Thursday, June 16, 2011
သပွတ်အိုင်
နဝမအကြိမ်မြောက် ကျေးရွာ ဥက္ကဌ ရွေးချယ်ပွဲ အတွက် သပွတ်အိုင် ရွာသားတို့ စိတ်စောနေကြ၏၊၊ သပွတ်အိုင်ရွာ ဆိုတာ နှယ်နှယ်ရရရွာမှ မဟုတ်တာ ၊၊ ဟိုးအရင် ကိုလိုနီခေတ်တုန်းက ကွမ်းခြံကုန်းဒိစတြိတ်အပိုင်ထဲက ရွာကြီးတစ်ရွာ ၊၊ အခုတော့ ကော့မှူး မြို့နယ် အပိုင်ဖြစ်သွားပြီ ၊၊ ရန်ကုန်မြစ်ကို မေးတင် တည်ထားတဲ့ ရွာဖြစ်တာကြောင့် တံငါလုပ်ငန်းနဲ့  လယ်လုပ်ငန်းကို အဓိထား အသက် မွေးဝမ်းကြောင်းပြုကြရတယ် ၊၊
    မှတ်ထားမိတာကတော့ လွန်ခဲ့တဲ့ အနှစ် နှစ်ဆယ်အတွင်းမှာ ကျေးရွာဥက္ကဌ(၁၂) ယောက်ပြောင်းသွားခဲ့ပြီ ၊၊ နဲသလား ၊၊ အများ ဆုံးခံ (၂) နှစ် ၊၊ တချို့ ဆို (၆) လ (၇) လ ၊၊ တချို့ က (၁)နှစ်လောက်ပဲ ခံကြတယ်၊၊ ရွာလူကြီးဆိုပြီး ထင်ရာဆိုင်း ထောင်ထောင်လုပ်လို့ ကတော့ သပွတ်အိုင်ရွာသားတွေ စုပေါင်းလက်မှတ်ထိုး တိုင်ပစ်တာ နိုင်ငံတော်အကြီးအကဲ အထိရောက်မယ်လို့ သာမှတ် ၊၊ ရောက်ဆို သပွတ်အိုင် ဆိုတာ သူရဲကောင်းစုစုနွေးတို့ ရွာနဲ့  တနယ်ထဲ ၊၊ ဘယ်ခေါင်းငုံ့ ခံလိမ့်မလဲ ၊၊ သူဦး သူဆော် ၊ ကိုယ်ဦး ကိုယ်ဆော်နဲ့ ရွာလူကြီးတွေ ပြောင်းပြောင်းသွားလိုက်ကြတာ အခု (၁၃) ယောက်မြောက် ဥက္ကဌ ရွေးတော့မှာ့ နဝမအကြိမ် နဲ့  (၁၃) ယောက်မြောက်ဖြစ်ရတာက  ဒီလို့ ၊၊
    လူသိရှင်ကြား အစည်းအဝေးလုပ်ပြီး အဆိုတင်သူကတင် ၊ ထောက်ခံသူက
ထောက်ခံနဲ့  လုပ်တာက (၉) ယောက် ၊၊ မြို့ နယ်ကနေ  တိုက်ရိုက်အမိန့် အာဏာနဲ့  ခန့် တာက
 (၃) ယောက် ၊၊ ဒါ့ကြောင့် (၉) ကြိမ်နဲ့  (၁၂) ယောက်ဖြစ်သွားရတာ ၊၊ အမိန့် နဲ့ တိုက်ရိုက်ခန့် လိုက်
တဲ့ ဥက္ကဌ တွေလဲကြာကြာ မခံလိုက်ဘူး၊၊ သပွတ်အိုင်ရွာ လူထုက ညီတယ် ၊၊ တဦးက
 ဦးဆောင်လိုက်ရင် တရွာလုံးပါလာတာ၊၊ အခုလဲ နဝမ အကြိမ်ရွေးကြပြန်ပြီ ၊၊ အရေးအကြောင်းဆို ရွာအရှေ့ ပိုင်းက စာသင်ကျောင်းကိုပဲ အားကိုးရတာ ၊၊ ကျောင်းပိတ်ထားတဲ့ ရာသီဆိုတော့  အစည်းအဝေးမှန်သမျှ အဲ့သည်မှာပဲ လုပ်ကြတယ်လေ ၊၊ ကျောင်းဖွင့်ထားတဲ့ ရာသီဆိုရင်တော့ တောင်ကျောင်းက ဥပုတ်ဇရပ်မှာ လုပ်ကြတယ်၊ ဒီတခါ ဥက္ကဌရာထူးအတွက် တစ်ပြေးနေတာ ကတော့ ရွာအရှေ့ ပိုင်း ကမ်းနားလမ်းမှာနေတဲ့ ဆံပင်ညှပ်ဆရာ ဦးဟန်ကြီးတဲ့ ၊၊ ကိုယ့်ထမင်း ကိုယ်စားပြီး အေးအေး ဆေးဆေးနေချင်တဲ့သူတွေ ၊ မပတ်သက်ချင်တဲ့သူတွေကတော့ ဥက္ကဌအဖြစ် အဆိုတင်သွင်း လိုက်တယ် ဆိုရင်ဘဲ အကြောက်အကန် ငြင်းတော့တာ ၊၊ လက်နှစ်ဘက်ထောင်ပြပြီ့း့ 
    “အမလေ့း့  မလုပ်လိုက်ပါနဲ့ ဗျာ့  အတော်ကြာ  ဟိုလူကြီးက ခေါ်ကျိမ်းလိုက် ဒီစစ်သားက ခေါ်ဆူ လိုက်နဲ့  ကျုပ်ဘာသာကျုပ် ရေခဲတုံးဖင်ခုပြီး ထမင်းကြမ်းခဲ ယက်ခတ်စားပါရစေဗျာ”လို့ အရွှန်းဖောက်ပြီး အစည်းဝေးမှာ ထပြောတော့ သပွတ်အိုင်ရွားသားတို့  တအုံးအုံးနဲ့ ပွဲကျသွားလေရဲ့၊ဒီတော့ သပွတ်အိုင်ရွာမှာ လူကြီးလုပ်မဲ့သူ ရှားရှား လာတယ် ၊၊ သူတို့ ရှေ့ ကလုပ်သွားတဲ့ ဥက္ကဌ တွေလဲ လူတောထဲ မတိုးရဲတဲ့ အထိ ငရုတ်သီးနဲ့ ပေါင်း ကြက်သွန်ပါ အထောင်းခံလိုက်တဲ့ ဘဝတွေပိုင်ဆိုင် သွားရပြီလေ ၊၊
    အရင်တုန်းကတော့ ငွေရေး ကြေးရေး ချောင်လည်တဲ့ သူတွေကို ဦးစားပေးရွေးခဲ့ပါတယ် ၊အစတော့ ဟုတ်မလိုနဲ့  နောက်ကျ တော့ “ရလေ လိုလေ အိုတစ္ဆြေွ” တွေဖြစ်လာတော့ ရွာကလက်မခံတဲ့အဆုံး ပြုတ်ကုန်တယ်၊၊ တခါ ဘွဲ့ ရပညာတတ် ရွာခံလူအချို့ ကို ဥက္ကဌ အဖြစ်ရွေးကြပြန်တယ်၊၊ ဘယ်ခံလိုက်မလဲ ၊၊ “အခွင့်အရေးမှန်သမျှ လက်မောင်းတဆုံးနှိုက်တဲ့” အကျင့်က မဖျောက်ဘူး၊၊ ပညာတတ် တိုင်း အသိတရားရှိတာမှ မဟုတ်တာ ၊၊ ပြီးခဲ့တဲ့ နှစ် နာဂစ်မုန်တိုင်း တိုက်တုန်းကပဲကြည့် ၊၊ အနယ်နယ်အရပ်ရပ်က အလှူရှင်တွေလာ ပြီး ပစ္စည်းတွေ လှူကြတယ်၊၊ ယုံကြည်လို့ ပုံပေးခဲ့တဲ့ပစ္စည်းတွေထဲက ကောင်းတာလေးတွေ ကို ဥက္ကဌ က ရွေးယူထားလိုက်တယ် ၊၊ ကျန်တာကို ခွဲပြန်တော့ လူတိုင်းမရပြန်ဘူး၊၊
    “နင်တို့ က ချမ်းသာတာပဲ ဒါ့ မရှိတဲ့ လူတွေကိုပေးဖို့ ” ဆိုပြီး လက်ဗလာနဲ့ ပြန်ခိုင်းလိုက်တယ်၊၊ ဒါကို မကျေနပ်တဲ့သူတွေထဲ မှာ ကမ်းနားပိုင်းက မိခိုင်နဲ့ မိနု တို့ က အဆိုးဆုံး၊၊ ပြီးတော့ ဥက္ကဌ ဆိုတာက ကျောင်းတက်တုန်းကတည်းက သူငယ်ချင်းတွေလေ၊၊ ဒီတော့ ဥက္ကဌ အိမ်ရှေ့ သွားပြီး “ ဒီမှာ့ ဥက္ကဌကြီးရဲ့  ရှင့်အဘ နာဂစ်က ပိုက်ဆံရှိတဲ့သူ မရှိတဲ့သူ ဆိုပြီး ရွေးတိုက် သွားတာမဟုတ်ဘူး၊၊ တရွာလုံး အတူတူခံရတာပါတော့့်  အခုဟာက ပိုက်ဆံရှိတိုင်းလဲ ဝယ်လို့ ချမ်းလို့ မရတာ အရပ်က အသိ့  ဒါကို ဒင်းက ကျုပ်တို့ ကို လိုချင်မျက်စေ့ရှိတယ် မရဘူး ဘာညာနဲ့ ပြောတော့ ဒင်းယူထားတဲ့ဟာတွေကို အခုလက်ညှိုးထိုးပြမယ့့်  အမလေး ကိုရွှေဥက္ကဌကြီးရဲ့ ” ဆိုပြီး အိမ်ရှေ့ လမ်းပေါ်ကနေ သွားချဲပစ်တာ၊၊ မကြာပါဘူ့း့  ဥက္ကဌ အိမ်နောက်ဖေး စပါးကျီထဲမှာ ဖွက်ထားတဲ့ ဘေထုပ်တွေ အရပ်က ဝိုင်းဖော်ပြီး ဖမ်းလို့  ဥက္ကဌ (၃) လလောက် အချုပ်ခံလိုက်ရသေး
တယ်။
    သည်ဟာတွေကို သင်ခန်းစာယူပြီး သပွတ်အိုင်ရွာသားတွေ ခေါင်းချင်းတိုက်ပြီး ဆွေးနွေးကြပြန်တယ်၊၊ အရင်ဟာတွေကတော့ သိပ်ဟန်မကျလှပေဘူ့း့  အခုနဝမအကြိမ်မှာတော့ ပိုက်ဆံမရှိရင်လဲနေပါစေ၊၊ ဘွဲ့ တွေ ဒီဂရီတွေ မရှိရင်လဲနေတော့၊၊ ရိုးသားပြီး သမာအာဇိဝနဲ့  အသက်မွေးတဲ့သူကို ရွေးဘို့  ဆုံးဖြတ်လိုက်ကြတယ်၊၊ နောက်ဆုံး ဇကာတင်ရွေးလိုက်တာကတော့ ရွာအရှေ့ ပိုင်းကမ်းနားလမ်း ထဲက ဆံပင်ညှပ်ဆရာ ဦးဟန်ကြီး ဖြစ်တယ်၊၊ ထုံးစံအတိုင်း အစည်းအဝေးမစခင်ကတည်းက အဆိုတင်သူနဲ့ ထောက်ခံသူ စည်းဝါး ကိုက်ထားပြီး လူကြားထဲ ချပြလိုက်တော့ နဝမအကြိမ်အစည်းအဝေးက (၁၃)ယောက်မြောက် သပွတ်အိုင် ဥက္ကဌ ဦးဟန်ကြီး ဖြစ်လာတယ်၊
    ဦးဟန်ကြီး ဆိုတာက သပွတ်အိုင်ရွာရဲ့  တစ်ဦးတည်းသော ဆံပင်ညှပ်ဆရာဖြစ်တယ်၊၊ ရင်းနှီးသူတွေကတော့ ဦးလေးဟန်လို့  ပဲ ခေါ်ကြတယ်၊၊ သူ့ မှာ ထွန်းငြိမ်း ဆိုတဲ့ လူပျိုသိုးကြီးအရွယ် သားတစ်ယောက်ရှိတယ်၊၊ သူကတော့ သူ့ အဖေနဲ့ မတူပြန်ဘူး၊၊ အရပ်တကာ လှဲ့ ပြီး အသံချဲ့ စက် အငှားလိုက်တယ် ၊၊ ဘုန်းကြီးပျံ တို့  မယ်တော်ပျံ တို့ ဆိုရင် တောဓလေ့ အရ လနဲ့ ချီထားတာ ဆိုတော့ သူ့ ကိုမငှားခင် ကတည်းက ကြိုရောက်နေပြီး သောင်တင်နေတော့တာပဲ၊၊ အခကြေးငွေ တိတိကျကျရယ်လဲမဟုတ်ပါဘူး၊၊ ပေးသလောက်ယူပြီး ထန်းရည် ဝိုင်းလေးဖွဲ့ နေရရင်တော်ပြီ ၊၊  သူ့ဝါသနာကိုး၊၊ ဦးလေးဟန်ရဲ့  မိန်းမ ဒေါ်နု ကတော့ ဘာအလုပ်မှ မလုပ်ပါဘူး ၊၊ ဒေါ်နုရဲ့ မိဘတွေ လက်ထက်ကတည်းကဆောက်ခဲ့တဲ့ (၂)ထပ်ပျဉ်ထောင်အိမ်ကြီးမှာ နေကြတာ၊၊ ရွာမှာတော့ ပြောစမှတ်တခုရှိတယ် ၊၊ “မောင်ဟန်တို့  လက်ကြော မတင်းပုံကတော့ ယောက်ခမအိမ် ပြိုကျတဲ့အထိနေတယ်” ဆိုတဲ့ စကားပါ၊၊ ဒါကိုပဲ ဦးလေးဟန်ကို ရိုးဂုဏ်တပ်ပြီး လူကြီးအဖြစ်ရွေး လိုက်တာပါ၊၊ အခုတော့ သပွတ်အိုင်ရွာ ဥက္ကဌ ဦးဟန်ကြီး ဖြစ်သွားပါပြီ၊၊
    အခုဆိုရင် သပွတ်အိုင်ရွာအိမ်တိုင်းနီးပါးမှာ ကာလသား၊ ကာလသမီးပစ္စည်း (အများပိုင်ပစ္စည်း) လေးတွေ တစ်ခုမဟုတ် တခု ရှိနေတတ်တယ်၊၊ သူတို့ အချင်းချင်းလဲသိနေကြတယ်၊၊ ဘယ်သူ့အလှူမှာ၊ ဘယ်သူက၊ ဘာတွေကို၊ ဘာနဲ့ ထဲ့သယ်သွားတယ် ဆိုတာအထိ သိနေကြတယ်၊
    “အမေ့  ဟိုမှာ ဦးမျိုးကြီး ဆွဲသွားတဲ့ချိုင့် လေးဘေးမှာ က့ လ့ သ လို့ ရေးထားတယ်တော့”
    “အမလေ့း့  ညီးကသာပြောနေ့  ညီးလဲ အလှူတုန်းက ကျန်ခဲ့တဲ့ ကွမ်းအစ်ကို အခုထိပြန်မအပ်သေးဘူး”
    “ဟာ့  အမေကလဲ သူများတွေလဲ ယူထားကြတာပဲ ဟာကို့  ”
    “အေ့း့ အေ့း့  ကောင်းတယ် ၊၊ ညီးအဖေကတောင် အသွားအပ်ခိုင်းနေတာ ၊၊ မြန်မြန်သွားအပ်လိုက်ပါအေ”
    သည်ကိစ္စနဲ့ ပတ်သက်ပြီး တချို့ က ဥက္ကဌဦးလေးဟန်ကို ပြောပြပေမဲ့ သူ့ ရဲ့ လက်သုံး စကာကတော့ 
    “ဟ့  ထားလိုက်ပါဟာ ၊၊ ငါ အဆင်ပြေတဲ့ အခါကျရင် အသစ်ပြန်ဝယ်ထဲ့ပါ့မယ် ၊၊ ပြည်သူပိုင်ပစ္စည်းဆိုတာ တို့ ပိုင်တဲ့ ပစ္စည်း ပဲပေါ့  အလကားနေ အဘိစ္ဆြွာများမနေပါနဲ့ ကွာ၊၊ မင်းလဲ ပိုင်တယ့့်  သူလဲပိုင်တာပဲ ၊၊ လိုချင်လို့ယူတာ နေပါစေကွာ”တဲ့၊၊
     ဥက္ကဌ သိအောင်တိုးတိုးလာပြောတဲ့သူလဲ မသိမသာ ကျေနပ်လိုက်ရတယ် ၊၊ စိတ်ထဲမှာတော့ 
    “အင့်း့  ငါ့ချွေးမ မွေးလို့  ကလေးခေါင်းဆေးလုပ်ရင်တော့ တွေ့ ကြသေးတာပေါ့ ”  လို့ စိတ်ထဲမှာ ကျိန်းဝါးရင်း ပြန်သွားရတယ်၊၊
    အရင် ဥက္ကဌတွေလက်ထက်တုန်းက ရွာမှာ ချဲထီနဲ့ နှစ်လုံးထီ ကိုင်ထဲ့ ဒိုင်ဆိုတာမရှိဘူး၊၊ အရောင်းစာရေးလေးတွေ တော့ရှိတယ်၊  ရဲကင်းနဲ့ ရွာလူကြီးအဖွဲ့ ကို လစဉ်အလှူငွေထဲ့ပြီး တိုးတိုးတိတ်တိတ်နဲ့ ရောင်းနေကြတာ၊၊ ဥက္ကဌဦးလေးဟန်ကတော့ သူ့ ကိုငွေလာပေးလဲ မယူဘူး၊၊ ဘာတခွန်းမှလဲ ဝင်မပြောဘူး၊၊ သူနေတတ်သလိုပဲနေတယ်၊၊ သူပြောတာက့ 
    “ အေ့း့  ဒီအလုပ်တွေက လောင်းကစားမှုမြောက်တယ်လို့  ကြားဖူးတာပဲ ၊၊ ကြည့်လုပ်ကြပေါ့ကွာ၊၊ ပြဿနာဖြစ်လာရင်တော့ ငါ့ကိုဆွဲမထဲ့နဲ့ ၊၊ ကိုယ်ဖြစ် ကိုယ်ခံပဲဟေ့” ဟု လေပြေလေးဖြင့် ပြောတတ်တယ်၊ ၊အခုတော့ သပွတ်အိုင်ရွာမှာတင် ဒိုင်ကြီး (၂) ဒိုင် တောင်ရှိလာပြီ၊ရွာတောင်ပိုင်း ဦးဇော်ကြီး ဒိုင် နဲ့  ရွာမြောက်ပိုင်း ဦးမိုးနိုင်ဒိုင်တဲ့၊၊ သူတို့ ကလဲ တရားမဝင်လုပ်နေရလို့ သာ ၊၊ သူ့ ထက် ငါ အပြိုင်အဆိုင်၊ဥက္ကဌ အားကိုးလဲပါတာပေါ့၊၊ ဦးမိုးနိုင်ဒိုင် က ဘယ်လောက်တောင် အကွက်မြင်သလဲဆိုရင် ဘုန်းကြီး လှူတဲ့ထဲမှာတောင် (၂) လုံးထီကို ထဲ့လှူတာ၊၊ လှူတာဆိုတော့ ဘုန်းဘုန်းတွေလဲ လက်ခံရတာပေါ့ ၊၊
    ဥက္ကဌ ဦးလေးဟန် က စာတတ်ပေတတ်မဟုတ်ပေမဲ့ ဖြတ်ထိုးဥာဏ်တော့ ကောင်းတယ်  ၊၊ အရင် ဥက္ကဌတွေ ပြဿနာဖြစ် ပြုတ်ကုန်တာတွေကို သူသင်ခန်းစာယူထားတယ်၊၊ သူ့ လက်ထက်မှာ အဲဒါမျိုးတွေ ထပ်မဖြစ်အောင် ရှောင်တယ်၊၊ လယ်သမား၊ တံငါတွေ ကိုလဲပစ်မထားဘူး၊၊ လယ်ယာမြေဆိုတာ တရားဝင်အရောင်းအဝယ် လုပ်လို့ မရဘူး၊၊ နားလည်မှုနဲ့ လုပ်ရတာ ၊၊ အရင်လူကြီးတွေတုန်းက အဲ့ဒီတရားမဝင်ဘူးဆိုတာကို အကြောင်းပြပြီး လယ်တစ်ဧကကို ဘယ်လောက်ဆိုပြီး တောင်းကြတယ်၊၊ ရောင်းသူ ၊ ဝယ်သူမှာပါ ဥပဒေနဲ့မလွတ်ကင်းဘူး၊၊ ဦးလေးဟန် ကတော့ ဘယ်သူ့ ဆီကမှ တပြားတချပ်မှမယူဘူး၊၊ ဒါမျိုးတွေ ကြုံလာရင်လဲ“သွာ့း့ သွာ့း့  ငါက လယ်သမားမဟုတ်တော့ သိပ်မသိဘူး၊၊ ရောင်းသူ ဝယ်သူအဆင်ပြေရင်ပြီးရော့  စာရေးကြီး  နဲ့ ညှိလုပ်လိုက်ကြ ”ဟု ဆိုကာ ခေါင်းရှောင်လိုက်တယ်၊၊ ဥက္ကဌ က ခေါင်းရှောင်လိုက်တော့ စာရေးကြီး ထွန်းထွန်းဝင်း အကွက်ကျတာပေါ့ ၊၊ နှစ်ဘက်လုံးဆီက ရတဲ့လက်ဘက် ရည်ဖိုးက သူ့ လစာထက် များလာတယ်၊၊ အရင်ဥက္ကဌ တွေတုန်းက မိုးဦးကျကာစ တစ်လကို မြစ်ထဲ ငါးဖမ်းခွင့်ပိတ်ပေမဲ့ သူ့လက်ထက် မှာ တော့ မသိချင်ယောင်ဆောင်နေလိုက်တယ်၊၊ ငါးတွေ ဥချတဲ့အချိန် မဖမ်းဘို့  အစိုးရကိုယ်တိုင်က ဥပဒေထုတ်ထားပေမဲ့ ဦးလေးဟန်က  တာမြစ်ခြင်းမရှိတော့ တံငါတွေကလည်း သူ့ ကိုကျေဇူးတင်ကြတယ်၊၊ သပွတ်အိုင်မှာ တာဝန်ကျတဲ့ ဆရာတွေ ဆရာမတွေကလည်း ပညာတတ် တွေဆိုပေမဲ့ ဥက္ကဌကြီး ဦးလေးဟန်ကို ကလန်ကဆန် မလုပ်ကြဘူး၊၊ သူတို့ လစာနဲ့ မလောက်လို့  အပိုဝင်ငွေလေးရအောင် ကျူရှင်သင်တာ  ဥပဒေနဲ့ ငြိစွန်းပေမဲ့ ဦးလေးဟန် က တာမြစ်ပိတ်ပင်တာ မရှိတော့ လွတ်လပ်ကြတယ်၊၊
    ဒီလိုနဲ့ သပွတ်အိုင်ရွာမှာ သက်တမ်းအရှည်ဆုံး ဥက္ကဌကြီးအဖြစ်နဲ့  (၂) နှစ်ကျော် လို့  (၃) နှစ်ထဲ တောင် ဝင်လာပြီ၊၊ တနေ့ တော့  
    “ဘကြီး ငြိမ်း ရေ့  ဘကြီး ငြိမ်း”
    “ဘာလဲဟ့ မောင်ညို ရ့  မင်းဟာက ရေးကြီးထိတ်ဖြာ ဖြစ်လိုက်တာ့  ဒါ့ ကြောင့် မင်းခေါင်းအမွှေးတစ်ပင်မှ မပေါက်တာ”
    “ဟာ့  ဘကြီးငြိမ်း ကလဲ အရေးအကြောင်းဆို ကျနော့်ခေါင်းပဲ ခလုတ်တိုက်နေတာ့  အခု ကမ်းနားဆိပ်မှာ ရန်ကုန်က လာတဲ့ မော်တော်ကပ်တော့ ရန်ကုန်လမ်းမတော်က ငါးဒိုင်ပိုင်ရှင် တရုတ်ကြီးတွေ ငါးယောက် ပါလာတယ်”
    “အမလေး မောင်ညိုရယ် တရုတ်တွေ ပါတာ အထူးအဆန်လုပ်လို့  လမ်းမတော်ဆိုတာ တရုတ်တွေပိုင်တာဘဲ၊၊ အဲဒီမှာ ဒို့ ဗမာ တွေက ကူလီလုပ်နေရတာ ဗျာ့”
    မောင်ညိုက သူ့ ခေါင်းကို လက်ဖြင့် ပွတ်ရင့့် 
    “သူတို့ နဲ့ အတူ ပိုက်ဆံတွေ ဆာလာအိတ်ကြီးနဲ့  ၂ လုံးတောင်ပါလာတယ် ၊၊ ကျနော် နဲ့  အံ့မော် (၂)ယောက် တစ်ယောက် တစ်အိတ်ထမ်းပြီး ဥက္ကဌဦးလေးဟန်တို့ အိမ်ကို ပို့ ပေးခဲ့တာ ၊၊ တရုတ်ကြီးတွေက ကျနော်တို့ ကို ကူလီခ တစ်ယောက် တစ်ထောင်စီတောင် ပေးလိုက်သေးတယ့့်   ဒီမှာတွေ့ လား ” ဟုဆိုရင်း အသစ်ချပ်ချွတ် တစ်ထောင်တန်ကို ထောင်ပြလိုက်တယ်၊၊ အကျိုးအကြောင်း မရေမရာ ဖြစ်နေစဉ် ဘကြီးငြိမ်ခြံထဲကို ဦးလေးကြည်တိုး ဝင်လာတယ်၊၊
    “ဟ့  အညို မင်းက ငါ့ ထက် သတင်းဦးအောင် လာပေးတယ်ပေါ့”
    အညိုကပြန်မဖြေဘဲ ပြုံးပြလိုက်တယ်၊၊ အကြောင်းစုံကို ဘကြီးငြိမ်း က မေးတော့ 
    “ဟုတ်တယ် ဘကြီးငြိမ်းရေ့  ကျနော်မနေ့ က သောက်တာ နည်းနည်းမူးပြီး ရန်ဖြစ်လို့  ဥက္ကဌ ကခေါ်တွေ့ တာနဲ့ သွားတာ၊၊ ဘာ မှတောင်မပြောရသေးဘူး၊၊ တရုတ်ကြီးငါးယောက် ရောက်လာတယ် ၊၊ ဥက္ကဌကြီးလဲ အိမ်နောက်ဖေးထွက်ပြီး ကမ်းစပ်က ဓနိတော လက်ညှိုးထိုးပြနေတာ တွေ့ တယ်၊၊ သူ့ မိန်းမ မမနု က ကျနော့်ကိုပြောတယ်၊၊ ဒို့ ပိုင်တဲ့ နောက်ဖေးကမ်းစပ်က ဓနိတောကို သိန်း ၅ဝဝ နဲ့ ရောင်းလိုက်တာတဲ့ ၊၊ သူ တို့ က ပုဇွန်မွေးမှာတဲ့ ၊၊ ကျနော်လဲ ဘာပြန်ပြောရမှန်းတောင် မသိဖြစ်သွားတယ်ဗျာ၊၊ မနေ့ ကသောက်ထား  တဲ့ အရှိန်လေးတောင် ပြေသွားတယ့့်  ”  မျက်နှာကို လက်ဖြင့်ပွတ်ရင်း ပြောလိုက်တယ်၊၊
    “ ဟေ့  ဟုတ်လား ၊၊ သူ ကဘာပိုင်လို့ ရောင်းရတာလဲ၊၊ မင်းတို့ မမွေးခင်ကတည်းက ဒီဓနိတောကြီး လူတိုင်းဝင်ခုတ်နေတာ ဘယ်သူပိုင်တယ်လို့ လဲ တခါမှ မကြားဘူးပေါင်ဗျာ၊၊ ခုတ်လေဓနိပင်တွေ ပေါက်လေနဲ့  တရွာလုံး ဘယ်သူများ ဓနိတဖျစ် ဝယ်မိုးရလို့ တုန်း၊ အခုကျမှ ဒင်းက မောင်ပိုင်စီးပြီး လုပ်လို့ ခံမယ့်ကောင်များမှတ်နေလာ့း့ သိန်း ၅ဝဝ နဲနဲနောနောလာ့း့     အိပ်မက်ထဲမှာတောင် မမြင်ဖူး ဘူး ၊၊ အေ့း့  ညနေ အထိစောင့်ကြည့်မယ့့် ဒီသတင်းငြိမ်သွားပြီ ဆိုရင် တော့ ညကျရင် ငါနဲ့ တွေ့ ပြီလို့ တာမှတ့့်  တောက့့်  ရာရာ စစကွာ့  ” အနားတွင်ရှိသော ဘကြီးငြိမ်းဇနီး ဘွားလေးမှုံ က့ 
    “ရှင့်မှာလဲ ချဲဂဏန်းထွက်တာ ကြနေတာပဲ့  ငြိမ်အောင် ညက်အောင်စောင့်ရအုံးမယ်တဲ့ အခုဟာ ရှင့်ရှေ့ မှာပြောနေတာ၊အခုဖြစ်နေတာ က ရွာအရှေ့ ပိုင်းမှာ ၊၊ ဒီ့ထက်သေချာ တာတော့ မရှိဘူး၊၊ တကယ်တဲ  နေ့ ရွေ့ ၊ ညရွေ့ နဲ့  အခွင့်ကောင်းရင်မြေတိုင်းနေတာနဲ့ အခုတော့ သူများက ရောင်းစားသွားပြီ ”
    လမ်းမတော်က တရုတ်တွေ မော်တော်ငှားပြီး ပြန်သွားပြီလို့ သတင်းရတာနဲ့  ဘကြီးငြိမ်းလဲ သဘက်လေး ပုခုံးပေါ်တင်ပြီး ရွာအရှေ့ ပိုင်း ကမ်းနားလမ်းကိုထွက်လာခဲ့တယ်၊၊ အိမ်ရှေ့ ရောက်တယ် ဆိုရင်ဘဲ ဥက္ကဌဦးလေးဟန်ရဲ့ အသံထွက်လာတယ်၊၊
    “လာ့  ဘကြီးငြိမ်းလာ့  အိမ်ထဲကိုကြွပါ့  ဆံပင်ညှပ်ရအောင်လာခဲ့တာလား ခင်ဗျ”
    “အေ့း့  အေ့း့  ဟုတ်ဘူးကွ ၊၊ သတင်းရလို့  လာခဲ့တာပဲ ၊၊ နောက်ဖေးက ဓနိတော သိန်း ၅ဝဝ နဲ့  ရောင်းလိုက်တယ် ဆို”
    “သြော့့်  ဘကြီးငြိမ်းရေ ကျနော်လဲ မရောင်းချင်သေးပါဘူး ၊၊ ဒါပေမဲ့ နှစ်ရှည်မထား နိုင်လို့နှမျောမျောနဲ့ ပဲရောင်းလိုက်ရတာပါဗျာ”
    “ဟ့  နေပါအုံး မောင်ရင်ရဲ့  ဒီမြစ်ကမ်းစပ်ဓနိတောက ဘယ်သူပိုင်လို့  မောင်ရင်က ရောင်းလိုက်ရတာတုန်း ၊၊ ဒီတော ဟာ ငါတို့ ငယ်ငယ် မင်းယောက္ခမကြီးတွေနဲ့ အတူတူ ဓနိခုတ် ငါးရှာ ၊ ဖားရှာနဲ့ လုပ်လာတာပါ၊၊ ဦးပိုင်ဆိုတာမရှိဘူး၊၊ ဒါရွာမြေပဲ ၊၊ မောင်ရင် သဘော နဲ့ မောင်ရင် ရောင်းတယ်ဆိုရင်တော့ အလွဲသုံးစားမှုနဲ့  ကျုပ်တို့ ရွာက စုပြီး တရားစွဲရလိမ့်မယ့့်  သပွတ်အိုင်ရွာအကြောင်းလဲ မောင်ရင် ကောင်းကောင်းသိပါတယ်နော့”
    ဦးလေးဟန်က အပြုံးမပျက် ခပ်အုပ်အုပ်လေသံနဲ့ 
    “ဘကြီးငြိမ်းရယ့့်  သေချာလဲစဉ်းစားပါအုံး ၊၊ အလွဲသုံးစားမှုနဲ့ တရွာလုံးကို တရားစွဲရမဲ့ကောင် က ဒီကောင်ကြီးပါဗျ ၊၊ ဟော့ဒီ ကောင်ကြီးပါ၊၊ ကျနော်တိုင်လိုက်ရင် တရွာလုံး ထောင်ကျ တန်းကျတွေဖြစ်ကုန်မှာဆိုးလို့  နေတတ်သလိုနေခဲ့တာ့  နောက်ဆုံး ကုန် ကုန်ပြောလိုက်မယ် ဘုန်းကြီးတောင်မကျန်ဘူး”
    “ဟ့  တယ်လဲဟုတ်ပါလာ့း့  မောင်ရင်က တရွာလုံး ဘုန်းကြီးပါ မကျန်တရားစွဲလို့ ရတယ်ဆိုတော့  အေးကွာ့  တရွာ လုံးအသာထားအုံး မောင်ရင်က ကျုပ်ကို ဘာအမှုနဲ့ များ တရားစွဲမလို့ တုန်း”
    “ဒီလိုမေးတော့လဲ ထဲ့တိုးဘဲဖြေလိုက်တော့မယ် ၊၊ ဘကြီးငြိမ်းအလှူမှာ ဘုန်းကြီးတွေကို (၂) လုံးထီထိုးပြီး လက်မှတ်တွေကပ်တာ ဥပဒေဘောင်နဲ့ လွတ်မယ်များထင်နေသလား၊၊ အဲဒါ လောင်းကစားမှုမြောက်တယ်၊၊ အနည်းဆုံးထောင် (၃) နှစ်အထိချလို့ ရတယ်၊၊ နောက် ပြည်သူပိုင်ပစ္စည်းဆိုတာသိလား၊၊ အခုဘကြီးငြိမ်းအိမ်မှာ တည်ထားတဲ့ ကွမ်းအစ်က အများပိုင်ပစ္စည်း၊၊ အဲဒီလို အများပိုင်ပစ္စည်းကို ယူသုံး ပြီး ခုထိပြန်မအပ်တာ ခိုးမှုမြောက်တယ် ၊၊ ပြည်သူပိုင်ပစ္စည်းဆိုတာ နေ့ မပြောနဲ့ ညဘက်လမ်းမှာတွေ့ ရင်တောင် သက်ဆိုင် ရာကို ချက်ချင်းအပ်ရတယ်၊၊ လက်ထဲမှာ ထားရင် ခိုးမှု ၊ မသင်္ကာမှုတွေနဲ့ ရဲက ဖမ်းချုပ်ထားလို့ ရတယ် သိလား ဘကြီးငြိမ်း၊၊ နိုင်ငံတော်က ထုတ်ပြန်ထားတဲ့ ဥပဒေတွေကို မလေ့လာဘဲ ကျနော်ကို အခုလိုစွတ်ဆွဲနေတာ အသရေပျက်မှု ၊ ပိုင်နက်ကျူးလွန်မှုနဲ့  အခုချက်ချင်း ဖမ်း ချုပ်လိုက်လို့ ရတယ်ဆိုတာ မမေ့ပါနဲ့ ”
    “ဟေ့  ဟုတ်လာ့း့  မောင်ရင်တို့ ဥပဒေ တွေ ဘာတွေဆိုတာက တနိုင်ငံလုံးဘယ်သူမှ မလိုက်နာနိုင်တာတွေထုတ်ပြီး  အခွင့် ကြုံတော့ ဒီဟာတွေနဲ့ ကိုင်ကိုင်ပေါက်နေပါလားကွ၊၊ ဟေ့  နေပါအုံး မောင်ရင်ရဲ့ ၊၊ ကျုပ်အိမ်မှာ ရှိတဲ့ ဘာမှမတန်တဲ့ ကွမ်းအစ်ကြတော့ ပြည်သူပိုင် ပစ္စည်း လေးဘာလေးနဲ့  မောင်ရင် လက်ညှိုးထိုးရောင်းစားလိုက်တဲ့ ဟောဒီ ငါတို့ အဖိုး အဘွားပိုင် ဒီတောကြီးနဲ့ နှိုင်းတော့ ရာဇဝင်များရိုင်းရာမကျပေဘူးလာ့း့  လူပုံအလယ်မှာ ချပြကြည့်ပါအုံး  မောင်ရင်ရဲ့ ”
    “ဒီမှာ ဘကြီးငြိမ်း သပွတ်အိုင်ရွာမှာ ကျနော်ချပြရမယ့်သူ တစ်ယောက်မှ မရှိဘူး၊၊ တရွာလုံး ဥပဒေနဲ့ မလွတ်ကင်းတဲ့ (၂)လုံးထီ ချဲထီ တွေလုပ်ကြတယ်၊၊ ဒါတင်မကသေးဘူး ကာလသား၊ ကာလသမီးပိုင်ပစ္စည်တွေ အိမ်တိုင်းလိုလိုမှာရှိနေတယ်၊၊ ကျောင်းဆရာတွေက ဥပဒေနဲ့ မလွတ်ကင်းတဲ့ ကျူရှင်သင်တယ်၊၊ တံငါတွေက နိုင်ငံတော်က ထုတ်ပြန်ထားတဲ့ တားမြစ်မိန့် တွေကို ချိုးဖောက်ကြတယ်၊လယ် သမားတွေက လယ်ယာဥဒေတွေကို မလိုက်နာကြဘူး၊၊ ရွာစာရေး နိုင်ငံ့ဝန်ထမ်းက လာဒ်စားတယ်၊၊အကုန်လုံး တအိအိနဲ့  တရားဥပဒေ အပြင်ဘက်ကို ရောက်နေကြတာ ဘကြီးငြိမ်း သိလား၊၊ ဒီလို ဥပဒေအပြင်ဘက်က လူတွေက ကျနော်လို ဥပဒေဘောင်အတွင်းက လူကို စိန်ခေါ်လို့ကတော့ ခါးတောင်းမကြိုက်ဘူး ဒီအတိုင်း လိုက်ခဲ့မယ် သိလား၊၊ ဒီမှာကြည့် လွန်ခဲ့တဲ့  (၂) နှစ်ကတည်းက ဒီတောကြီးကို ကျနော်အခွန်ဆောင်လာခဲ့တာ၊၊ ဒီမှာ ကျနော့် နာမည်နဲ့ မြေစာရင်းဌာနက ထုတ်ပေးထားတဲ့ ပြေစာ့  ” ဘကြီးငြိမ်းဆိုတာကလည်း နှယ်နှယ်ရရမှာ မဟုတ်တာ ၊၊ ဦးလေးဟန် ထုတ်ပြတဲ့ စာရွက်ကို သေချာယူကြည့်တာပေါ့ ၊၊ ဦးပိုင်အမည်မှာတော့ ဦးဟန်ကြီး ၊၊ အမျိုးအစား ဆိုတဲ့နေရာမှာတော့ ဓနိတောတဲ့ ၊၊ နှစ်စဉ် အခွန် တော်ငွေ နေရာမှာတော့ ၁၅ဝဝ ကျပ်တဲ့  ဘကြီးငြိမ်း မျက်လုံးထဲ မီးဝင်းဝင်း တောက်သွားတယ်၊၊
    “ထွီ့  ပါးစပ်သနလိုက်တာ ဟန်ကြီးရာ့  မင်းက ငွေလေး ၃ဝဝဝ ဆောင်ပြီး လူ့ ပါစပ်က ခွေးစကားတွေ ထွက်နေတာ သနတယ်ဟေ့  ၊၊ သနတယ် ၊၊ အခုခေတ်သူတောင်းစားပေးရင်တောင် ထောင်တန်ပေးရတယ်၊၊ အကြွေရှားလို့ ကွသိလား၊၊ ထွီ့ မင်းလိုကောင်မျိုး က ရာရာစစကွာ တောက်”ဘကြီးငြိမ်းတောက်ခေါက်ပြီး အိမ်ပေါ်ကဆင်းလာခဲ့တယ်၊၊ ရင်ထဲက ဒေါသအပူက ဘကြီးငြိမ်း မျက်နှာမှာ အထင်းသားပေါ်နေတယ်၊၊ အိမ်မပြန်ချင်သေးတာနဲ့  ကမ်းနားတန်းထဲက အရှေ့ကျောင်း ဆရာတော်ဆီသွားဖို့  ခြေဦးတည့်လိုက်တယ်၊၊ ကျောင်းမုဒ်ဦးဝရောက်တယ်ဆိုရင်ဘဲ့  ကျောင်းထဲက ထွက်လာတဲ့ ချဲအရောင်းစာရေးဗညား က့ 
    “ဟာ့  ဘကြီးငြိမ့်း့  ဝမ်းသာစရာပဲဗျို့ ဘကြီးငြိမ်းအလှူမှာ လှူလိုက်တဲ့ (၂)လုံးထီပေါက်လို့ အခုလေးတင်ပဲ ဆရာတော် ဆီ ဝတ္တုငွေ ၃သောင်း လာကပ်ပြီး အပြန် ဘကြီးတို့အိမ် လှည့်ဝင်မလို့ ဗျ့  ဟဲ့ ဟဲ့  ကျနော့်လဲ လက်ဘက်ရည်ဖိုးလေး ဘားလေး ဆုချဦးနော့”
    “အေ့း့  ချမယ့့်  ချမယ့့် ” ဆိုပြီး လုံချည်လှန်ပြဟန် လုပ်လိုက်တော့ ဗညား ခမျာ ကိုင်ထားတဲ့ ဖိနပ်လေးကို ပစ်ချပြီး ပြေးပါလေရော၊၊
    ကျောင်းပေါ်တက်သွားပြီး ဆရာတော်အား ဦးသုံးကြိမ် ပုစိန်ပေါက်ဦးချလိုက်တယ်၊၊ ဆရာတော်ရှေ့ မှာတော့ ငွေထုပ်ကလေးက ပုံမပျက်၊၊ ဘကြီးငြိမ်းက သူနဲ့  ဥက္ကဌဟန်ကြီးတို့  ပြောဆိုခဲ့တာတွေကို အစအဆုံး ဆရာတော်ကို လျှောက်ထားလိုက်တယ်၊၊
    “့   ဘုန်းကြီးတောင် မကျန်ဘူးတဲ့ ဘုရား ”
    “အေ့း့ အေ့း့  ဒုက္ခ့ ဒုက္ခ့  ရှိစေတော့ ဒကာငြိမ့်း့  သူ့ ခေတ်နဲ့ သူ့ အခါ ကြုံရပေတယ် ဒကာကြီး၊၊  ကျုပ်တို့ အပါအဝင် လူတွေကို မလိုက်နာနိုင်တဲ့ အမိန့် ဥပဒေတွေ ထုတ်ပြန်တယ်၊၊ မလိုက်နာနိုင်တော့ ကျူးလွန်ကြပေတယ်ပေါ့၊၊ ကျူးလွန်ပြန်တော့လဲ အပြစ်ရချင်မှ ရတာ၊၊ ဒီတော့ ကျူးလွန် မှန်းမသိ ကျူလွန်မိတယ် ဒကာကြီး၊၊ အနီးစပ်ဆုံး တို့ ရွာ ကိုသာကြည့်၊၊ တကယ်တော့ အုပ်ချုပ်သူတွေက အုပ်ချုပ်ခံတွေကို ဥပဒေပြင်ပရောက်အောင် နည်းအမျိုးမျိုးနဲ့  တွန်း ပို့ နေတာ၊၊ ဒါမှလဲ သူတို့ အုပ်ချုပ်ရလွယ်ပေမကိုး၊၊ မတရားတဲ့ဥပဒေ ထွက်လာလို့  မတရားပါဘူးလို့  ရဲရဲတင်းတင်း ပြောရဲ ဆိုရဲတဲ့သူ တို့ နိုင်ငံမှာ ရှိသေးရဲ့ လား၊၊ ကျုပ်တို့ ကိုယ်တိုင်က တရားဥပဒေတွေ ချိုးဖောက်မိတယ်လို့  အထင်ရောက်နေတော့ တော်ရုံ တန်ရုံ အဟိတ်အနေလေးနဲ့ တောင် ခံမပြောရဲတော့ဘူး ဒကာကြီး၊၊ အခုလိုဟာမျိုး တွေက သပွတ်အိုင်ရွာမှာတင်မဟုတ်ဘူး တနိုင်ငံလုံးလဲ သပွတ်အိုင်ရွာလိုဖြစ်နေတာ ၊၊အေ့း့  အေး ဒါတွေကို ကျော်လွှားနိုင်ဖို့ က ဘုရားရှေ့ပုဆစ်တုတ်နေလို့ မရဘူး၊၊ ကျုပ်တို့ ကိုယ်တိုင်ကျော်ဖြတ်ကြရလိမ့် မယ် ဒကာငြိမ်း”၊၊
    တုံ့ ပြန် မှု ကင်းမဲ့စွာဖြင့် ဘကြီးငြိမ်း တိတ်ဆိတ်နေ၏၊၊
    ဆရာတော်၏ သြဝါဒစကားများကို ဘကြီးငြိမ်း ကြားပါလေစ ၊၊
     ပင်လယ်ပြင်ကို ဖြတ်ကျော်တိုက်ခတ်လာတဲ့ လေနုအေးလေး တွေက သပွတ်အိုင်ရွာထိပ် ဓနိတောကြီးကို တိုးခွေ့ ကျီစယ် နေလေရဲ့၊၊ လေကြမ်းတိုးမှ မြည်တတ်တဲ့ ရွာဦးစေတီ က ဆည်းလဲသံတွေလဲ  အခုတော့ ဆိတ်သုဉ်းနေပြီလေ ၊၊ ရွာလယ်က ကုက္ကိုလ်ပင်ကြီးကို  အမှီပြုပြီး တွယ်ဖက် နွယ်တက်နေတဲ့ သပွတ်ခါးခြုံကြီးမှာတော့ ခူးသူမဲ့ သပွတ်ခါးသီးတွေ သီးချင်တိုင်းသီး၊ ကြီးချင်တိုင်း ကြီးနေလိုက်ကြတာ သပွတ်အိုင် ရွာရဲ့  သရုပ်ကို ဖော်ထုတ်လို့ နေလေရဲ့ ၊၊
    ကော့သား                           
No comments:
Post a Comment