊၊
ကော့သား